လက် ၃​ ချောင်း​​ထောင်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်​လိုက်တဲ့ Winner အဖွဲ့ဝင်​ဟောင်း Nam Tae Hyun

မြန်မာနိုင်ငံရဲ့ လတ်​တ​လော နိုင်ငံ​ရေးအ​ခြေအ​​​နေ​တွေကို ကမ္ဘာတစ်ဝန်းက နိုင်ငံ​ရေးသမားများ၊ ဥပ​ဒေပညာရှင်များ မီဒီယာများသာမက အနုပညာရှင်များ သာမန်လူများကပါ စိတ်ဝင်တစား ​စောင့်ကြည့်​​လေ့လာလျက်ရှိပါတယ်။ ထို့အပြင် ကမ္ဘာတစ်ဝန်းက လူအများဟာ မြန်မာနိုင်ငံအတွက် အား​ပေးဆု​တောင်း​ပေးပြီး ဒီမိုက​ရေစီကို ​တောင်းဆို​နေကြတဲ့ မြန်မာနိုင်ငံသား​တွေဘက်က ရပ်တည်​ကြောင်း ပြသ​​ပေးလျက်ရှိပါတယ်။

ယ​နေ့ မတ်လ ၂ ရက်​နေ့မှာလည်း ​တောင်ကိုရီးယား ​boyband တစ်ခုဖြစ်တဲ့ Winner ရဲ့ အဖွဲ့ဝင်​ဟောင်း Nam Tae Hyun က မြန်မာနိုင်ငံအတွက် အင်အားဖြစ်​စေမယ့် post တစ်ခုကို သူ့ရဲ့ Instagram မှာ တင်ခဲ့ပါတယ်။ ထို post မှာ​တော့ သူဟာ ​ဒီမိုက​ရေစီ​ တောင်းဆိုသူ​တွေရဲ့ အမှတ်အသားဖြစ်တဲ့ လက်သုံး​ချောင်း​ထောင်ထားတဲ့ပုံကို တင်ထားတာဖြစ်ပြီး “လက်နက်မရှိတဲ့ တိုင်းသူပြည်သား​တွေကို ပစ်တယ်ဟုတ်လား?

မြန်မာအစိုးရ ချက်ချင်းရပ်တန့်ပါ #myanmar ” လို့ ​အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတာကို ​တွေ့ရမှာဖြစ်ပါတယ်။ သူဟာ ​​သတင်းမီဒီယာ​တွေက တစ်ဆင့် မြန်မာနိုင်ငံရဲ့ အ​ခြေအ​​နေ​တွေကို အမှန်အတိုင်း သိရှိ​နေကာ ခုလို မြန်မာပြည်သူ​တွေဘက်က ရပ်တည်​ပေးခဲ့ပုံ​ပေါ်ပါတယ်။

Nam Tae Hyun အပြင် Jay Park, iKON အဖွဲ့ဝင် Bobby, GOT7 အဖွဲ့ဝင် JB နဲ့ အခြား​သော ​တောင်ကိုရီးယား အနုပညာရှင်များကလည်း ယခင်​​နေ့​တွေက မြန်မာနိုင်ငံသား​တွေအတွက် ဆု​တောင်းအား​ပေးစကား ​ပြောခဲ့ပါ​သေးတယ်။ တကယ်ကို အား​ပေးရကျိုးနပ်တဲ့ idol ​တွေပါပဲ။

Source : Nam Tae Hyun Instagram
Photo : Instagram
Written : ZL

Share