ကမ္ဘာအမျိုးသမီးများနေ့အတွက် “Visionary Women” တွေထဲမှာ ကိုရီးယားကိုယ်စားပြုအဖြစ် Rosé တစ်ဦးထဲရွေးချယ်ခံရ

March လ 8 ရက်နေ့ကတော့ အားလုံးသိတဲ့အတိုင်း International Women’s Day ဖြစ်ပါတယ်။ Apple Music ဟာ ဒီ ကမ္ဘာ့အမျိုးသမီးများနေ့အတွက် “Visionary Women” ဆိုပြီးခေါင်းစဉ်ပေးထားတဲ့ playlist ကို တစ်ကမ္ဘာလုံးမှာ တပြိုင်နက်တည်း ဖြန့်ချိခဲ့ပါတယ်။

ထို Playlist ရဲ့သီချင်းတွေကို ပါဝင်ရွေးချယ်ဖို့ ကမ္ဘာကျော် အနုပညာရှင်အမျိုးသမီးတွေ ဖြစ်တဲ့ Ariana Grande, Cardi B, Kara Delevine အစရှိတဲ့ အနုပညာရှင်တွေကို Apple Music က ကမ်းလှမ်းခဲ့ပါတယ်။ Korea အနုပညာရှင် အမျိုးသမီးတွေထဲမှာတော့ Rosé တစ်ဦးတည်းကိုဘဲ ကမ်းလှမ်းခဲ့ပါတယ်။

“Visionary Women” ဆိုတဲ့ playlist ခေါင်းစဉ်နဲ့အညီ Rosé ဟာ ထက်မြက်စူးရှတဲ့ အမျိုးသမီးဖြစ်တာမို့ ရွေးလိုက်တာ ထင်ပါတယ်။ သူမ ဘယ်လောက် အောင်မြင်ထက်မြက်သလည်းဆို ကမ္ဘာကျော် BLACKPINK အဖွဲ့ဝင် ဖြစ်တဲ့အပြင် မကြာသေးခင်ကမှ ရာသီဥတုဆိုင်ရာ ကုလသံတမန်အဖြစ် ရွေးချယ်ခြင်းခံထားရတာတွေဟာ သက်သေပါဘဲ။

Rosé ဟာ playlist အတွက် သီချင်းအပုဒ်ရေပေါင်း 25 ပုဒ် ရွေးချယ်ပေးခဲ့ပြီး မျက်ရည်လည်သွားစေမဲ့ သီချင်းတော်တော်များများပါ ပါတယ်။ သူမရဲ့ Playlist ထဲမှာ BLACKPINK အဖွဲ့သီဆိုထားတဲ့ “WHISTLE,” “DDU-DU DDU-DU,” ၊ ခု နောက်ဆုံးထွက်ရှိထားတဲ့ “Lovesick Girls” ပါဝင်သလို အဖွဲ့ဝင် Jennie ရဲ့ solo track ဖြစ်တဲ့ “SOLO” ပါ ပါဝင်ပါတယ်။

“ချစ်ခြင်းမေတ္တာတရားဟာ အသွားရှိရင် အပြန်ရှိတယ်” ဆိုတဲ့ playlist ရဲ့ အညွှန်းစာသားနဲ့လိုက်ဖက်ညီစွာ TLC ရဲ့ “No Scrubs” တို့ Stevie Wonder ရဲ့ “Isn’t She Lovely” တို့လိုမျိုး Classic သီချင်းတွေလည်း ပါဝင်ပါတယ်။Amy Winehouse ရဲ့ “Love Is a Losing Game” လည်းပါဝင်ပြီး ဒီသီချင်းဟာ Rosé အမြဲနားထောင်နေကြသီချင်းဖြစ်ပါတယ်။

ဒီသီချင်းနားထောင်လိုက်တိုင်း သူမနှလုံးသားက နာကျင်ရပြီး ပြောစရာစကားမရှိလောက်အောင် သီချင်းရော အဆိုတော်ရော ကောင်းပါတယ်လို့ Rosé က ပြောဖူးပါတယ်။ Rosé ပြုလုပ်ပေးထားတဲ့ Playlist ဟာ နှလုံးသား စိတ်ခွန်အားနဲ့ ဆိုင်တဲ့ သီချင်းတွေပါသလို ဝမ်းနည်းဖွယ်ရာ သီချင်းတွေရော upbeat song တွေရော ပါလို့ နားဆင်သူ ပရိသတ်တွေကို စိတ်ခံစားချက်မျိုးစုံပေးစွမ်းနေမှာပါ။ သူမရဲ့ Playlist တစ်ခုလုံးကို နားထောင်ရင် တစ်နာရီခွဲလောက်ဘဲ ကြာတာမို့ Rosé ရွေးချယ်ပေးထားတဲ့ သီချင်းလေးတွေကို Apple Music ကနေ နားထောင်ကြည့်ရင်း ဘဝအမောတွေ စိတ်အမောတွေ ပြေကြပါစေ။

Source: Koreaboo
Written: Violet

Share