V ဟာ ဝမ်းနည်းနေတဲ့အချိန်တွေကို “Blue & Grey” သီချင်းနားဆင်ရင်း ကျော်ဖြတ်ခဲ့ရတဲ့အကြောင်းအရင်း

လူတိုင်းမှာတော့ ခံစားချက်တွေနဲ့တိုက်ဆိုင်တဲ့သီချင်းလေးတွေရှိကြစမြဲပါပဲ။ ဝမ်းနည်းနေတဲ့အချိန်မှာလည်း ဖြေသိမ့်ရာသီချင်းကောင်းလေးတွေကိုနားဆင်လိုက်ရင် စိတ်ပေါ့သွားရတာတော့ အမှန်ပဲဖြစ်ပါတယ်။ လူသားတစ်ယောက်ဖြစ်တဲ့ V ဟာလည်း သီချင်းတစ်ပုဒ်ဟာ သူ့အတွက်အရေးပါတဲ့သင်ခန်းစာတစ်ပုဒ်ကို သင်ပေးခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါသီချင်းလေးကတော့ “Blue & Grey” သီချင်းပါပဲ။

BTS အဖွဲ့ရဲ့ အဆိုရှင် V ကတော့ “BE-hind Story” interview မှာ “Blue & Grey” သီချင်းဟာ သူ့ရဲ့စိတ်ခံစားချက်တွေကို ဆောက်တည်တဲ့အခါမှာ အကူအညီဖြစ်ခဲ့တယ်လို့ ပြောပြလာခဲ့ပါတယ်။ V က “ဒီသီချင်းလေးက ဝမ်းနည်းစရာကောင်းတယ်။

သီချင်းရေးနေတဲ့အချိန်တုန်းက ကျွန်တော်ဟာ ဝမ်းနည်းမှုတွေနဲ့ရင်ဆိုင်နေခဲ့ရတာပါ။ နားဆင်နေတဲ့သူတွေကို ဝမ်းနည်းမှုတွေကနေ ဘယ်လိုမျိုးရင်ဆိုင်ဖြတ်ကျော်ရမလဲဆိုတာကို သီချင်းစာသားလေးတွေကနေ ခံစားမိစေချင်တာကြောင့် ဒီသီချင်းကို ဖန်တီးဖြစ်ခဲ့ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း “Blue & Grey” ကို နားထောင်ရင်း အရေးကြီးတဲ့ သင်ခန်းစာတစ်ခုရမိတယ်။ ဒါကတော့ ဝမ်းနည်းမှုတွေကနေ လွတ်မြောက်ဖို့တစ်ခုတည်းသောနည်းလမ်းက ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုအရောက်လှမ်းရင်း တွေ့ကြုံရသမျှအခက်အခဲပြဿနာတွေကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်ပြီး အောင်မြင်မှုကိုလှမ်းယူနိုင်အောင် ကြိုးစားတာပါပဲ” ဆိုပြီး တွေးတွေးဆဆပြောပြခဲ့ပါတယ်။

V ကတော့ သူကိုယ်တိုင်ထိပ်တိုက်ကြုံတွေ့ရသမျှကိစ္စတွေ၊ ကိုယ့်ရဲ့စိတ်ခံစားချက်လေးကောင်းမွန်အောင် ကိုယ်တိုင်ပြုစုမြှင့်တင်ရတဲ့အကြောင်းတွေကိုပါ ပေါင်းထည့်ပြီးပြောခဲ့ပါတယ်။ လူသားတိုင်းအတွက် ဝမ်းနည်းမှုတွေဟာ မဖိတ်ခေါ်ဘဲနဲ့ ရောက်လာတတ်စမြဲမို့လို့ အားလုံးလည်း V ပြောတဲ့ “Blue & Grey” သီချင်းကိုနားဆင်ရင်း ရှေ့ဆက်မဲ့ နေ့ရက်တွေအတွက် အားအင်အသစ်တွေ မွေးထုတ်နိုင်ပါစေနော်။

Source: Koreaboo
Photos: Naver
Written: Nay Chi

Share