Youth With You အစီအစဉ်မှာ Esther Yu ဆီက ဖုန်းနံပါတ်​တောင်းခဲ့တဲ့ Lisa

BLACKPINK အဖွဲ့ဝင် Lisa ဟာ ‘Youth With You’ Season 3 မှာ အကဆရာမအ​နေနဲ့ ထပ်မံပါဝင်ခဲ့ပြီး လူအများရဲ့ ထပ်မံချီးကျူး​ခြင်းကို ခံ​နေရတာ ဖြစ်ပါတယ်။ သူမဟာ အံ့မခန်း အကစွမ်းရည်များကို ပြသနိုင်ရုံမက သင်တန်းသူ​တွေနဲ့ ဆက်ဆံ​ရေး​ကောင်းတာ​ကြောင့်ရယ် အကြံဉာဏ်​​​ကောင်း​တွေ ပေးတတ်တာရယ်​​ကြောင့် နာမည်ကြီး လူကြိုက်များပါတယ်။

Season 2 မှာတုန်းက ထင်​ပေါ်ခဲ့တဲ့ သင်တန်းသူတစ်​ယောက်ရှိပါတယ်။ သူမက​တော့ THE9 အဖွဲ့ရဲ့ Esther Yu ပဲ ဖြစ်ပါတယ်။ သူမဟာ အရွယ်အစား အ​တော်အသင့်ရှိတဲ့ fanbase ကို ပိုင်ဆိုင်ထားပြီဖြစ်​ပေမဲ့လည်း Lisa ရဲ့ အရှိန်အဝါကို​တော့ မလွန်ဆန်နိုင်​သေးပါဘူး။ ပုံမှန်ဆို စကားများ​တဲ့ Esther Yu ဟာ Lisa ရဲ့ တည်ရှိမှု​ကြောင့် Lisa ​​ရှေ့မှာဆို စကားတစ်ခွန်းမှ မ​ဟနိုင်ပဲ ဖြစ်​နေတတ်ပါတယ်။

အချိန်၁နှစ်ကြာခဲ့ပြီ ဖြစ်​ပေမဲ့ Lisa ​ပေါ်မှာ ထားရှိတဲ့ သူမရဲ့ အချစ်​တွေက​တော့ တစ်စက်​လေး​တောင်မှ ​လျော့မသွားခဲ့ပါဘူး။ ဒီတစ်​ခေါက် Season 3 မှာ​တော့ Esther Yu ဟာ Youth Mentor အ​နေနဲ့ တာဝန်​ပေးအပ်ခံခဲ့ရတာ​ကြောင့် သူမတို့နှစ်ဦးဟာ mentor တွေအ​နေနဲ့ ပြန်လည်​တွေ့ဆုံနိုင်ခဲ့ပါတယ်။

Season 3 အပိုင်းတစ် ရိုက်ကူး​ရေးနေ့မှာ​တော့ Lisa ဟာ မ​နေနိုင်​တော့ပဲ Esther ကို သတိရ​ကြောင်း ​ပြောခဲ့တာ​ကြောင့် Esther ဟာ ​မေ့လဲမတတ် အံ့သြခဲ့ရပါတယ်။ ထို့​နောက် Esther ကလည်း “တကယ်လား? ကျွန်မလည်း အရမ်း အရမ်းကို သတိရ​နေတာ” လို့ ပြန်​ပြောခဲ့ပါတယ်။

​​နောက်ပြီး Lisa က အလုပ်ပြီးရင် အချင်းချင်းဆက်သွယ်လို့ရ​အောင် Esther ဆီက ဖုန်းနံပါတ်​တောင်းခဲ့ပါတယ်။ Esther ဟာ အ​ပျော်လွန်ပြီး သူမကိုယ်တိုင် မသိလိုက်ခင်မှာပဲ လူအားလုံးရဲ့​ရှေ့မှာ ဖုန်းနံပါတ်ကို ​​​ရေရွတ်မိခဲ့ပါတယ်။ ကံ​ကောင်းစွာနဲ့ သူမဟာ တစ်ဝက်​လောက်မှာ ရပ်လိုက်ပြီး တခြားသူများကို ခွက်ထိုးခွက်လန် ရယ်​မော​စေခဲ့ပါတယ်။ ထို့​နောက် Esther က “ခဏ​လေး ပြီးမှ သီးသန့်​ပြောပြမယ်” လို့ ​ပြောခဲ့ပါတယ်။

ဒါ့အပြင် Lisa ကို social media app တစ်ခုဖြစ်တဲ့ We Chat မှာ add နိုင်ခဲ့ခြင်းဟာ Esther အတွက် အကြီးမားဆုံး ဆုလာဘ်ဖြစ်ခဲ့ပါတယ်။ Lisa က အချိန်မ​ရွေး သူမကို စာပို့နိုင်​ကြောင်းလည်း ​ပြောခဲ့ပါ​သေးတယ်။ Esther Yu က​တော့ တကယ့်ကို successful fangirl တစ်​ယောက် ဖြစ်သွားပြီ ဖြစ်ပါတယ်။

Source : Koreaboo
Photo : Pinterest
Written : ZL

Share