February လရဲ့ Weibo မှာ လွှမ်းမိုးမှုအားအကောင်းဆုံး Top 10 မှာ တဖွဲ့လုံးလိုလိုပါခဲ့တဲ့ EXO

2021 February လ အတွက် Weibo Power Star Most Influential Foreign Male Artists စာရင်းကတော့ ထွက်ရှိလာခဲ့ပါပြီ။ ထူးခြားတာက Top 10 စာရင်းမှာ EXO အဖွဲ့ဝင်နာမည်တွေ အကုန်လုံးပါနိုင်ခဲ့တာပါဘဲ။ အဖွဲ့လိုက် Comeback တွေ မရှိပေမဲ့လည်း China မှာတော့ EXO ရဲ့ impact ဟာ ခုချိန်ထိ အရှိန်အဝါကြီးကြောင်း သက်သေပြလိုက်တာပါဘဲ။

Top 1 ကတော့ ယခုလက်ရှိ အနုပညာလှုပ်ရှားမှုတွေ အများကြီးလုပ်နေတဲ့ Baekhyun ဖြစ်ပါတယ်။ Top 2 က Chanyeol ဖြစ်ပြီး အရင်လကတော့ Top 1 ရခဲ့ပါတယ်။ အရင်လရော ခုလရောရဲ့ Top 3 ကတော့ Oh sehun ဖြစ်ပါတယ်။

Top 4 နေရာမှာတော့ မကြာသေးခင်ကမှ စစ်မှုထမ်းတာဝန်ပြီးဆုံးသွားခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် Lee Jong Suk က ရှိနေပါတယ်။ အရင်လက Top 9 ဖြစ်တဲ့ Kai ကတော့ ယခုလမှာ Top 5 ဖြစ်ပြီး King of Kpop G dragon ကတော့ Top 6 နေရာကို သိမ်းပိုက်ထားပါတယ်။

D.O. ကတော့ Top 7 မှာရှိနေပြီး EXO Leader Suho က Top 8 , Xiumin က Top 9 , Chen က Top 10 စသည်ဖြင့် အစဉ်လိုက်နေရာယူထားပါတယ်။ ယခုလို စာရင်းမှာ EXO အဖွဲ့ဝင်အကုန်လုံးပါနေတာဟာ လတ်တလော ထွက်ရှိထားတဲ့ 10 နှစ်ပြည့် EXO အထူး album ထုတ်မယ်ဆိုတဲ့ သတင်းကြောင့် weibo hot search ပြန်တက်လာတယ်လို့ ထင်ပါတယ်။

Source: Weibo
Written: Violet

Share