EXO အဖွဲ့ ၁၀ နှစ်ပြည့် အထူး album ထွက်ရှိမှာဖြစ်​ကြောင်း ပြောကြားလိုက်တဲ့ Chanyeol

မတ်လ ၄ ရက်​နေ့ ကိုရီးယား သတင်းမီဒီယာများရဲ့ သတင်းထုတ်ပြန်ချက်များအရ EXO အဖွဲ့ဟာ အဖွဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ် အထူး album ကို ထုတ်လုပ်ဖြန့်ချီဖို့ ကြိုးစားပြင်ဆင်​နေတယ်လို့ သိရှိရပါတယ်။ EXO အဖွဲ့ဝင် Chanyeol က မတ်လ ၁၈ ရက်​နေ့မှာ ပြသသွားမယ့် သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်ဖြစ်တဲ့ ‘The Box’ ရဲ့ အွန်လိုင်း စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဒီအ​​ကြောင်းကို အတည်ပြု​ပြောကြားပြီးနောက် ၁၀ နှစ်ပြည့် အထိမ်းအမှတ် album နဲ့ ပတ်သက်ပြီး သတင်း​တွေ တက်လာခဲ့တာ ဖြစ်ပါတယ်။

Chanyeol ဟာ အွန်လိုင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို လူကိုယ်တိုင်တက်​​ရောက်ခဲ့ရုံသာမက ထို​တေးဂီတ ရုပ်ရှင်ကားအတွက် သူ့ရဲ့ OST album ဟာ မတ်လ ၃၁ ရက်​နေ့မှာ ထွက်ရှိမှာဖြစ်​ကြောင်းကိုလည်း ​ပြောကြားခဲ့ပါတယ်။ ‘The Box’ ဇာတ်ကားထဲက Ji Hoon ဆိုတဲ့ စိတ်အားထက်သန်တဲ့ ​တေးဂီတပညာရှင်​ ကာရိုက်တာအတွက် Billie Eilish ရဲ့ “Bad Guy” အပြင် Chanyeol ကိုယ်တိုင်သီဆိုထားတဲ့ အခြား​သော သီချင်း​ပေါင်းများစွာ ပါဝင်သွားမှာဖြစ်ပါတယ်။

တစ်ဖက်မှှာလည်း Chanyeol ဟာ မတ်လ ၂၉ ရက်​နေ့ကစပြီး စစ်မှုထမ်း​ဆောင်ရ​တော့မှှာ ဖြစ်ပါတယ်။ ဒါ​ပေမဲ့ လက်ရှိမှာ EXO အဖွဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ် album အတွက် အသံသွင်းတာ MV ရိုက်ကူးရတာ​တွေ​ကြောင့် စစ်မှုမထမ်းခင်​နေ့အထိ အလုပ်ရှုပ်​နေမှာ ဖြစ်ပါတယ်။ မီဒီယာ​တွေရဲ့ ​ပြောကြားချက်အရ MV ကို ဒီလကုန်​လောက်မှာ ရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မည်သို့ပင်ဆို​စေကာမူ EXO အဖွဲ့ ဟာ ၂၀၁၂ ခုနှစ် ဧပြီလ ၈ ရက်​နေ့မှာ ပွဲဦးထွက်ခဲ့တာ​ကြောင့် ၁၀ နှစ်ပြည့်​မယ့် ​နေ့ဟာ ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်​နေ့ ဖြစ်ပါတယ်။ album နဲ့ ပတ်သက်တဲ့ အ​သေးစိတ် သတင်း​တွေကို​တော့ ဆက်လက်​စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source : Allkpop
Photo : Twitter
Written : ZL

Share