BTS ကြောင့် တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုလုပ်ဖို့ ခွန်အားရခဲ့တယ်လို့ ပြောလာတဲ့ Nick Jonas

Jonas Brothers ထဲမှ Nick Jonas ကတော့ ဒီလိုပဲ ပြောလိုက်ပါပီ။ BTS အဖွဲ့ရဲ့ အောင်မြင်မှုကြောင့် Jonas Brothers တွေကို တစ်ကိုယ်တော် လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ အတွေးပေါက်လာစေတယ်လို့ ပြောခဲ့ပါတယ်။ Nick Jonas ကတော့ Joe, Kevin တို့နဲ့အတူ Jonas Brothers ရဲ့ ညီအစ်ကိုတစ်ယောက်ပါ။

မကြာသေးမီက SiriusXM Hits 1 နဲ့ အင်တာဗျူးမှာ Nick Jonas ပြောသွားခဲ့တာပါ။ ဒီအင်တာဗျူးမှာတော့ MC မှ Jonas Brothers မှ Nick ကို အဖွဲ့လိုက်လှုပ်ရှားမှုတွေအပြင် တစ်ကိုယ်တော် အနုပညာရှင် အနေနဲ့ သီချင်းရေးသားမှုတွေကို ဘယ်လို ကိုင်တွယ်လည်း လို့မေးခဲ့ပါတယ်။

ဒီအခါမှာတော့ Nick ဟာ BTS ရဲ့ 2019 ခုနှစ် Rose Bowl မှာ ဖျော်ဖြေခဲ့တဲ့ ဖျော်ဖြေမှုအကြောင်းကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ BTS ရဲ့ အဖွဲ့လိုက်သာမက တစ်ဦးချင်းစီ လွပ်လပ်စွာ ဖျော်ဖြေမှု ပုံစံတွေကို သူ နှစ်ခြိုက် သဘောကျခဲ့ပါတယ်တဲ့။

ဆက်လက်ပြောခဲ့တာကတော့ “ကျွန်တော်ဟာ Jonas အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ တစ်ကိုယ်တော် လှုပ်ရှားမှုတွေ လုပ်ဖို့ အနည်းငယ် တွန့်ဆုတ်ခဲ့ပါတယ်။ ဒါပေမယ့် BTS အဖွဲ့ကို ဖျော်ဖြေပွဲတစ်ခုမှာ တွေ့ခဲ့ပြီးတော့ ခွန်အားရခဲ့ပါတယ်။

BTS အဖွဲ့ရဲ့ တစ်ကိုယ်တော် သီချင်းတွေလည်း သီဆိုရင်း အဖွဲ့လိုက် ဖျော်ဖြေမှုတွေကို တွေ့ရတာကို သဘောကျမိခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့လည်း တစ်ကိုယ်တော် လှုပ်ရှားမှုတွေ လုပ်ရင် အောင်မြင်နိုင်တယ်လို့ အတွေးဝင်စေခဲ့ပါတယ်” လို့ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

Source: Allkpop
Photo: Naver
Written: Gyi Gyi

Share