နောက်ထပ်နာမည်ကြီးဂုဏ်ပုဒ်တစ်ခုကို ခန့်အပ်ခံလိုက်ရတဲ့ BLACKPINK အဖွဲ့ရဲ့ အလှလေး Jisoo

BLACKPINK အဖွဲ့ရဲ့ ကမ္ဘာအနှံ့နာမည်ကျော်ကြားလွှမ်းမိုးနိုင်မှုကြောင့် အဖွဲ့ဝင်ကိုယ်စီကလည်း ဒိတ်ဒိတ်ကျဲထုတ်ကုန်ပစ္စည်းတွေနဲ့ လက်တွဲထားကြပါတယ်။ ဒီနေ့ ၆ရက်နေ့မှာပဲ နာမည်ကြီးကုန်ပစ္စည်းဖြစ်တဲ့ Dior ဟာ BLACKPINK ရဲ့ Jisoo ကို Dior Fashion and Dior Beauty အတွက် Global Ambassador အဖြစ် ခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကမ္ဘာ့နာမည်အကြီးဆုံးစာရင်းဝင်ဖြစ်တဲ့ Dior မှာ ယခုလိုမျိုး နိုင်ငံတကာသံတမန်အဖြစ်ခံအပ်ခံလိုက်ရခြင်းဟာ လွန်စွာဂုဏ်ယူစရာကောင်းလှပါတယ်။ Dior ရဲ့ creative director ဖြစ်သူ Maria Grazia Chiuri ဟာ Dior’s Fall 2021 collection အတွက် ဒီဇိုင်းထုတ်တုန်းက Jisoo လေးကိုမြင်ယောင်ရင်း အခုလို ဒီဇိုင်းထုတ်ခဲ့တယ်လို့ဆိုပါတယ်။

Dior က “Jisoo လေးဟာ သူမရဲ့ ပြိုင်စံကင်းပြီးရဲဝံ့တောက်ပနေမှုဟာ Brand ရဲ့ ခတ်မီဆန်းပြားတဲ့ဖန်တီးမှုနဲ့ လွန်စွာလိုက်ဖက်နေမဲ့ပြယုဂ်ဖြစ်လာခဲ့ပါပြီ။ Jisoo ဟာ Dior Fall 2021 collection ကို ဖန်တီးသူ Maria Grazia Chiuri အတွက် စိတ်ကူးထဲကပုံရိပ်လေးဖြစ်ပြီး သူမကိုရည်စူးရင်း စိတ်ကူးဉာဏ်တွေကွန့်မြူးကာ အခုလို Collection ကို ဖန်တီးပေးခဲ့တာပါ” ဆိုပြီး Dior ကနေ ရေးသားခဲ့ပါတယ်။

“Jisoo ကို ပြီးပြည့်စုံပြီး လှပတင့်တယ်နေတဲ့ သက်ရှိနတ်သမီးလေးတစ်ယောက်လိုပြင်ဆင်ပေးထားတာက Peter Philips [Christian Dior makeup creative and image director] ပါပဲ” လို့ ထည့်သွင်းဖော်ပြထားပါတော့တယ်။ Jisoo ဟာ ယခင်ကတည်းက Dior Beauty အတွက် နိုင်ငံတကာဆိုင်ရာ သံတမန်တစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကမှ တောင်ကိုရီးယားမှာ Dior Fashion အတွက် ကိုယ်စားပြုအနုပညာရှင်တစ်ယောက်ဖြစ်ခဲ့တာပါ။

ယနေ့ March လ ၆ရက်နေ့မှစလို့ Dior Fashion အတွက် နိုင်ငံတကာဆိုင်ရာသံတမန်ဖြစ်လာလို့ လွန်စွာ ဂုဏ်ယူမိပါတော့တယ်။ Jisoo လေးနဲ့ နာမည်ကျော် Brand ရဲ့ ပူးပေါင်းမှုတော့ ပါးစပ်အဟောင်းသားဖြစ်လောက်အောင် ကြီးကျယ်ခမ်းနားနေတော့မှာပါပဲ။

Source: Soompi
Photos: Dior official
Written: Nay Chi

Share