အသက် ၁၉/၂၀ အရွယ်သာရှိသေးပေမဲ့လည်း လူသိများကျော်ကြားနေတဲ့ ဇာတ်လိုက်မင်းသား ၅ ဦး

အနုပညာပါရမီရှိသူတွေကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အောင်မြင်မှုတွေရရှိနေကြပါပြီ။ ဖော်ပြပေးမဲ့ ထိုင်းမင်းသား ၅ယောက်ကလည်း အသက် ၁၉/၂၀ သာ ရှိသေးပေမဲ့ ကြည့်ရှုသူတွေကြားမှာ ရေပန်းစားနေတဲ့ အဓိကဇာတ်လိုက်မင်းသားတွေအဖြစ် နာမည်ကြီးနေပါတော့တယ်။

Jaonaay

မင်းသားချော Jaonaay ကတော့ ဝါရင့်အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် J Jetrin နဲ့ မင်းသမီးကြီး Pin Kejmanee တို့ရဲ့ သားတစ်ဦးဖြစ်ပါတယ်။ ၁၉နှစ်ပဲရှိသေးပေမဲ့ “Bad Genious The Series” မှာ June Plearnpichaya, Ice Paris, Nana Sawanya တို့နဲ့အတူ အဓိကမင်းသားအဖြစ်ပါဝင်ရိုက်ကူးခဲ့ပြီးနောက်ပိုင်း ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေကြောင့်ပဲ နာမည်ကြီးလူသိများလာခဲ့ပါတော့တယ်။

Kongthap Peak

အသက် ၂၀ သာရှိသေးတဲ့ မင်းသား Kongthap Peak ကတော့ တောင်ကိုရီးယားမှာပြုလုပ်ကျင်းပခဲ့တဲ့ ‘Produce X 101’ အစီအစဥ်မှာပါဝင်ခဲ့ပါသေးတယ်။ ထိုစဥ်ကတည်းက ချောမောတဲ့ရုပ်ရည်နဲ့အနုပညာပါရမီရှိတာကြောင့် လူအများအာရုံစိုက်ခံခဲ့ရပြီး ယခုအချိန်မှာတော့ Thai TV3 ရဲ့ဇာတ်လမ်းသစ် “Dare to Love: Hai Ruk Pipaksa”မှာ နာမည်ကြီးမင်းသမီး Bella Ranee နဲ့အတူ ပါဝင်ရိုက်ကူးထားပြီး အဓိကမင်းသားအဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။

Ohm Pawat

မင်းသားချော Ohm Pawat အကြောင်းကိုပြောရရင် “He’s Coming to Me” နဲ့ “The Shipper” တို့မှာ သူ့ရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကြောင့် လူသိများကျော်ကြားလာခဲ့တာပါ။ အသက် ၂၀ သာရှိသေးပေမဲ့ ဇာတ်လမ်းကောင်းတွေကို ပိုင်နိုင်စွာရိုက်ကူးနိုင်တဲ့ ဇာတ်လိုက်မင်းသားတစ်ယောက်ဖြစ်နေပါပြီ။

Ryu Vachirawich

Ryu Vachirawich ကတော့ အသက် ၂၀ ပဲရှိပါသေးတယ်။ “In Family We Trust” ဇာတ်လမ်းထဲက သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကြောင့်ပဲ ကြည့်ရှုသူတွေက အသိအမှတ်ပြုအားပေးခဲ့ကြပါတယ်။ Ryu ကတော့ မင်းသားအဖြစ်မလုပ်ကိုင်ခင်က ‘9 by 9’ အဖွဲ့ရဲ့ မူလအဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ “May December Romance” နဲ့ “Lueard Chao Phraya” ဆိုတဲ့ဇာတ်ကားနှစ်ခုကို လက်ခံရိုက်ကူးနေပါတယ်။

Nanon Korapat

အသက် ၂၀ အရွယ် Nanon Korapat ကတော့ “Senior Secret Love: My Lil Boy”, “My Dear Loser: Edge of 17” အစရှိသဖြင့်ဇာတ်လမ်းပေါင်းများစွာထဲမှာ အဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး လူကြီး၊လူငယ်မရွေး Nanon ရဲ့ သရုပ်ဆောင်ချက်တွေကို သဘောတွေ့ခဲ့ပါတော့တယ်။

Source: ThaiUpdate
Photos: Twitter
Written: Nay Chi

Share