မြန်မာတို့ရဲ့ နွေဦးတော်လှန်ရေးအတွက် အပြည့်အဝ ခွန်အားပေးနေတဲ့ Game of Thrones မင်းသမီး

မြန်မာနိုင်ငံဟာ လက်ရှိမှာတော့ ဆိုးဝါးလှတဲ့ အာဏာသိမ်းမှုကို ကြုံတွေ့နေရပီး မြန်မာပြည်သားအပေါင်းဟာ အတူတကွ တိုက်ပွဲဝင်နေကြတာပါ။ နိုင်ငံတကာကိုလည်း မြန်မာပြည်တွင်းက အဖြစ်အပျက်တွေကို အမှန်တရားအတိုင်းသိအောင် ကြိုးစားနေကြပါတယ်။

ခုလိုမြန်မာနိုင်ငံရဲ့ ကြုံတွေနေရတဲ့ အဖြစ်အပျက်တွေကို နိုင်ငံတကာက အနုပညာရှင်တွေက speak out လုပ်ပီး စစ်အာဏာ သိမ်းမှုကို လက်မခံကြောင်း ထုတ်ဖော်ပြောကြားနေကြပါတယ်။ Game of Thrones, HOB စတဲ့ ကမ္ဘာကျော် ဇာတ်လမ်းများရဲ့ မင်းသမီးကြီး Lena Heady ကလည်း မြန်မာနိုင်ငံသားတွေနဲ့ အတူရှိကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

Lena Heady ဟာ သူမရဲ့ Instagram မှ တဆင့် ၃.၃.၂၀၂၁ မှ ကြွေလွင့်ခဲ့ရတဲ့ မကြယ်စင်ရဲ့ ပုံကိုလည်း တင်ပီး ဝမ်းနည်းစကား ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း၊ မြန်မာနိုင်ငံ တဝှမ်းမှ ဆန္ဒပြမှုတွေကို အကြမ်းဖက် ဖြိုခွင်းနေပုံတွေကို ဖော်ပြထားတဲ့ ပုံများစွာကိုလည်း သူမရဲ့ Instagram မှ တဆင့် ဖော်ပြခဲ့ပါသေးတယ်။

ဒီလို ကမ္ဘာကျော် မင်းသမီးမှ ဖော်ပြခဲ့ပေးတာ ဖြစ်တဲ့အတွက် နိုင်ငံတကာမှ လူများစွာကလည်း မြန်မာနိုင်ငံအတွက် အားကေးစကား အသီးသီးကို ရေးသားခဲ့ကြပါတယ်။ တကယ့်ကို ချစ်ရကျိုး၊ အားပေးရကျိုး နပ်တဲ့ အနုပညာရှင်တွေပါပဲ။ #SaveMyanmar

Source: Lena Heady Instagram
Photo: Lena Heady Instagram
Written: Gyi Gyi

Share