မြန်မာနိုင်ငံကို တိုက်​​လေယာဉ်လွှတ်ပြီး ကူညီ​ဖို့ ​သမ္မတကို ​တောင်းဆိုခဲ့တဲ့ ကိုရီးယား Rapper Bill Stax

မတ်လ ၂ ရက်​နေ့က တောင်ကိုရီးယား underground rapper ၁ ဦးဖြစ်သူ Bill Stax ကလည်း အခြား K-Pop Idol များနဲ့အတူ ဒုက္ခ​​ပင်လယ်​ဝေနေတဲ့ မြန်မာပြည်သူ​တွေအတွက် speak out လုပ်ခဲ့ပါတယ်။ အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ Bill Stax ဟာ ယခင်က Vasco ဆိုတဲ့ အမည်နဲ့ အနုပညာလှုပ်ရှားမှု​တွေ ပြုလုပ်ခဲ့ပြီး “Show Me The Money 3” ရဲ့ ပြိုင်ပွဲဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

ယခင်က Independent Records, Just Music တို့နဲ့အတူ အလုပ်လုပ်ခဲ့ပြီး ယခု​တော့ ATMseoul ဆိုတဲ့ ကိုယ်ပိုင်​အေဂျင်စီကို ​တည်​ထောင်ထားပါတယ်။ သူဟာ မတ်လ ၂ ရက်​နေ့က မြန်မာနိုင်ငံအလံပုံကို သူ့ရဲ့ Instagram Story မှာတင်ခဲ့ပါတယ်။ ဒါတင်မကပဲ ​​တောင်ကိုရီးယား သမ္မတ Moon Jae In ကိုပါ mention ​ခေါ်ကာ “KF-X ကို ခုချက်ချင်း လွှတ်ပြီး ကူညီ​ပေးပါ” လို့ ​တောင်းဆိုခဲ့ပါတယ်။

KF-X ဆိုတာက​တော့ ​တောင်ကိုရီးယား​နိုင်ငံပိုင် တိုက်​လေယာဉ် အမျိုးအစားတစ်ခုဖြစ်ပြီး အမြင့်ဆုံး အရှိန် Mach 1.81 နဲ့ ကီလိုမီတာ​ပေါင်း ၂၉၀၀ ကို ပျံသန်းနိုင်ကာ ကီလိုဂရမ် ၇၇၀၀ အထိ အ​လေးချိန်ခံနိုင်ပါတယ်။ Bill Stax ဟာ အခုမှ မြန်မာနိုင်ငံအတွက် ရပ်တည်​တာမဟုတ်ပဲ ​ဖေ​ဖော်ဝါရီလ ၂၃ ရက်​နေ့ကလည်း သူ့ရဲ့ instagram မှာပဲ မြန်မာနိုင်ငံအလံပုံနဲ့ “မြန်မာ အား​ပေး​နေပါတယ်” ဆိုပြီး တင်ခဲ့ပါ​သေးတယ်။

အခုအခါမှာ​တော့ ​တောင်ကိုရီးယားသတင်းမီဒီယာ​တွေက​နေ ​ဖော်ပြတဲ့ မြန်မာနိုင်ငံရဲ့ သတင်းဆိုး​တွေ​ကို ကြားသိရပြီး မခံမရပ်နိုင် ဖြစ်ခဲ့ပုံရပါတယ်။ ​ဒါ့​ကြောင့်လည်း တောင်ကိုရီးယားသမ္မတကိုပါ mention ​ခေါ်ပြီး တိုက်​လေယာဉ်လွှတ်​ပေးဖို့ပါ ​ပြောတဲ့အထိ မြန်မာပြည်သူ​တွေနဲ့တစ်သားတည်း ရပ်တည်​နေတဲ့ သူ့ရဲ့ ဆန္ဒကို ထုတ်​ဖောိပြသခဲ့တာ ဖြစ်ပါတယ်။

Source : Bill Stax Instagram
Photo : Instagram
Written : ZL

Share