Michael Jackson, Madonna တို့နဲ့ အလားတူ Billboard ရဲ့ ” The Greatest Pop Star Of Every Year” စာရင်းမှာ ပါဝင်ခဲ့တဲ့ BTS

BTS အဖွဲ့ဟာ Billboard က ထုတ်ပြန်ကြေညာခဲ့တဲ့ “တစ်နှစ်တာအတွက် အကြီးကျယ်ဆုံး Pop အဆိုရှင် ကြယ်ပွင့်များ” စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ Billboard ဟာ တစ်နှစ်တာအတွင်း လင်းလက်တောက်ပခဲ့တဲ့ အဆိုရှင်များစာရင်းကို နှစ်စဉ် ထုတ်ပြန်လေ့ရှိတာဖြစ်ပီး BTS ကတော့ ၂၀၂၀ အတွက် စာရင်းမှာ ပါဝင်လာခဲ့တာပါ။

ဒီစာရင်းကို စတင် ထုတ်ပြန်ခဲ့တာကတော့ ၁၉၈၁ မှ စတင် ထုတ်ပြန်ခဲ့တာဖြစ်ပြီး BTS အဖွဲ့ဟာ ကမ္ဘာကျော် ဂန္တဝင်အဆိုရှင်တွေဖြစ်တဲ့ Michael Jackson, Madonna, Whitney Houston, Mariah Carey, Nirvana, Backstreet Boys, Britney Spears, Kanye West, Eminem, Beyoncé, Justin Timberlake, Rihanna, Lady Gaga, Adele, Taylor Swift, Justin Bieber, Ed Sheeran, Drake နဲ့ Ariana Grande တို့လို ဒီစာရင်းမှာ ပါဝင်လာတာပဲ ဖြစ်ပါတယ်။

Billboard ဟာ ၂၀၂၀ အတွင်း BTS ရရှိခဲ့တဲ့ စံချိန်တွေကိုလည်း ပူးတွဲဖော်ပြခဲ့ပါတယ်။ BTS ဟာ ၂၀၂၀ ခုနှစ်မှာတော့ Grammy ဆုပေးပွဲအတွက် ဆန်ကာတင်ဆုရှင်စာရင်းမှာ ပါဝင်လာတဲ့ ပထမဆုံး ကိုရီးယား အနုပညာရှင် ဖြစ်ပြီး BTS ရဲ့ ” Life Goes On” ကတော့ Billboar ရဲ့ HOT 100 စာရင်းရဲ့ နံပါတ် ၁ နေရာကို ယူနိုင်ခဲ့တဲ့ ပထမဆုံး ကိုရီးယားဘာသာနဲ့ သီဆိုထားတဲ့ သီချင်းပဲ ဖြစ်ပါတယ်။

Mia Nazareno ကတော့ ဒီလိုပဲ BTS ကို ချီးကျူး ရေးသားခဲ့ပါတယ်။ ” ၂၀၂၀ မှာရရှိခဲ့တဲ့ BTS ရဲ့ စံချိန်တွေဟာ အမေရိကန် ပရိသတ်လူထုအနေနဲ့ မငြင်းနိုင်အောင်ပဲ BTS အဖွဲ့ရဲ့ အောင်မြင်မှုကို မျက်ဝါးထင်ထင် မြင်စေရုံသာမက Kpop ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကိုပါ ပိုမို သိသာ လာစေပါတယ်။” လို့လည်း BTS ကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

Congratulations BTS!

Source: Soompi
Photo: Naver
Written: Gyi Gyi

Share