အောင်မြင်ကျော်ကြားတဲ့ Disney Animation ရုပ်ရှင်နဲ့ တရုတ်မင်းသမီးချော Zhao Liying တို့ရဲ့ ပထမဆုံးပေါင်းစည်းမှု

Disney လို့ပြောလိုက်တာနဲ့ ကမ္ဘာတဝှမ်းက Animation ပရိတ်သတ်တွေကတော့ မိမိတို့ကြိုက်နှစ်သက်ရာဇာတ်ကောင်အမျိုးမျိုးကို ပြေးမြင်မိကြမယ်ဆိုတာသေချာပါတယ်။ စင်ဒရဲလား၊ စနိှုးဝိှုက်စတဲ့ ချစ်စရာမင်းသမီးလေးတွေကနေစပြီး Pooh ၊ Lion King ၊ Jungle Book အထိ လူသိများရေပန်းစားတဲ့ဇာတ်ကောင်များစွာကို ဖန်တီးပုံဖော်ခဲ့ပါတယ်။

2021 မှာလည်း “Raya and The Last Dragon” ဆိုတဲ့ Animation ရုပ်ရှင်နဲ့အတူ Raya ဆိုတဲ့ တက်ကြွထက်မြက်တဲ့ကောင်မလေးကို ပရိတ်သတ်တွေအတွက် ထပ်မံဖန်တီးပေးခဲ့ပါတယ်။ Frozen gold medal team ကနေတာဝန်ယူဖန်တီးထားတာဖြစ်ပြီး တောတွင်းစွန့်စားခန်းများနဲ့ ရိုက်ကူးပုံဖော်ထားတယ်လို့သိရပါတယ်။

ဒီရုပ်ရှင်မှာတော့ မကောင်းဆိုးဝါးအင်အားစုက တိုင်းပြည်ရဲ့လုံခြုံရေးကို နှောင့်ယှက်လာတဲ့အချိန်မှာ Raya ဟာ ကမ္ဘာပေါ်မှာရှိတဲ့နောက်ဆုံးနဂါးကို ရှာဖွေ ခေါ်ဆောင်လာခဲ့ပြီး တိုင်းပြည်အတွက်အလင်းရောင်ကိုယူဆောင်လာပေးခဲ့တာဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို 2021 မတ်လ(၅)ရက်နေ့ကနေစပြီး တရုတ်နိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ တရုတ်ဗားရှင်းမှာ Raya အဖြစ်ပါဝင်မယ့် အသံသရုပ်ဆောင်ကိုတော့ တရုတ်နိုင်ငံရဲ့ထိပ်တန်းမင်းသမီး Zhao Liying ကိုရွေးချယ်ခဲ့ပြီး ကောင်းမွန်ပြည့်ဝတဲ့ဖန်တီးမှုတွေကိုလုပ်ဆောင်နိုင်ခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။

Zhao Liying ရဲ့ပြီးပြည့်စုံတဲ့တင်ဆက်မှုပုံစံ၊ ကြည်လင်ပြတ်သားတဲ့အသံတို့က သူရဲကောင်းဇာတ်ကောင်ကို အပြည့်အဝအထောက်အပံ့ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ အသံသရုပ်ဆောင်အဖြစ် သူမရဲ့ ပထမဦးဆုံးအကြိမ်အတွေ့အကြုံလည်းဖြစ်ပါတယ်။

သို့ပေမယ့် ပထမဦးဆုံးအကြိမ်မှာကိုပဲ သူမရဲ့အရည်အချင်းကပေါ်လွင်ထင်ရှားခဲ့ပါတယ်။ အဖက်ဖက်ကနေ တင့်တယ်နေတဲ့ ထပ်တန်းမင်းသမီးတစ်ယောက်ဆီကနေ နောက်ထပ်အောင်မြင်ခြင်းရဲ့ပြယုဂ်ကို ပရိတ်သတ်တွေမြင်တွေ့ခွင့်ရခဲ့ပါတယ်။

Written: Nair Nair
Source: Tencent
Photos: Tencent

Share