အလှဆုံးအမျိုးသမီးအဆိုရှင်တစ်ဦးဖြစ်တယ်လို့ ချီးမွမ်းသတ်မှတ်ခြင်းခံလိုက်ရတဲ့ BLACKPINK ရဲ့ Jisoo

BLACKPINK ရဲ့ အဖွဲ့ဝင် ၄ ယောက်ထဲမှာ မိန်းမဆန်ဆန်နဲ့ နန်းဆန်စွာဆွဲဆောင်မှုရှိသူလေးဆိုပြီး နာမည်ကြီးတဲ့ Jisoo လေးကတော့ ကျွမ်းကျင်တဲ့ခွဲစိတ်ဆရာဝန်တစ်ဦးရဲ့ Viedo တစ်ခုထဲမှာ ဖော်ပြပြောဆိုခြင်းခံခဲ့ရပါတယ်။ အဆိုပါဆရာဝန်က Jisoo ကို အထင်ကြီးလောက်တဲ့ခေါင်းစဥ်တပ်ပြီး သူမရဲ့နဂိုအလှကိုချီးမွမ်းခဲ့တာပါ။ ခေါင်းစဥ်လေးကတော့ “ငြင်းဆန်လို့မရနိုင်တဲ့ သဘာဝအလှပိုင်ရှင်လေး” ဆိုပြီးတော့ပေါ့။

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ဆာဂျရီဆရာဝန် Dr. Min Hee Joon က သူ့ရဲ့ Youtube မှာ Kpop idol တွေထဲက အလှဆုံးဆိုသူလေးတွေထဲက တစ်ယောက်ကို စူးစမ်းလေ့လာရင်း သူ့ရဲ့စံနှုန်သတ်မှတ်ချက်နဲ့အညီ ရွေးချယ်မှုပြုလုပ်ခဲ့ပါတယ်။

အဆိုပါ Viedo ထဲမှာတော့ အလှပဆုံးဆိုသူလေးတွေပါဝင်ခဲ့ကြပြီး နောက်ဆုံးမှာတော့ BLACKPINK ရဲ့ Jisoo ဟာ အလှပဆုံးသောအမျိုးသမီးအဆိုရှင်အဖြစ် ရွေးချယ်ချီးမွမ်းခဲ့ပါတော့တယ်။ Dr. Min Hee Joon က “နာမည်ကြီးအဆိုရှင် Jisoo ရဲ့ မျက်နှာဟာ ချောမောလှပနေရုံတင်မကဘဲ အရှေ့တိုင်းနဲ့အနောက်တိုင်းရဲ့အလှအပစံနှုန်းတွေကို ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့အလှမျိုးပါ။

သူမရဲ့ နက်ရှိုင်းလေးနက်တဲ့မျက်လုံးတစ်စုံဟာ ကျက်သရေရှိပြီး​သေသပ်နေတဲ့ မျက်ရစ်နှစ်ထပ်နဲ့ လွန်စွာလိုက်ဖက်နေပါတယ်။ ဒီလိုမျိုးပြီးပြည့်စုံနေတဲ့ သဘာဝအလှပိုင်ရှင်လေးဖြစ်တာကြောင့် လူတိုင်းရဲ့ စိတ်ကူးထဲကအလှအပစံနှုန်းတွေနဲ့ ကိုက်ညီနေတဲ့ K-Pop Idol တစ်ယောက် ဖြစ်လာစေခဲ့ပါတယ်” ဆိုပြီး ရှင်းလင်းပြောပြခဲ့ပါတော့တယ်။

Jisoo ဟာ Miss Korea ဝင်ပြိုင်ဖို့တောင် အရည်အချင်းစံနှုန်းပြည့်မီတယ်ဆိုပြီး အားလုံးကလက်ခံထားကြသလို plastic surgery လုပ်တဲ့သူတွေမကြာခဏရွေးချယ်လေ့ရှိတဲ့ အလှပဂေးလေးပါပဲ။ လူပုံအလယ်မှာ မြင်သူတကာရဲ့အာရုံကို ဖမ်းစားနိုင်အောင် ကျက်သရေရှိကာတင့်တယ်လှပနေတဲ့ Jisoo ကတော့ တောင်ကိုရီးယားနိုင်ငံမှာတင်မကဘဲ ကမ္ဘာမှာတောင် စံထားရတဲ့အလှပိုင်ရှင်လေးတစ်ယောက်ဖြစ်တယ်ဆိုတာကို ငြင်းဆန်လို့ရမယ်မထင်ပါဘူးနော်။

Source: Kpopreporter
Photos: ELLE
Written: Nay Chi

Share