နာမည်ကြီးနေတဲ့ Mookda Narinrak နဲ့ အလိုက်ဖက်ဆုံးတွဲဖက်သရုပ်ဆောင် မင်းသားချော ၄ ဦး

ထိုင်းအနုပညာလောကမှာ တစ်ဆထက်တစ်တ နာမည်ကြီးလာခဲ့ပြီး ဆုပေါင်းမ​ျားစွာသိမ်းပိုက်နေတဲ့ Mookda Narinrak ကတော့ 2016 ခုနှစ်တုန်းကမှ ပွဲဦးထွက်ခဲ့တာပါ။ ၅နှစ်တာကာလအတွင်း ဇာတ်လမ်းတွဲပေါင်း ၈ ခုရိုက်ကူးပြီးစီးခဲ့ပြီး Mookda လေးနဲ့အတူ အကောင်းဆုံးတွဲဖက်သရုပ်ဆောင်ခဲ့တဲ့မင်းသားတွေလည်းရှိနေပါတယ်။ ဒီထဲကမှ Mookda နဲ့ အတွဲညီညီ သရုပ်ဆောင်နိုင်တယ်ဆိုပြီး ချီးကျူးသံအများအပြားရရှိခဲ့တဲ့ မင်းသား ၄ဦး ရှိနေပါတယ်။

Mik Thongraya
Mookda Narinrak နဲ့အတူ Mik Thongraya က 2017 ခုနှစ်မှာ ရုပ်သံဇာတ်လမ်းတွဲတစ်ခုရိုက်ကူးခဲ့ပါတယ်။ “Mussaya” ဆိုတဲ့ဇာတ်လမ်းဖြစ်ပြီး ကြည့်ရှုသူတွေထံမှ တုံ့ပြန်ချက်ကောင်းတွေ အများကြီးရရှိခဲ့တာပါ။ ရုပ်သံစတင်လွှင့်ချိန်ကစပြီး တကယ့်စုံတွဲလိုမျိုး အသက်ဝင်နေတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အားလုံးက မကြည့်ရမနေနိုင်တဲ့အထိ ဖြစ်ခဲ့ရပါတော့တယ်။

Mike Pattaradet
2019 ခုနှစ်တုန်းက Mookda Narinrak ဟာ “Suparburoot Jorm Jon: Maturot Lohgan” ဆိုတဲ့ဇာတ်လမ်းတွဲကို Mike Pattaradet နဲ့အတူ တွဲဖက်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲမှာလည်း အဓိကဇာတ်ဆောင်နှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့အတွဲညီမှုတွေကြောင့် ဇာတ်လမ်းပြီးသွားတာတောင် အပြင်မှာ တကယ့်ချစ်သူတွေဖြစ်လာကြဖို့ အားလုံးကမြှောက်ပေးခဲ့ကြပါသေးတယ်။ လက်ရှိမှာတော့ Mookda နဲ့ Mike ရဲ့ remake ဇာတ်လမ်းသစ် “Ku Kaen San Rak” ကို Thai channel 7 မှာ စတင်ပြသနေပြီဖြစ်ပြီး ကြည့်ရှုမှုနှုန်းတွေမြင့်တက်နေတဲ့ဇာတ်လမ်းတစ်ခုဖြစ်နေပါတယ်။

Weir Sukollawat
အနုပညာလောကထဲမှာ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ တွဲဖက်ပြီးဇာတ်လမ်းရိုက်ကူးနိုင်တာက ဂုဏ်ယူစရာကောင်းသလို တာဝန်ကြီးလှပါတယ်။ 2020 မှာတော့ Mookda က ထိုင်းနာမည်ကြီးဝါရင့်မင်းသား Weir Sukollawat နဲ့ “Marn Bang Jai” ဆိုတဲ့ Remake ဇာတ်လမ်းတွဲမှာ ပထမဆုံးအကြိမ်တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။ Weir ရဲ့ ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ Mookda ရဲ့ မခေလှတဲ့ရိုက်ကူးနိုင်မှုကြောင့် ချီးမွမ်းသံတွေ ညံညံဝေခဲ့ပါတယ်။

Kem Hussawee
Mookda Narinrak လို့ဆိုလိုက်တာနဲ့ Kem Hussawee ကတော့ မပါမဖြစ်ပါပဲ။ “So Wayree” ဇာတ်လမ်းနဲ့ ကြည့်ရှုသူတွေကို ဘယ်လောက်တောင်ဆွဲဆောင်သိမ်းပိုက်နိုင်ခဲ့သလဲဆိုရင် အပြင်မှာချစ်သူတွေဖြစ်လာဖို့ပါ ယခုအချိန်ထိ အားပေးနေကြတုန်းဖြစ်ပါတယ်။ Mookda နဲ့ Kem ဟာ “Khoei Baan Rai Sapai Hi-So” ဆိုတဲ့ ဇာတ်လမ်းသစ်ကို အတူတူရိုက်ကူးနေပြီး Kemmookda အတွဲကို ထပ်မံမြင်တွေ့ချင်သူတွေအဖို့ ကြည့်ဖြစ်အောင်ကြည့်ရပါလိမ့်မယ်။

Source: ThaiUpdate
Photos: Weibo
Written: Nay Chi

Share