“River Where The Moon Rises” ဇာတ်ကားကိုမင်းသား Na In Woo နဲ့ အစားထိုးရိုက်ကူးသွားမည်

မင်းသား Ji Soo ဟာ “River Where The Moon Rises” drama မှာ ​ခေါင်း​ဆောင်မင်းသားအဖြစ် ပါဝင်ရိုက်ကူး​နေဆဲမှာပဲ သူ့ရဲ့ အတိတ်ဆိုး​တွေက တစ်ဖန်ပြန်လည် ​ပေါ်​ပေါက်လာခဲ့ပါတယ်။ သူဟာ အသက် ၁၃ နှစ်က စပြီး ​ကျောင်းမှာ အနိုင်ကျင့်တဲ့သူတစ်​ယောက်ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်း​တွေ ထွက်​ပေါ်ခဲ့ပြီး Ji Soo ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ မတ်လ ၄ ရက်​နေ့မှာ ကိုယ်တိုင်စာတစ်​စောင် ​ရေးသားကာ ​​တောင်းပန်ခဲ့ပါတယ်။

သို့​သော်လည်း သူလုပ်ခဲ့တဲ့ လုပ်ရပ်​တွေဟာ အရမ်းကို အကျည်းတန်ဆိုးရွားလွန်းတာ​ကြောင့် ပရိသတ်​တွေက ခွင့်မလွှတ်နိုင်ခဲ့ပဲ KBS ရုပ်သံလိုင်းကလည်း မင်းသား Ji Soo ကို drama က​နေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိ ဒီ drama ဟာ အပိုင်း ၆ ပိုင်း လွှင့်ပြီးပြီဖြစ်ကာ ဇာတ်ကားရိုက်ကူးမှုကလည်း ၉၅ ရာခိုင်နှုန်း​လောက် ပြီးစီး​နေတဲ့ ​အ​ခြေအ​နေဖြစ်ပါတယ်။

မတ်လ ၅ ရက်​နေ့မှာ KBS ရုပ်သံလိုင်းက တရားဝင် ထုတ်ပြန်​ကြေငြာချက်အရ အပိုင်း ၉ က​နေ စပြီး​တော့ Ji Soo သရုပ်​ဆောင်ခဲ့တဲ့ “On Dal” ဇာတ်​ကောင်​နေရာမှာ မင်းသား Na In Woo နဲ့ အစားထိုးကာ ပြန်လည်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

အပိုင်း ၆ ကိုလည်း ​နောက်တစ်ကြိမ် ပြန်လည်ပြသဖို့ ရပ်စဲမှာဖြစ်ပြီး အပိုင်း ၇ နဲ့ ၈ မှာလည်း မင်းသား Ji Soo ရဲ့ အခန်း​တွေကို တတ်နိုင်သ​လောက် ဖျက်ပစ်သွားမယ်လို့ ​ပြောကြားခဲ့ပါတယ်။ KBS drama ရဲ့ social media account ​တွေမှာလည်း မင်းသား Ji Soo ရဲ့ ပုံ​တွေအားလုံးကို ဖျက်လိုက်ပြီဖြစ်ပါတယ်။ ဒီလိုလုပ်ရတာကလည်း Ji Soo ​အနိုင်ကျင့်တာကို ခံခဲ့ရတဲ့ လူ​တွေ စိတ်ဒဏ်ရာ ထပ်မရ​စေဖို့ ဖြစ်ပါတယ်။

KBS ရုပ်သံလိုင်းအ​နေနဲ့ drama ကို ဆက်မလွှင့်​တော့ဖို့အထိ စဉ်းစားခဲ့​ပေမဲ့ drama ကို ချစ်ခင်အား​ပေးကြတဲ့ ပရိသတ်​တွေနဲ့ ပင်ပန်းခဲ့ကြတဲ့ သရုပ်​ဆောင်​တွေ ရိုက်ကူး​ရေး ဝန်ထမ်း​တွေ​ကြောင့် drama ကို တစ်ဝက်တစ်ပျက်နဲ့ အဆုံးမသတ်နိုင်တာမျိုး မဖြစ်​စေချင်ခဲ့ဘူးလို့ ဆိုပါတယ်။

တာဝန်ရှိသူ​တွေအ​နေနဲ့ နည်းလမ်း​ပေါင်းစုံ စဉ်းစားခဲ့ပြီး အ​ကောင်းဆုံးဖြစ်မယ့် နည်းလမ်းကို ​ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ မင်းသား Na In Woo က​တော့ ၂၀၁၅ ခုနှစ်မှာ စတင်ပွဲဦးထွက်ခဲ့ပြီး “Mr. Queen” ဇာတ်လမ်းမှာ ဒုတိယမင်းသားအ​နေနဲ့ ပါဝင်သရုပ်​ဆောင်ရင်း လူသိများလာတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။

Source : Soompi
Photo : Pinterest
Written : ZL

Share