မြန်မာ့အ​ရေးနဲ့ ပတ်သက်ပြီး ဆု​တောင်းအား​ပေးခဲ့ကြတဲ့ T-ARA JiYeon နဲ့ Simon Dominic

ယခုလက်ရှိ ဖြစ်ပျက်​နေတဲ့ မြန်မာ့အ​ရေး​တွေကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား ​စောင့်ကြည့်လျက်ရှိပါတယ်။ အထူးသဖြင့် ​ကိုရီးယားလူမျိုးများဟာ သူတို့ရဲ့ ၁၉၈၀ ခုနှစ် ဂွမ်းဂျူမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ​ဒီမိုက​ရေစီ တော်လှန်​ရေးနဲ့ မြန်မာ့​နွေဦး​တော်လှန်​ရေးဟာ အ​တော်ဆင်တူ​နေတာ​ကြောင့် ပိုပြီး စိတ်ဝင်​စား​နေတာ ဖြစ်ပါတယ်။

ထို့​ကြောင့် ကိုရီးယား အနုပညာရှင် idol များ မီဒီယာများသာမက သာမန်လူများကပါ နည်းမျိုးစုံနဲ့ အား​ပေးကူညီလျက်ရှိ​နေပါတယ်။ ယခုလည်း T-ARA အဖွဲ့ဝင်ဖြစ်သလို သရုပ်​ဆောင် ၁ ဦးလည်းဖြစ်တဲ့ Ji Yeon နဲ့ ​နာမည်ကြီး rapper ၁ ဦးဖြစ်တဲ့ Simon Dominic တို့က မြန်မာနိုင်ငံအတွက် အား​ပေးဆု​တောင်းစကား ​ပြောကြားလိုက်ပြန်ပါတယ်။

Ji Yeon ဟာ မတ်လ ၄ ရက်​နေ့က Instagram မှာ live လွှင့်ခဲ့ပြီး ထို live မှာ မြန်မာပရိတ်သတ် ၁ ​ယောက်က “မြန်မာက ပရိသတ်​တွေအတွက် အား​ပေးစကား​လေး ​ပြော​ပေးပါ” လို့ comment ဝင်​ရေးခဲ့ပါတယ်။ ထို comment ကို Ji Yeon က မြင်သွားပြီး “အားတင်းထားပါ အရမ်းလွမ်း​နေပါတယ်” ဆိုပြီး အား​ပေးစကား ​ပြောကြားခဲ့ပါတယ်။

Rapper Simon Dominic ​(Jung Ki Suck) က​တော့ မတ်လ ၄ ရက်​နေ့က သူ့ရဲ့ Instagram Story နဲ့ မြန်မာ့အ​ရေးနဲ့ ပတ်သက်ပြီး post ၂ ခုတင်ခဲ့ပါတယ်။ ပထမ ၁ ခုက​တော့ Hey News က တင်ထားတဲ့ “မြန်မာနိုင်ငံမှာ ဘာ​တွေဖြစ်​နေတာလဲ” ဆိုတဲ့ သတင်းကို ပြန် share ထားတာဖြစ်ပြီး ဒုတိယ ၁ ခုမှာ​တော့ background အမဲ​ရောင်မှာ #whatshappeninginmyanmar, #savemyanmar နဲ့ #prayformyanmar စတဲ့ hashtag ​တွေကို တင်ထားတာဖြစ်ပါတယ်။ ​ကိုယ့်နိုင်ငံရဲ့ အ​ရေးမဟုတ်​ပေမယ့် ခုလို အ​ရေးတယူ ဆု​တောင်းအား​ပေးကြတဲ့ idol ​တွေဟာ တကယ့်ကို ​ကျေးဇူးတင်စရာပဲ ဖြစ်ပါတယ်။

Source : @longlivesmdc, @jiyeon2__ (IG)
Photo : Instagram
Written : ZL

Share