ချစ်သူစုံတွဲတိုင်းကတော့ ကိုယ်လက်တွဲထားတဲ့တစ်ယောက်သောသူနဲ့ အနာဂတ်ကိုဖြတ်သန်းချင်ကြစမြဲဖြစ်ပါတယ်။ ချစ်သူတွေအဖြစ် နှစ်ပေါင်းများစွာကြာမြင့်လာပေမဲ့ အချစ်မလျော့ပဲ ပိုလို့တောင်တိုးပြီးချစ်ကြတဲ့စုံတွဲတွေလည်းအများကြီးပါပဲ။ ဖော်ပြပေးမဲ့ နာမည်ကြီးစုံတွဲတွေကတော့ တွဲနေတာအတော်ကြာပြီဖြစ်ပြီး မြင်သူတကာအားကျရတဲ့စုံတွဲတွေလည်းဖြစ်ပါတော့တယ်။
Nadech Kugimiya & Yaya Urassaya
NY စုံတွဲရယ်လို့အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ Nadech နဲ့ Yaya ကတော့ ၂၀၁၁ ခုနှစ်မှာ “Game Rai Game Ruk” ဇာတ်လမ်းကိုအတူတူရိုက်ကူးပြီးနောက်ပိုင်း ချစ်ကျွမ်းဝင်ခဲ့ကြတာပါ။ အခုဆိုရင် ချစ်သူသက်တမ်း ၁၀နှစ်လောက်ရှိပြီဖြစ်ပြီး အချစ်တွေဟာ ပိုလို့တောင်တိုးနေပါတော့တယ်။
Valentine’s Day နေ့တုန်းကလည်း ပျော်ရွှင်စရာအချိန်တွေကို အတူတူဖန်တီးခဲ့ကြသလို Yaya လေးပျော်သွားအောင် Nadech က Central World mall ရဲ့ LED Screen မှာ နှစ်ယောက်သားကြည်နူးစရာပုံလေးတွေကိုပြသရင်း surprise လုပ်ကာ ဆုတောင်းပေးခဲ့ပါသေးတယ်။
Weir Sukollawat & Bella Ranee
နောက်ထပ်နာမည်ကြီးစုံတွဲ Weir နဲ့ Bella တို့စုံတွဲကတော့ တွဲလာခဲ့တာ ၈နှစ်လောက်ရှိနေပါပြီ။ စိတ်တူကိုယ်တူနဲ့ အတူတူခရီးထွက်ကြလေ့ရှိပြီး Valentine’s Day နေ့တုန်းကလည်း Bella လေးအတွက် ပန်းတွေပို့ပေးကာ ချစ်ကြောင်းပြသခဲ့ပါတယ်။ အလုပ်တွေများလွန်းတာကြောင့် ချစ်သူများနေ့မှာ နှစ်ယောက်သားဆုံတွေ့ချိန်မရခဲ့ပေမဲ့လည်း သူတို့နှစ်ယောက်ရဲ့အေးဆေးတည်ငြိမ်တဲ့အချစ်ရေးကို အားလုံးက သဘောတွေ့ရစမြဲပါပဲ။
Mark Prin & Kimmy Kimberley
ပရိသတ်တွေအားကျရတဲ့ ထိုင်းနာမည်ကြီးအနုပညာရှင်စုံတွဲထဲမှာ ၇နှစ်ကျော်ကြာတွဲလာခဲ့တဲ့ Mark နဲ့ Kimmy လည်း ပါဝင်ပါတယ်။ Mark ကတော့ Kimmy ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တတ်ပြီး မကြာခဏဆိုသလိုလည်း သူ့ရဲ့အချစ်တွေကိုပြသကာ Kimmy လေးကို စိတ်ချမ်းသာစေခဲ့ပါတယ်။ Valentine’s Day နေ့တုန်းကတော့ သူတို့နှစ်ယောက်အတူတူရှိနေတဲ့ပုံလေးတွေကို မြင်သူတကာကြည်နူးရအောင် Instagram မှာ တင်ပေးခဲ့ပါတယ်။
Ter Chantavit & Mai Davika
အသက်အရွယ်ကွာခြားတဲ့ Ter နဲ့ Mai လေးတို့ရဲ့အချစ်ရေးကတော့ ချစ်စရာကောင်းလွန်းလှပါတယ်။ ၃နှစ်ကျော်ကြာလက်တွဲထားတဲ့ စုံတွဲလေးဖြစ်ပြီး ပျော်ပျော်နေတတ်တဲ့အတွဲလေးရယ်လို့ နာမည်ကြီးလှပါတယ်။ Valentine’s Day နေ့မှာတော့ Davika လေးဟာ ချစ်ရသူ Ter Chantavit ဆီကနေ ပန်းစည်းအကြီးကြီးလက်ဆောင်ရခဲ့ပါတယ်။ Ro ဆန်မှုအနေနဲ့ အများအားကျအောင် ဆင်တူဝတ်စုံလေးတွေဝတ်ပြီး ပျော်ရွှင်နေတဲ့ဓာတ်ပုံလေးတွေကို Instagram မှာပါ ထပ်ပြီးတင်ပေးခဲ့တာပါ။
Source: ThaiUpdate
Photos: Twitter
Written: Nay Chi