စိတ်ဝင်စားဖွယ်ဇာတ်လမ်းတွဲသစ်မှာ အတူတူမြင်တွေ့နိုင်ဖွယ်ရှိတဲ့ နာမည်ကြီး သရုပ်ဆောင် ၃ ဦး

ကိုရီးယားဇာတ်လမ်းတွဲတွေကိုကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးတွေအဖို့ မကြာခင်မှာပဲ “Island” (working title) ဆိုတဲ့ဇာတ်လမ်းတွဲသစ်ကိုရိုက်ကူးဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဇာတ်လမ်းအတွက် ကမ်းလှမ်းထားတဲ့သရုပ်ဆောင်အနုပညာရှင်တွေကို ဖော်ပြလိုက်တဲ့အခါမှာတော့ အားလုံးလည်းသဘောတွေ့ခဲ့ကြရပါတယ်။

အဓိကသရုပ်ဆောင် ၃ ယောက်အတွက် Cha Eun Woo, Seo Ye Ji နဲ့ Kim Nam Gil တို့ကို ကမ်းလှမ်းထားတယ်လို့ဆိုပါတယ်။ “Island” ဇာတ်လမ်းကတော့… မကောင်းဆိုးဝါးတွေကို ဖမ်းဆီးရင်း ကမ္ဘာကြီးကိုကာကွယ်နေတဲ့ မသေမျိုးနွယ်ဝင် Pan, မှင်စာတွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ သာမာန်လူချမ်းသာမိန်းမပျိုလေး Won Mi Ho နဲ့ ပရလောကသားတွေကိုနှိမ်နင်းတဲ့ ဘုန်းတော်ကြီး John တို့အကြောင်းပဲဖြစ်ပါတယ်။

လှပတဲ့ဂျယ်ဂျူကျွန်းက ဖုံးဖိထားတဲ့လျှို့ဝှက်ချက်အကြောင်းကိုရေးသားထားတဲ့ Webtoon ကို ပြန်လည်ရိုက်ကူးမှာဖြစ်လို့ လူအများကလည်းစိတ်ဝင်စားနေကြတာပါ။ Cha Eun Woo ရဲ့ အေဂျင်စီ Fantagio က “Cha Eun Woo ‘Island’ဇာတ်လမ်းမှာ John အဖြစ် ပါဝင်ရိုက်ကူးဖို့စိတ်ဝင်စားမှုရှိနေပါတယ်” ဆိုပြီး ပြောပြထားခဲ့ပါတယ်။

ဝါရင့်သရုပ်ဆောင်မင်းသား Kim Nam Gil ကတော့ March လ ၄ရက်နေ့ကပဲ ဇာတ်လမ်းတွဲမှာ Pan အဖြစ်ပါဝင်ရိုက်ကူးဖို့ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါပြီ။ အများသဘောကျနှစ်သက်နေတဲ့မင်းသမီး Seo Ye Ji ကတော့ Won Mi Ho နေရာကနေသရုပ်ဆောင်ဖို့ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပါတယ်။

“Island” ဇာတ်လမ်းတွဲကိုတော့ ဒီနှစ်နွေဦးမှာစတင်ရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၂၁ ဒုတိယနှစ်ဝက်မှာစတင်ပြသဖို့ အစီအစဥ်ဆွဲထားတာပါ။ နာမည်ကြီးမင်းသားမင်းသမီးတွေကို ကမ်းလှမ်းထားတာကြောင့် လူအများရဲ့စိတ်ဝင်စားမှုကိုရရှိထားတာဖြစ်ပြီး Seo Ye Ji နဲ့ Cha Eun Woo သာ ရိုက်ကူးရေးအတွက်လက်ခံလိုက်မယ်ဆိုရင် ဒီနှစ်အတွင်းမကြည့်မဖြစ်ကြည့်ရမဲ့ ဇာတ်လမ်းတွဲတစ်ခု ထပ်တိုးလာတော့မှာဖြစ်ပါတယ်။

Source: Soompi
Photos: Twitter
Written: Nay Chi

Share