မင်းသမီး Jun Ji Hyun ​ပေါ်မှာ ဇာတ်အိမ်တည်ထားတဲ့ ‘Kingdom’ Special Episode အ​ကြောင်း တ​စေ့တ​စောင်း

ဖေ​ဖော်ဝါရီလ ၂၅ ရက်​နေ့က Netflix ရဲ့ raod show ဖြစ်တဲ့ “See What’s Next Korea 2021” မှာ ဇာတ်ညွှန်း​ရေးဆရာမ Kim Eun Hee နဲ့ ဒါရိုက်တာ Kim Sung Hoon တို့ ပါဝင်ခဲ့ကြပါတယ်။ ဒါရိုက်တာ Kim Sung Hoon က ‘Kingdom’ ဇာတ်ကားရဲ့ season ၂ခုကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလနဲ့ ၂၀၂၀ ခုနှစ် မတ်လတို့မှာ မိတ်ဆက်​ပေးခဲ့ပြီး ကမ္ဘာတစ်လွှားက ​အားရဖွယ် တုံ့ပြန်ချက်​တွေကို ရရှိခဲ့​ကြောင်း ​ပြောပြခဲ့ပါတယ်။

အချိန်နဲ့အမျှ ရလဒ်​တွေကို ​တွေ့ကြုံခံစားရတာဟာ သူ့အတွက် စိတ်လှုပ်ရှားဖွယ် အသစ်အဆန်း ကိစ္စတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ‘Kingdom’ ဟာ လူ​တွေနဲ့ အစိမ်းသက်သက်ဖြစ်​နေမှာကို စိုးရိမ်​ခဲ့ပြီး နိုင်ငံရပ်ခြားက တုံ့ပြန်မှု​တွေက ပို​ကောင်းတယ်လို့လည်း ​ပြောပြခဲ့ပါတယ်။

ဆရာမ Kim Eun Hee က​တော့ “ကျွန်မ ​အရမ်းကို စိုးရိမ်ခဲ့​ပေမဲ့ ကြည့်ရှုသူ​တွေရဲ့ တုံ့ပြန်မှု​တွေက ​ကောင်းလို့ ပို​ကောင်းတဲ့ ဇာတ်ညွှန်း​တွေကို ဖန်တီးနိုင်ဖို့ အင်အားဖြစ်​စေတယ်” လို့ ​ဆိုပါတယ်။ ‘Kingdom’ Season 3 အစား special episode ကို ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ​မေးမြန်းခဲ့ရမှာ​တော့ “ကျွန်မတို့ saengsacho (ပြန်လည်ရှင်သန်​စေ​သော အပင်) နဲ့ ပတ်သက်တဲ့ ဇာတ်​ကြောင်းကို ​သွေဖယ်သွားလို့မရဘူး။

ဒါ​ကြောင့် special episode အ​နေနဲ့ သွားလိုက်ရင် ပိုပြီး စိတ်ဝင်စားဖို့​ကောင်းမယ်ထင်လို့ ဒီလိုဆုံးဖြတ်ခဲ့တာပါ” လို့ ​ပြောပြခဲ့ပါတယ်။ ဒါရိုက်တာ Kim Sung Hoon ကလည်း “ပထမဆုံး season က ကမ္ဘာ​​ကျော်ဖို့ အုတ်မြစ်ဖြစ်ခဲ့တယ်ဆိုရင် ဒီ ‘Kingdom: Ashin of the North’ ဟာ ‘Kingdom 3’ ကို ဆက်သွားဖို့အတွက် ပထမဆုံး ​ခြေလှမ်းဖြစ်တယ်” လို့ ​ပြောကြားခဲ့ပါတယ်။

ဒီ special episode ဟာ မင်းသမီး Jun Ji Hyun ရဲ့ Ashin ဆိုတဲ့ ကာရိုက်တာ​ပေါ်မှာ ဇာတ်အိမ်တည်သွားမှာဖြစ်ပါတယ်။ Asin ဟာ မင်းသား Lee Chang (မင်းသား Joo Ji Hoon) တို့ အုပ်စုက saengsacho ရဲ့ လျှို့ဝှက်ချက်ကို ရှာ​ဖွေဖို့ ​မြောက်ဘက်ကို ခရီးထွက်လာစဉ် ​တွေ့ဆုံမယ့် လျှို့ဝှက်နက်နဲသော ဇာတ်ရုပ်ဖြစ်ပါတယ်။

ဆက်လက်ပြီး ဆရာမ Kim Eun Hee က “အားလုံးပဲ သူမရဲ့ ဝတ်စုံကို ကြည့်ပြီး ခန့်မှန်းမိကြတဲ့အတိုင်း Ashin က Yalu မြစ်နားမှာ​နေကြတဲ့ ​မြောက်ဘက် Yeojin မျိုးနွယ်စုရဲ့ ဆက်ခံသူဖြစ်ပါတယ်။ saengsacho ရဲ့ လျှို့ဝှက်ချက်နဲ့ အနီးစပ်ဆုံးလူလို့ ​တွေးလို့လည်းရပါတယ်” ဆိုပြီး Ashin ဇာတ်​ကောင်အ​ကြောင်းကို သဲလွန်စ​ပေးခဲ့ပါတယ်။

ထို့ပြင် ဒါရိုက်တာ Kim Sung Hoon က Ashin ဇာတ်ရုပ်ကို သရုပ်​ဆောင်မယ့် မင်းသမီး Jun Ji Hyun အ​ကြောင်းကို​တော့ ရှင်းပြဖို့လိုမယ်မထင်​ကြောင်း သူမဟာ အနုပညာသက်တမ်း နှစ် ၂၀ အတွင်း အသိအမှတ်ပြုခံထားရတဲ့ မင်းသမီးဖြစ်​ကြောင်း ​ပြောခဲ့ပြီး ဂျယဂျူကျွန်းမှာ ပထမဆုံးဇာတ်ဝင်ခန်း ရိုက်ကူးစဉ်က သူကိုယ်တိုင်​ရော ရိုက်ကူး​ရေးဝန်ထမ်း​တွေပါ မင်းသမီး Jun Ji Hyun ဟာ ဘာလို့ လူ​တွေ ​လေးစားချစ်ခင်ခံရလဲဆိုတာ မျက်ဝါးထင်ထင်​တွေ့မြင်ခဲ့ရ​ကြောင်း ​ပြောပြာခဲ့ပါတယ်။

ထို့နောက် ဒါရိုက်တာ Kim Sung Hoon က ယခုအချိန်မှာ special episode ကို ရိုက်ကူးပြီးစီးသွားပြီဖြစ်ကာ ထုတ်လွှင့်ဖို့အတွက် ပြင်ဆင်​နေ​ကြောင်း ​ပြောခဲ့ပါတယ်။ “ယခုနှစ်အတွင်းမှာ ထုတ်လွှင့်သွားနိုင်မယ်လို့ ထင်ပါတယ်” လို့ ​​​ဆိုပြီး ‘Kingdom:Ashin of the North’ မှာ Jun Ji Hyun ရဲ့ ဆွဲ​ဆောင်မှု​တွေကို မြင်​တွေ့ရမှာဖြစ်တယ်လို့ ​ပြောကြားခဲ့ပါတယ်။

Source : Soompi
Photo : Pinterest
Written : ZL

Share