မိခင်တစ်ယောက်ဖြစ်လာဖို့ အဆင်သင့်ဖြစ်​နေပြီဖြစ်ကြောင်း အရိပ်အမြွက်ပေးလိုက်တဲ့ Mew Nittha

ကျိကျိတက်ချမ်းသာတဲ့သူဋ္ဌေးတွေနဲ့ လက်ထပ်ထားတဲ့ ထိုင်းမင်းသမီးတွေထဲမှာတော့ Mew Nittha လေးကို အားလုံးလည်း မျက်မှန်းတန်းမိကြပါလိမ့်မယ်။ သရုပ်ဆောင်အဖြစ်နာမည်ရနေသူဖြစ်သလို အိမ်ထောင်ဖက်ကောင်းကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ဘဝမှာ လိုလေသေးမရှိအောင် ပြီးပြည့်စုံနေသူလေးပါ။

ယခုအချိန်မှာတော့ Mew ဟာ မိခင်တစ်ယောက်ဖြစ်လာဖို့အတွက် အဆင်သင့်ဖြစ်နေပုံပဲ။ February လ ၄ရက်နေ့မှာတော့ Mew Nittha ဟာ ပွဲတစ်ခုကိုတက်ရောက်ခဲ့ပြီး သတင်းသမားတွေနဲ့အမေးအဖြေပြုလုပ်ခဲ့ပါတယ်။ Interview မှာတော့ “ကျွန်မအနေနဲ့ ကလေးလိုချင်နေပါပြီ။

သိပ်မကြာသေးခင်ကဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခဲ့သေးတယ်။ ကိုယ့်သားသမီးလေးတွေ လိုချင်လာပြီ။ ကလေး ၂ ယောက်လောက်တော့ မွေးဖို့စဥ်းစားထားတယ်။ သားတစ်ယောက်၊ သမီးလေးတစ်ယောက်..စုစုပေါင်း နှစ်ယောက်လောက်တော့ လိုချင်ပါတယ်” ဆိုပြီ ပြောချလာပါတော့တယ်။

Mew Nittha နဲ့ Hi-So Shane ဟာ 2020 အစောပိုင်းလောက်မှာ လက်ထထပ်မင်္ဂလာပွဲကျင်းပခဲ့ပြီး ယခုချိန်မှာတော့ အိမ်ထောင်သက် တစ်နှစ်ကျော်နေပြီဖြစ်ပါတယ်။ သူမရဲ့အမျိုးသားဖြစ်သူကတော့ ကလေးလိုချင်နေပေမဲ့ Mew ရဲ့ မအားလပ်တဲ့ရိုက်ကူးရေးအချိန်တွေကို နားလည်ပေးခဲ့ပါတယ်။

လက်ရှိမှာတော့ “Duang Tah Tee Sarm” ဆိုတဲ့ဇာတ်လမ်းသစ်ကို James Ma နဲ့အတူ ရိုက်ကူးခဲ့ပြီး အပြီးသတ်ခဲ့ပြီဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီးနေရာအတွက် ကမ်းလှမ်းမှုတွေရှိပေမဲ့ Mew က တော့ ခဏတာ အနားယူဦးမယ်လို့ဆိုပါတယ်။ မိသားစုဘဝလေး ပြီးပြည့်စုံဖို့အတွက် သားသမီးရတနာလေးတွေ ရချင်တဲ့အကြောင်းပြောနေပြီဆိုတော့..Mew ဆီကနေ ဝမ်းသာစရာသတင်းကောင်းလေးကြားရတော့မယ်ထင်ပါရဲ့။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share