တတိယမြောက် Solo Album ထွက်ရှိတော့မဲ့ EXO အဖွဲ့ဝင် Baekhyun

SM entertainment ရဲ့ အဆိုပြုချက်အရ Baekhyun ဟာ သူ့ရဲ့ တတိယမြောက် solo comeback album အတွက် ပြင်ဆင်တာတွေ ပြီးလုနီးပြီလို့ ကြားသိရပြီး ဒီ march လကုန် 30 ရက်နေ့မှာ ထွက်ရှိသွားမယ်လို့ သိရှိရပါတယ်။ Baekhyun ဟာ soloist တစ်ယောက်အနေနဲ့ “Citylight” mini album နဲ့ 2019 မှာ debut ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ 2nd mini album ဖြစ်တဲ့ “Delight” ကတော့ 2020 May လမှာ ထွက်ရှိခဲ့ပြီး တစ်လအတွင်းမှာ ရောင်းအားအကောင်းဆုံး Solo album အဖြစ် “Gaon Chart” မှာ စာရင်းဝင်ခဲ့ပါတယ်။ Album physical sales တက်ချက်က Kpop လောက 19 နှစ်အတွင်းမှာ ပထမဆုံး Million seller အဖြစ် မှတ်တမ်းဝင်ခဲ့သလို ဆုပေးပွဲတွေမှာလည်း Soloist အနေနဲ့ ဆုတွေ အများကြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့ Japan 1st mini solo album ကို 2021 ခုနှစ် January လ မှာ ထုတ်ဝေခဲ့ပါတယ်။ တကိုယ်တော် online concert “Light” ကိုလည်း January လ မှာ Vlive ကနေ တဆင့် ကျင်းပခဲ့ပြီး တကမ္ဘာလုံးက ပရိသတ်တွေဟာ ထို concert ကို ပျော်ပျော်ရွှင်ရွှင်ကြည့်ရှုခဲ့ကြပါတယ်။

Baekhyun ဟာ EXO အဖွဲ့ဝင် ၊ SuperM leader ဖြစ်သလို Soloist အနေနဲ့လည်း ဒီနှစ်တွေအတွင်းမှာ ခုလို အနုပညာလှုပ်ရှားမှုတွေ စိပ်နေတာဟာ စံတင်စရာပါဘဲ။ EXO အဖွဲ့ထဲက 1992 born ဖြစ်တဲ့ Chen နဲ့ Chanyeol ကတော့ ဒီနှစ်အစောပိုင်းမှာ စစ်မှုထမ်းကြပြီ ဖြစ်ပါတယ်။ Baekhyun လည်း 92 born ဆိုတော့ ဘယ်နေ့ စစ်မှုထမ်းစာရင်းပေးလိုက်မလည်း မသိတာမို့ ယခု သူလှုပ်ရှားနေတဲ့ အနုပညာလှုပ်ရှားမှုတွေကို သေချာအားပေးလိုက်ကြရအောင်နော်။

Source: Koreaboo
Written: Violet

Share