227 အဖြစ်ဆိုးနဲ့ပတ်သက်ပြီး တစ်နှစ်ပြည့်တဲ့နေ့မှာ ပေါ်ထွက်လာခဲ့တဲ့ Xiao Zhan ရဲ့ စကားသံ

2020/02/27 ရက်နေ့မှာ ဖြစ်ပွါးခဲ့တဲ့ 2/27 ဖြစ်ရပ် ဆိုတာကတော့ Xiao Zhan နဲ့ သူ့ကိုချစ်ရတဲ့ ပရိသတ်တွေအားလုံးအတွက် အတိတ်ဆိုး ဖြစ်ရပ်ဖြစ်ပွါးခဲ့တဲ့နေ့ပါပဲ။ ယနေ့ဟာတော့ ဒီအဖြစ်အပျက် ဖြစ်ခဲ့တဲ့ တစ်နှစ်ပြည့် ဖြစ်တဲ့အတွက် Xiao Zhan ကို ချစ်တဲ့ ပရိသတ်တွေဟာ အနည်းနဲ့ အများတော့ စိုးရိမ်တုန်လှုပ်နေကြတာပါ။ ဒီလိုနေ့မျိုးမှာပဲ Xiao Zhan ဟာ သူကိုယ်တိုင်ပဲ သူ့ရဲ့ Weibo မှတစ်ဆင့် ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ရှည်လျားတဲ့ စာနဲ့အတူ ပရိသတ်တွေကို ဖွင့်ဟခဲ့ပါတယ်။

Xiao Zhan ရဲ့ စာမှာတော့ “ကျွန်တော်ဒီနေ့ အားလုံးကို ပြောစရာတွေရှိပါတယ်။ ဘယ်လို ပြောပြရမလဲ နည်းလမ်းပေါင်းစုံကနေ စဉ်းစားခဲ့ပေမယ့် ကျွန်တော် ပီးခဲ့နှစ်မှာ ဘယ်လို ခံစားခဲ့ရပီး ဘယ်လိုတွေ တွေးတော ဆုံးဖြတ်ခဲ့လဲဆိုတာကို အရိုးရှင်းဆုံး နည်းနဲ့ပဲ ဖော်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဒီအတွေးတွေဟာ ဘာကိုမှ ပြောင်းလဲဆုံးဖြတ်ပေးနိုင်မှာ မဟုတ်တောင် ကျွန်တော် ဒီနေ့မှာတော့ အားလုံးကို ထုတ်ဖော်ပြောပြလိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီအချိန်မှာပါ။ အရာအားလုံးဟာ မြန်မြန်ဆန်ဆန်ကြီး ဖြစ်သွားခဲ့တယ်။ ကျွန်တော့ကို ရုတ်တစ်ရပ် လွင့်စင်သွားစေခဲ့တဲ့ ပေါက်ကွဲမှုလိုပါပဲ။ အဆုံးမသတ်နဲ့ ဖုန်းခေါ်သံတွေ၊ မရပ်တန့်နိုင်တဲ့Wechat notifications တွေနဲ့ အားလုံးရဲ့ ထင်မြင်ချက်တွေနဲ့ ဆွေးနွေးမှုတွေကလည်း ကျွန်တော့ အကြောင်းတွေ ချည်းပါပဲ။

ကျွန်တော် အဲ့အချိန်က ထုတ်ဖော်ပြောကြားခဲ့ချင်ပေမယ့် ဘာပြောလို့ ပြောရမှန်း မသိခဲ့ပါဘူး။ ကျွန်တော့် စိတ်ထဲမှာ အများကြီး ပြုံဝင်နေတာပါပဲ။ ဒါပေမယ့် ကျွန်တော်ပြောလိုက်တဲ့ စကားကို အထအန ကောက် လွဲပြီး ဖော်ပြခဲ့ကြရင် ပိုများပြားတဲ့ အရှုပ်အထွေးတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ကျွန်တော်အဲ့နေ့က ထုတ်ဖော်ပြောကြားမှုတွေ မလုပ်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီကိစ္စအတွက် မတူညီတဲ့ အတွေးတွေကို မျှဝေ ဆွေးနွေးခဲ့ကြတဲ့ Online discussion တွေမှာ လူပေါင်းများစွာကို ပါဝင်ပတ်သက်စေခဲ့ကာ အထိန်းအကွတ်မနိုင် ဖြစ်ခဲ့ပြီး ဒီလောက်ထိ ကြီးမားစေခဲ့မယ်လို့ ကျွန်တော် တစ်ခါမှ မထင်ထားခဲ့မိပါဘူး။ ကျွန်တော် တကယ့်ကို အခြေအနေတွေ ငြိမ်သက်နိုင်ဖို့ ဖွင့်ဟ ပြောကြားခဲ့ချင်ပေမယ့် အရာရာဟာ ကျွန်တော် မျှော်လင့်သလို ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။

ရှုပ်ထွေး ယောက်ယက်ခတ်တဲ့ လောကမှာကျွန်တော် အခုအချိန်ထိ မဆုတ်မနစ်နဲ့ ကြိုးပမ်းခဲ့ပါတယ်။ တစ်နှစ်အတွင်းမှာ မရေမတွက်နိုင်တဲ့ မှောင်မိုက်ရှည်လျားတဲ့ လှိုင်ခေါင်းတွေကို ကျော်ဖြတ်နေရသလိုပါပဲ။ ကျွန်တော် ဘာတွေ အမှားလုပ်ခဲ့တယ်၊ ဘာလို့ အရာအားလုံးဟာ မထိန်းနိုင်အောင် ဖြစ်ပွါးခဲ့တာလဲ ဆိုတာကို မသေချာမရေရာမှု၊ ရုန်းကန်မှုတွေနဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်လည်မေးခွန်းထုတ်ပြီး စဉ်းစားနေခဲ့ပါတယ်။

ဒီကိစ္စကြီးကို ချေဖျက်နိုင်ပြီး လူတွေအားလုံး ဘယ်လို ခံစားရတယ်၊ ဘယ်လိုပြောခဲ့ကြတယ်ဆိုတာကို ကျိုးကြောင်းစီလျော်စွာ နားလည်နိုင်ဖို့ ကျွန်တော် အချိန်အကြာကြီး ကျော်ဖြတ်ခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ အားလုံးရဲ့ ကျွန်တော့်အပေါ် အပြစ်တင်မှုတွေကို နားလည်လာပါတယ်။

ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော့်ရဲ့ သဘောထားကို မဖော်ပြခဲ့တဲ့ အချိန်ကစလို့ ကျွန်တော် အားလုံးနဲ့ အကျိုးသင့်အကြောင်းသင့် ပြောကြားနိုင်တဲ့ အခွင့်အရေးကို လက်လွတ်ခဲ့လိုက်ရပါပီ။ အစပထမမှာပဲ ကျွန်တော် မှားခဲ့တာပါ။

အဲ့ဒီအချိန်မှာ ကျွန်တော် အခြေအနေ တစ်ရပ်လုံးကို နားမလည်ခဲ့ပြီး လူအားလုံးရဲ့ စိတ်ခံစားမှုတွေကို မှန်ကန်စွာ မဖြေရှင်းပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်တာဝန်ယူသင့်တဲ့ Public figure တစ်ယောက်မှာ ရှိရမယ့် တာဝန်ဝတ္တရားတွေကို ကောင်းကောင်းနားမလည်ခဲ့တာပါ။

ဒါ့ကြောင့်ပဲ ကျွန်တော်အားလုံးနဲ့ ဆက်သွယ်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရတဲ့ အပြင် များပြားလှတဲ့ မတူညီတဲ့ အတွေးအမြင်တွေကို ဖြေရှင်းပြီး အခြေအနေကို ထိန်းသိမ်းရမယ့် တာဝန်ကို မကျေပြွန်ခဲ့ပါဘူး။ အခုဆိုရင်တော့ ကျွန်တော် ရှင်းရှင်းလင်းလင်း နားလည်ပါပီ။  ကျွန်တော်ဟာ ပြယုတ်တစ်ခုအနေနဲ့ တာဝန်ဝတ္တရားတွေကို မဆုတ်ကိုင်ဘူးဆိုတဲ့ လူတွေရဲ့ အပြစ်တင်မှုတွေဟာ မှန်တယ်လို့ ပြောချင်ပါတယ်။

ကျွန်တော် ဒီနှစ်မှာ မြောက်များစွာသော ကိုယ်ပိုင် တွေးတောစဉ်းစားမှုတွေ ပြုလုပ်ခဲ့ပြီး ကျွန်တော်ဟာ အနုပညာရှင် တစ်ယောက်အနေနဲ့ မိမိရဲ့ တင်ဆက်မှုတွေနဲ့ အရည်အသွေးကို တိုးတက်အောင် ပြုလုပ်ရမယ့်အပြင် ကျွန်တော့်ကို အားပေး ချစ်ခင်ကြတဲ့ ပရိသတ်တွေအပေါ် မှန်ကန်တဲ့ အတွေးအခေါ်တွေ၊ တန်ဖိုးတွေရှိလာအောင် သတ္တိရှိရှိလမ်းပြပေးရမယ့် တာဝန်ရှိပါတယ်။

ဒီနှစ်မှာ ကျွန်တော့်ရဲ့ Studio နဲ့ ကျွန်တော့်ရဲ့ Weibo မှတစ်ဆင့် ကျွန်တော့်ရဲ့ ရပ်တည်ချက်ကို ဖော်ပြခဲ့တဲ့ အင်တာဗျူးတွေကို မျှဝေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ လောကနဲ့ အားလုံးအပေါ် ဖြစ်ပွါးခဲ့တဲ့ ထိခိုက်မှုတွေကိုတော့ ကုစားနိုင်ဖို့ ခက်ခဲလှပါတယ်။

ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ပြသနာတွေကို အနှေးနဲ့ အမြန် ဖြေရှင်းရပါမယ်။ ကျွန်တော် ဒီနေရာကနေ မျှော်လင့်တာကတော့ – ကျွန်တော် Xiao Zhan ကြောင့် ခံစားခဲ့ရတဲ့ လူအားလုံးကို တရားဝင် တောင်းပန်လိုပါတယ်။ ဒါ့အပြင် ဒီကိစ္စကို စောစောစီးစီး မဖြေရှင်းခဲ့တဲ့ အပေါ်လည်း တောင်းပန်လိုပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ လူထုနဲ့ ရင်ဆိုင်တဲ့အခါ ကျွန်တော့်အမှားကို ဝန်ခံပြီး ဖြေရှင်းရမယ့် ကျွန်တော့်ရဲ့ ပထမဆုံး တာဝန်ပါ။

တချိန်တည်းမှာပဲ ဒီအခွင့်အရေးကို ယူပြီး ကျွန်တော့်ရဲ့ သူငယ်ချင်းတွေနဲ့ ပရိသတ်တွေကို ပြောကြားလိုပါတယ်။ ဒါကတော့ကျွန်တော့်ရဲ့ ဒုတိယ တာဝန်ပါ။ ပီးခဲ့တဲ့နှစ်ရဲ့ အင်တာဗျူးမှာ လူတွေအားလုံးဟာ လွတ်လပ်တဲ့အတွေးအခေါ်တွေ ရှိကြတဲ့ကျွန်တော့် ပရိသတ်တွေကို ဘောင်ခတ် မထိန်းချုပ်လိုဘူးလို့ ပြောခဲ့ပါတယ်။

ကျွန်တော်နဲ့ ကျွန်တော့ Studio ဟာ အထက်လူကြီးက လက်အောက်ငယ်သားကို ထိန်းချုပ်သလို လုပ်နိုင်မယ့် အခွင့်အရေးမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ ကျွန်တော့်ပရိသတ်တွေကို ကောင်းမွန်တဲ့ အတွေးအခေါ်တွေကို လမ်းပြပေးရမယ့် တာဝန်ဝတ္တရားရှိပါတယ်။

ကျွန်တော် ဒီနေ့ ကျွန်တော့ ပရိတ်သတ်တွေကို ပြောချင်တာကတော့ လူတိုင်းမှာ အကြိုက်အမျိုးမျိုးရှိပြီး သူတို့ရဲ့ အဝန်းအဝိုင်းမှာ ဖော်ပြနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဒီအခွင့်အရေးဟာ ကျိုးကြောင်းဆီလျော်သင့်ပီး တစ်ပါးသူကိုထိခိုက်စေရမှာတော့ မဟုတ်ပါဘူး။

ကျွန်တော့်သူငယ်ချင်းတွေနဲ့ ပရိသတ်တွေကို နားလည်စေချင်တာကတော့ ဘယ်လိုအလွှာ အသိုင်းအဝန်းကပဲ လာလာ သူတို့ဟာ ကျင့်ဝတ်တွေနဲ့ သွေဖယ်တဲ့၊ အကျင့်သိက္ခာအတွက် မေးခွန်းထုတ်စရာဖြစ်တဲ့ အစွန်းရောက်တဲ့ အပြုအမူမျိုးကို မလုပ်သင့်ပါဘူး။

အွန်လိုင်းမှာပဲ ဖြစ်စေ၊ လူမှုဆက်ဆံရေး ပတ်ဝန်းကျင်မှာပဲ ဖြစ်စေ၊ လူတိုင်းဟာ ကိုယ့်အပြုအမူနဲ့ အပြောအဆိုတွေအပေါ် တာဝန်ယူရပါမယ်။ ကျွန်တော် အားလုံးကို ဖြစ်စေချင်တာကတော့ ဘယ်သူ့ ဘယ်သူ့ရဲ့ ပရိသတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မနေစေချင်ပါဘူး။

ဒီခေါင်းစဉ်အောက်မှာပဲ အမှားအမှန်ကို ခွဲခြားဆုံးဖြတ်ရမှာ မဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင် သဘောကျနှစ်ခြိုက်တဲ့ အရာတွေနဲ့ ဝါသနာတွေရှိပါတယ်။ လူတိုင်းမှာ ကျွန်တော့်ကို ချစ်ဖို့နဲ့ မုန်းဖို့ အခွင့်အရေးလည်း ရှိပါတယ်။

စိတ်အားထက်သန်မှုဆိုတာ ခွန်အားရဲ့ အရင်းအမြစ်ပါ။ ဒါ​ပေမယ့် ဒီ အရင်းအမြစ်ဟာ တစ်ပါးသူကို မထိခိုက်စေချင်ပါဘူး။ ကျွန်တော်ဟာ ဒီလက်ရှိ ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီနေ့ကစပြီး နေ့သစ် ဖန်တီးရအောင်ပါ။

နောက်ဆုံးအနေနဲ့ကတော့ ကျွန်တော့်အကြောင်းကို ဆွေးနွေးလိုပါတယ်။ ကျွန်တော်ဟာ ဒီအနုပညာလောကကိုဝင်လာကတည်းက ခုအချိန်ထိ ခေါင်းစီးများစွာရှိပါတယ်။ ကျွန်တော့်ကို ဒီအနုပညာလောကထဲ ဝင်စေခဲ့တဲ့ တွန်းအားကတော့ ကျွန်တော့်ရဲ့ ဂီတနဲ့ ဖျော်ဖြေမှုအပေါ်မှာ ထားရှိတဲ့ စိတ်အားထက်သန်မှုပါ။

ဒါ့ကြောင့်ပဲ ကျွန်တော်ဟာ အရည်အသွေးပြည့်ဝတဲ့ သရုပ်ဆောင်နဲ့ အဆိုတော်တစ်ယောက် ဖြစ်ဖို့ အကောင်းဆုံး ကြိုးစားလျက်ရှိပါတယ်။ “အသံထုတ်မပြခဲ့တဲ့ အနုပညာရှင် တစ်ယောက်” ဆိုတဲ့ ဝေဖန်မှုကို ရင်ဆိုင်ခဲ့ရတဲ့အခါ ကျွန်တော်သိလာခဲ့ရတာကတော့ ကျွန်တော်ဟာ အနုပညာအရည်အချင်းအပေါ် အလေးထားရမှာသာမက၊ Public figure တစ်ယောက်ဆိုတဲ့ တာဝန်ကိုပါ ထမ်းပိုးရမယ် ဆိုတာပါပဲ။

ကျွန်တော်ဟာ ချုံချင့်မြို့မှာ သာမာန်မိသားစုကမွေးဖွားခဲ့တဲ့ အသက် ၂၀ ကျော်အထိ အားလုံးလိုပဲ သာမာန်လူမှုလောကက လူငယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျွန်တော် ဒီအခွင့်အရေးကို အသုံးချပြီး ထပ်မံပြောကြားလိုတာကတော့ ကျွန်တော့်ရဲ့ သာမာန်လူငယ်ဘဝမှာ မစဉ်းစားပဲပြောမိခဲ့တဲ့ မှတ်ချက်တွေအတွက်လည်း တောင်းပန်လိုပါတယ်။

ကျွန်​တော်ဟာ ကျွန်တော့်ရဲ့ ပိုမိုကောင်းမွန်တဲ့ ပုံစံကိုရောက်အောင် သင်ယူကြိုးစားနေပြီး၊ ပိုမို ကောင်းမွန်တဲ့ Public figure တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ ကျွန်တော့ရဲ့ “Xiao Zhan” ပုံရိပ်နှစ်ခုကို အကောင်းဆုံး ပေါင်းစည်းနိုင်အောင် ကြိုးစားပြီး အကောင်းဆုံး “Xiao Zhan” ဖြစ်လာအောင် အကောင်းဆုံးကြိုးစားသွားပါမယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း ကျွန်တော့်ကြောင့် ဖြစ်ပွါးခဲ့တဲ့ ကြီးကြီးသေးသေး ကိစ္စအားလုံးအပေါ် တာဝန်ယူလိုပါတယ်။ ကျွန်တော်ဟာ ကျွန်တော့်ကိုယ် ကျွန်တော် ဖြည့်စွက် ပြင်ဆင်မယ်ဆိုပေမယ့် အခြားလူတွေအတွက်တော့ ပြောလို့မရပါဘူး။ ဒါပေမယ့် အားလုံးဟာ ကျွန်တော့်ရဲ့ စကားတွေကို အလေးအနက် နားထောင်ပေးဖို့ မျှော်လင့်မိပါတယ်။

ကျွန်တော်တို့ရဲ့ အဆိုးအကောင်း အားသာချက်တွေတွေအပြင် ကျိုးကြောင်းစီလျော်မှုပါ ရှိနိုင်တဲ့ လူတွေဖြစ်အောင် ကြိုးစားစေချင်ပါတယ်။ အလုပ်အပေါ် အာရုံစိုက်ကြိုးစားပြီး၊ ကျန်းမာပြီး ပျော်ရွှင်တဲ့ ဘဝကို ဖြတ်သန်းကြရအောင်ပါ။

အွန်လိုင်း ID အတုအယောင်တွေက ဖန်တီးထားတဲ့ အရှုပ်အထွေးတွေ အငြင်းအခုံတွေမှာ ပါဝင် မတိုက်ခိုက်ဖို့ ကြိုးစားပေးပါ။ အကောင်းမြင်အတွေးတွေးပီး ဘဝကို ကြိုးကြိုးစားစား ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းစေလိုပါတယ်။ မိမိတို့ရဲ့ အကောင်းဆုံးပုံစံကို ရောက်ရှိအောင် ကြိုးစား ကြရအောင်။ ” ဆိုတဲ့ စာမှတစ်ဆင့် ရင်တွင်းစကားတွေကို ဖွင့်ဟခဲ့ပါတယ်။

မိမိရဲ့ အပြစ်ကြောင့်မဟုတ်ဘဲ ဆိုးရွားတဲ့ အဖြစ်ကို ရင်ဆိုင်ခဲ့ရတာတောင် ဘယ်သူ့ ဘယ်သူကိုမှ အပြစ်တင်ဖို့ မကြိုးစားပဲ မိမိကိုယ်ကိုသာ ကောင်းအောင် ကြိုးစားမယ့် Xiao Zhan ဟာ တကယ်ကို လေးစားအတုယူစရာပါ။ ဒီလိုနေ့မျိုးမှာ ဖွင့်ဟပြောကြားလာတဲ့ Xiao Zhan ဟာ တကယ့်ကို သတ္တိရှိတဲ့ အဖိုးတန်တဲ့ လူသားတစ်ယောက်ပါပဲ။ အကောင်းဆုံးတွေပဲ ဖြတ်သန်းသွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ Note: Xiao Zhan ရဲ့ ဒီ စာကို English ဘာသာမှတဆင့် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

#OurPreciousXiaoZhan

Source: Xiao Zhan’s weibo
Photo: Xiao Zhan’s Studio
English translation credit to : @daitaos and @xzhan1005
Written: Gyi Gyi

Share