EXO အဖွဲ့ဝင် Sehun ပါဝင်ရိုက်ကူးထားတဲ့ Korean-Chinese flim ဖြစ်တဲ့ “Catman” နောက်ဆုံးတော့ ပြသမဲ့နေ့ထွက်ရှိလာ

EXO အဖွဲ့ဝင် အငယ်ဆုံးလေး Sehun ရဲ့ ပထမဆုံး Debut movie ဖြစ်တဲ့ “Catman” ကို 2016 ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး 2017 ခုနှစ်မှာ ထုတ်လွှင့်ဖို့ အစီအစဉ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ထုတ်လွှင့်ဖို့ 2018 ခုနှစ်ထိအချိန်ဆွဲနေခဲ့ပြီး နောက်ပိုင်း ဘာသတင်းမှမကြားရတော့တာ 2020 ခုနှစ်ထိပါဘဲ။

ထွက်ရှိမဲ့ရက် ဘာကြောင့်နောက်ကျနေတယ်ဆိုတာ တိတိကျကျဖြေရှင်းခဲ့ခြင်းလည်း မရှိခဲ့ပါဖူး။ Fans ​တွေကတော့ Chinese Hallyu ban ကြောင့် ဖြစ်မယ်လို့ ဆက်စပ်တွေးတောခဲ့ကြပြီး “Catman” ထွက်ရှိဖို့ကို ဇွဲရှိရှိနဲ့စောင့်ဆိုင်းပြီး မျှော်လင့်နေခဲ့ကြပါတယ်။

 

ခု 2021 ခုနှစ် March လ 1 ရက်နေ့ မှာတော့ “Catman” official Weibo page ကနေ movie ကို March လ 14 ရက်နေ့မှာ ထုတ်လွှင့်ပြသသွားမယ်လို့ တင်ပေးခဲ့ပါတယ်။ Sehun ဟာ “Liang Qu” အဖြစ်သရုပ်ဆောင်ထားပြီး “Liang Qu”ရဲ့ အခန်းဖော် Xiao Wan အဖြစ် မင်းသမီး Janice Wu က သရုပ်ဆောင်ထားပါတယ်။

Xiao Wan ဟာ ရိုးသားပြီး ထက်မြက်တဲ့ မိန်းမသားတစ်ယောက်ဖြစ်ပြီး ကြောင်လေးတွေရဲ့ meows ဘာသာစကားကို လူတွေနားလည်အောင် ဘာသာပြန် translate လို့ရတဲ့ app ကို တီထွင်နေတာဖြစ်ပါတယ်။ Liang Qu(Sehun) ကတော့ ​ကြောင်လေးအဖြစ် အသွင်ပြောင်းလို့ရတဲ့အပြင် အေးစက်ပြီးအထာကျတဲ့ ကောင်လေးဖြစ်ပါတယ်။

ဇာတ်လမ်းလေးဟာ ဆန်းတဲ့အပြင် Sehun ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကြည့်ချင်တဲ့အတွက် ဟိုးအရင်ထဲက ပရိသတ်တွေဟာ ကြည့်ရှုဖို့ စိတ်အားထက်သန်နေခဲ့ကြတာပါ။ ငါးနှစ်တိုင်အောင် စောင့်ခဲ့ရပြီးနောက်မှာ ခုလို ကြည့်ရတော့မှာမို့ EXO L တွေ ပျော်နေမယ်လို့ထင်ပါတယ်။ Movie ရဲ့ trailer လေးကိုတော့ Catman’s official Weibo page မှာ သွားရောက်ကြည့်ရှုကြပါနော်။

Source: Koreaboo
Written: Violet
Photo Credit: Catman Official Weibo Page

Share