အားလုံးစောင့်ဆိုင်းနေရတဲ့ Solo Debut တော့မဲ့ BLACKPINK အဖွဲ့ဝင် Rosé

March လ ၂ ရက်နေ့ (KST) မှာတော့ BLACKPINK အဖွဲ့ရဲ့ main vocalist ဖြစ်တဲ့ Rosé ရဲ့ solo debut အတွက် teaser photo နဲ့အတူ ထွက်ရှိမဲ့ Date ကိုပါ BLACKPINK official ကနေ ထုတ်ပြန်ပေးခဲ့ပါတယ်။ Rosé ရဲ့ Solo debut ဟာ ဒီလ March လ 12 ရက်နေ့မှာ သီချင်းထွက်ရှိမှာဖြစ်ပြီး အဖွဲ့ထဲက Solo debut လုပ်ပြီးသူ Jennie တုန်းကလည်း 12 ရက်နေ့မှာဘဲ သီချင်းထွက်ရှိခဲ့တာဖြစ်ပါတယ်။

ရက်တူနေတာက တိုက်ဆိုင်တာလား YG ရဲ့ အကွက်တွေလားမသိပေမဲ့ member အချင်းချင်း ချစ်တတ် ချက်ကတော့ Jennie က Rosé Solo ကို My day မှာပါ ချက်ချင်းတင်ပေးခဲ့ပါသေးတယ်။ January လ တုန်းကတော့ Rosé ရဲ့ Gone ဆိုတဲ့ သီချင်းလေးရဲ့ teaser ထွက်ရှိခဲ့ပါတယ်။

ထိုသီချင်းတပုဒ်လုံးကိုတော့ 1st online Concert ဖြစ်တဲ့ The show ကျင်းပတုန်းက Rosé က Blink တွေအတွက် ဦးဦးဖျားဖျားနားထောင်လို့ရအောင်ဆိုပြီး ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ယခု March လ 12 ရက်နေ့မှာ ထွက်ရှိမဲ့ Rosé ရဲ့ Solo debut MV က January တုန်းက သူသီဆိုခဲ့တဲ့ “Gone” ဘဲ ဖြစ်မလား သီချင်းအသစ်ဘဲလားဆိုတာတော့ ခန့်မှန်းလို့မရနိုင်သေးပါဖူး။

Teaser photo ထဲမှာလည်း Title မပါ ဘာမပါဆိုတော့ ခန့်မှန်းရခက်နေပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် Blink တွေ နှစ်တွေအကြာကြီး စောင့်ဆိုင်းခဲ့ရတဲ့ Rosé ရဲ့ Solo debut ဟာ ဒီလမှာ တကယ်ထွက်ရှိတော့မှာဆိုတော့ Blink တွေအတော်ပျော်နေမယ်လို့ထင်ပါတယ်။ အပျော်ပေါ်အပျော်ဆင့်ပြီး ထပ်စိတ်ချမ်းသာ စရာကတော့ “My little Old Boy” အစီအစဉ်မှာလည်း Rosé က MC အဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။

Source: Allkpop
Written: Violet

Share