ကမ္ဘာ့​ဖျော်​ဖြေ​ရေး​လောကမှာ လွှမ်းမိုးမှုအရှိဆုံးအဖြစ် ​​ရွေးချယ်ခံခဲ့ရတဲ့ BLACKPINK

မတ်လ ၄ ရက်​နေ့မှာ BLACKPINK ဟာ နာမည်ကြီး အွန်လိုင်း မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Variety က ​ရွေးချယ်တဲ့ “ကမ္ဘာ့ဖျော​်ဖြေ​ရေး​လောကမှာ လွှမ်းမိုးမှုအရှိဆုံး မိန်းမသားများ” စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ထိုစာရင်းတွင် ကမ္ဘာ့​ဖျော်​ဖြေရေး​လောကမှာ လွှမ်းမိုးမှု အရှိဆုံးလို့ ယူဆတဲ့ အမျိုးသမီး စုစု​ပေါင်း ၅၄ ​ယောက်ပါဝင်ပြီး မတ်လ ၈ ရက်​နေ့မှာ ကျ​ရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ​​နေ့ကို ဂုဏ်ပြု​သောအားဖြင့် စာရင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ထိုစာရင်းထဲမှာ Netflix drama တစ်ခုဖြစ်တဲ့ “Kingdom” ရဲ့ ဇာတ်ညွှန်း​ရေးဆရာမ Kim Eun Hee, တရုတ်မင်းသမီး Gong Li, အဆို​တော် Dua Lipa, ​ဟောလီးဝုဒ်ကြယ်ပွင့် Cate Blanchett နဲ့ အခြား​သော နာမည်ကြီးများစွာ ပါဝင်ပါတယ်။

​ဖျော်​ဖြေ​ရေး​လောကအ​ပေါ် BLACKPINK ရဲ့ လွှမ်းမိုးမှုနဲ့ ပတ်သက်ပြီး Variety က ​ရေးသားထားတာက​တော့ “၂၀၁၉ ခုနှစ်မှာ ​ရေဗွက်ထ​စေခဲ့တယ်” လို့ ​တင်စားထားပြီး “ပြီးခဲ့တဲ့ lockdown ကျ​ခဲ့တဲ့နှစ်ဟာ လှည့်လည်​ဖျော်​ဖြေမှု မရှိ​ပေမယ့် သူမတို့ရဲ့ fandom ကြီးကို ပိုခိုင်မာ​စေခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်တယ်” လို့ ဆိုထားပါတယ်။

BLACKPINK ဟာ had “THE ALBUM” နဲ့ နိုင်ငံ ၅၇ နိုင်ငံရဲ့ iTunes Chart ​တွေရဲ့ ထိပ်ဆုံးကို ​ရောက်ရှိခဲ့ရုံသာမက online concert ပါ ပြုလုပ်နိုင်ခဲ့ပြီး “BLACKPINK: Light Up the Sky” ဘဝမှတ်တမ်းကိုလည်း ထုတ်လုပ်နိုင်ခဲ့တယ်လို့ ​ရေးသား​ဖော်ပြထားပါတယ်။ ထို့အပြင် “သူတို့ရဲ့ ​​အောင်မြင်​ကျော်ကြားမှုဟာ အကန့်အသတ်မရှိဘူး” လို့လည်း Variety က အမွှန်းတင်ထားပါ​သေးတယ်။

Source : Soompi
Photo : Pinterest
Written : ZL

Share