အရောင်းဝန်ထမ်းတွေကိုတောင် အလုပ်လက်မဲ့ ဖြစ်စေခဲ့တဲ့ Xiao Zhan ရဲ့ ကြေညာအသစ်

မတ်လ ၅ ရက်နေ့မှာတော့ Xiao Zhan ဟာ “Molsion” လို့ အမည်ရတဲ့ မျက်မှန် Brand ရဲ့ Brand spokeperson အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ Brand spokeperson ကတော့ Brand မှ ခန့်အပ်တဲ့ နေရာများထဲမှ အမြင့်ဆုံး Title ဖြစ်ပါတယ်။ “Molsion” ကတော့ မိခင် EssilorLuxottica ကုမ္ပဏီအောက်မှာရှိတဲ့ “Rayban” , “Oakley” စတဲ့ Brand တို့ရဲ့မောင်နှမ Brand တစ်ခုပါ။

Molsion မှ Brand spokeperson အဖြစ် တရားဝင်ကြေညာခဲ့တဲ့ ပိုစတာမှာတော့ အနက်ရောင် ဝတ်စုံ၊ Molsion နေကာမျက်မှန်နဲ့ ခန့်ခန့်ကြီးနဲ့ သန့်သန့်ကြီးစတိုင်ကျနေတဲ့ Xaio Zhan ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကြေညာမှုမှာတော့ Xiao Zhan ရဲ့ Profession များဖြစ်တဲ့ ” ဒီဇိုင်နာ၊ အဆိုတော်၊ သရုပ်ဆောင်” လို့ ဖော်ပြခဲ့ကာ နယ်ပယ်ပေါင်းစုံမှာ ကျွမ်းကျင်ထက်မြက်တဲ့ Xiao Zhan ရဲ့ အရည်အချင်းကိုလည်း ညွှန်းဆိုထားပါသေးတယ်။

Xiao Zhan ကို “Molsion” ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် စတင်ကြေညာခဲ့ပြီး နာရီဝက်အတွင်းမှာပဲ Shopping Platform ပေါင်းစုံမှာရှိတဲ့ Xiao Zhan ကြေညာတဲ့ မျက်မှန် မော်ဒယ်များဟာ လုံးဝ ရောင်းကုန်သွားခဲ့ပါတယ်။ ထပ်မံ Stock ပြန်သွင်းမှု အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့်လည်း တစ်နာရီအတွင်းမှာပဲ လုံးဝ Sold out ဖြစ်သွားခဲ့ပါတယ်။

“Molsion” အရောင်းဆိုင်များမှာလည်း လူကြိတ်ကြိတ်တိုး စည်ကားခဲ့ပြီး အရောင်းဆိုင်များမှ ရောင်းရငွေဟာလည်း နှစ်နာရီအတွင်း ယွမ် ၂၆ သန်း ရောင်းအား ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရယ်စရာကောင်းတဲ့ ဖြစ်ရပ်လည်း ဖြစ်ပွါးခဲ့ပါသေးတယ်။ “Molsion” ဟာ သူ့ရဲ့ မျက်မှန်ရောင်းချမှုအတွက် Live sale တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် Live sale စတင်ဖို့ ပြင်ဆင်နေတဲ့ ဝန်ထမ်းနှစ်ယောက်ဟာ ကင်မရာရှေ့မှာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ Live sale ရောင်းဖို့ စီစဉ်ခဲ့တဲ့ ပစ္စည်းတွေဟာ Broadcast မစခင်မှာပဲ အကုန်ရောင်းထွက်သွားခဲ့ပါတယ်။ ဒါ့ကြောင့် ဝန်ထမ်း နှစ်ယောက်မှာတော့ ပစ္စည်းကြေညာဖို့ ပခွင့်အရေးမရတော့ပဲ ကြည့်ရှုနေသူတွေကို နောက်ထပ် ရောင်းချမှုတွေကို စောင့်ပေးဖို့သာ ပြောနိုင်ခဲ့ပါတော့တယ်။

ဒါ့အပြင် ဝန်ထမ်း နှစ်ယောက်ဟာ ဒီလိုလည်း စနောက်ခဲ့ပါသေးတယ်။ ” ကျွန်မတို့ မျက်မှန် အလက်ရေ ၅ သောင်း ၆ သောင်းတောင် ထပ်ဖြည့်ပေးခဲ့တာပါ။ အရမ်း အရေးတကြီး လိုနေကြပြီလား? ကျွန်မတို့ကိုလည်း မျက်မှန်တွေ ထုတ်ဖို့ အချိန်ပေးပါအုံး။ မနက်ဖန် ကျွန်မတို့နှစ်ယောက်လည်း စက်ရုံတွေကို သွားပြီး ကူညီမှ ဖြစ်တော့မယ်” လို့ တောင် မှတ်ချက်ပေးခဲ့ကြပါသေးတယ်။

တကယ့်ကို Xiao Zhan ရဲ့ စျေးကွက်နဲ့ ဝယ်လိုအားအပေါ် လွှမ်းမိုးနိုင်မှုကို ပြသနေတာပါပဲ။ ဒီလို Xiao Zhan ကြေညာတဲ့ ပစ္စည်းတွေ ဝယ်လိုအားကောင်းခဲ့တာဟာ ပထမဆုံးတော့မဟုတ်ပါဘူး။ Xiao Zhan ကြေညာခဲ့တဲ့ ပစ္စည်းတွေဟာ စက္ကန့်ပိုင်းအတွင်း ရောင်းကုန် မှုတွေ၊ ဝယ်လိုအားများမှုကြောင့် Shopping application ရဲ့ server ကျမှုတွေတောင် ဖြစ်ပွါးခဲ့ပါသေးတယ်။

ဒါ့အပြင် Xiao Zhan ရဲ့ အခြားကုန်ပစ္စည်းတွေနဲ့ လက်မှုတွဲ အသစ်တွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် Xiao Zhan ဟာ လုပ်ငန်းရှင်တွေက မျက်စိကျနေရတဲ့ အနုပညာဆိုတာ အသေအချာပါပဲ။ ၂၀၂၁ ကတော့ Xiao Zhan ရဲ့ လှုပ်ရှားမှု ပေါင်းစုံကို မြင်တွေ့ရမယ့် နှစ်ပါပဲ။

Source: Baidu
Photo: Weibo
Written: Gyi Gyi

Share