ပြီးပြည့်စုံတဲ့မျက်နှာအချိုးအစားပိုင်ရှင်တွေဆိုပြီး အများကလက်ခံထားကြတဲ့ ထိုင်းမင်းသမီး (၁၁) ဦး

ထိုင်းမင်းသမီးတွေတော်တော်များများကတော့ မတူတဲ့ဆွဲဆောင်မှုတွေကိုယ်စီရှိကြပြီး ဖော်ပြပေးမဲ့ အလှပဂေးလေး ၁၁ ယောက်ကတော့ အလှအပစံချိန်တင်ထားသူလေးတွေဖြစ်တဲ့အပြင် ပြီးပြည့်စုံတဲ့မျက်နှာပိုင်ရှင်လေးတွေဆိုပြီး နာမည်ကြီးလှပါတယ်။

Yaya Urassaya

Yaya Urassaya လေးကတော့ TC Candler ရဲ့ ‘The 100 Most Beautiful Faces’ မှာ​တောင် ပါဝင်ထားသူလေးဖြစ်တာကြောင့် ပြီးပြည့်စုံတဲ့အလှပိုင်ရှင်လေးရယ်လို့ အများကလက်ခံထားကြတာပါ။

Mai Davika

​နောက်ထပ် ပြီးပြည့်စုံတဲ့ဆွဲဆောင်မှုအလှပိုင်ရှင်လေးကတော့ Mai Davika ပါပဲ။ သူမရဲ့လှပတဲ့မျက်နှာလေးမှာ ညို့ငင်အားကောင်းတဲ့မျက်လုံးတစ်စုံကိုတော့ အားလုံးကသဘောကျကြပါတယ်။ Davika ကတော့ ကမ္ဘာ့အလှပဆုံးမျက်နှာပိုင်ရှင်စာရင်းထဲမှာလည်း မကြာခဏပါဝင်သူလေးဖြစ်ပါတယ်။

Rita Sririta

ပရိသတ်တွေကတော့ Rita Sririta ဟာ လက်ရှိကမ္ဘာထဲကမင်းသမီးတစ်ပါးနဲ့တူတယ်ဆိုပြီး သမုတ်ထားကြတာပါ။ တကယ်ကိုလှပ​သေသပ်တဲ့မျက်နှာပိုင်ရှင်လေးဖြစ်ပြီး “Mongkut Saeng Jun” မှာလည်း မင်းသမီးတစ်ပါးအဖြစ် သရုပ်ဆောင်ခဲ့ပါသေးတယ်။

နောက်ထပ် လှပတဲ့မျက်နှာပိုင်ရှင်မင်းသမီးလေးတွေကတော့…

  • Aum Patchrapa

  • Chompoo Araya

  • Ploy Chermarn

  • Poo Praya Lundberg

  • Pinky Savika

  • Kimmy Kimberley Anne Woltemas

  • Kwan Usamanee

  • Mew Nittha တို့ပဲဖြစ်ပါတယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share