BLACKPINK’s Rosé ရဲ့ ကလေးဘဝက သူမ လုပ်ကြည့်ချင်ဖူးတဲ့အရာ…

ငယ်ရာမှ တစ်နှစ်ပြီးတစ်နှစ် လူငယ်ဘဝကိုရောက်လာကြတဲ့သူတွေအဖို့ ဘဝအတွက်သင်ယူလေ့လာရင်း လုပ်ကြည့်ချင်တဲ့အရာတွေရှိကြမှာပါ။ Rosé လေးကလည်း သူမငယ်ရွယ်စဥ်ကလုပ်ချင်ခဲ့ဖူးတဲ့စိတ်ကူးတစ်ခုကို ပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ live broadcast မှာဆိုရင် Rosé ကို “မင်းရဲ့ပထမဆုံး part-time အလုပ်ကဘာလဲ?” ဆိုပြီး မေးခဲ့ကြတာပါ။

ဒီတစ်ခါမှာတော့ Rosé လေးရဲ့ ငယ်ငယ်ကစိတ်ဆန္ဒလေးဟာ တစ်စွန်းတစထွက်ပေါ်လာခဲ့ပါတယ်။ Rosé က “အမှန်တိုင်းပြောရရင် ကျွန်မက အချိန်ပိုင်းအလုပ်ကို တစ်ခါမှမလုပ်ခဲ့ဖူးပါဘူး။ ကလေးပိစိလေးကတည်းက trainee အဖြစ် အနုပညာအလုပ်တွေကိုလေ့လာခဲ့ရတာကြောင့် အချိန်ပိုင်းအလုပ်ကိုလုပ်ခွင့်မရခဲ့ပါဘူး။

ပြောရရင် အချိန်ပိုင်းအလုပ်ရဖို့ဆိုတာ ကျွန်မရဲ့ ဆန္ဒတွေထဲက တစ်ခုပါပဲ။ အတိအကျပြောရရင်တော့ cafe တစ်ခုမှာ လုပ်ဖူးချင်တယ်။ အခုချိန်မှာလည်း လုပ်ခွင့်ရှိလာမယ်ဆိုရင် အချိန်ပိုင်းလုပ်ကြည့်ပါဦးမယ်” ဆိုပြီး ချစ်စရာကောင်းအောင်အပွင့်လင်းဆုံးပြောပြလာပါတော့တယ်။

နိုင်ငံတော်တော်များများမှာတော့ လူငယ်တွေအတွက် အချိန်ပိုင်းအလုပ်ဖန်တီးပေးတာမျိုး ရှိနေတာကြောင့် တကယ်လို့များသာ Rosé က ကော်ဖီဆိုင်တစ်ခုမှာ အချိန်ပိုင်းလုပ်ဖြစ်ခဲ့မယ်ဆိုရင် အရောင်းတွေသွက်နေတော့မှာ သေချာပေါက်ပဲနော်။

Source: Koreaboo
Photos: Twitter
Written: Nay Chi

Share