Kim Min Jae နဲ့ Park Gyu Young တို့ရဲ့ မ​မျှော်လင့်ထားတဲ့ ​ပေါင်းစည်းမှုကို မြင်​တွေ့ရ​တော့မှာလား

မတ်လ ၉ ရက်​နေ့မှာ ကိုရီးယား အနုပညာ​လောကက ​ပြော​ရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ ​ပြောကြားချက်အရ မင်းသား Kim Min Jae နဲ့ မင်းသမီး Park Gyu Young တို့ဟာ KBS2TV ရဲ့ drama အသစ်ဖြစ်တဲ့ “Dal Li and Gamja-tang” (တိုက်ရိုက်ဘာသာပြန်) drama မှာ ​ပါဝင်ဖို့ ကမ်းလှမ်းခံထားရတယ်လို့ သိရှိရပါတယ်။

မင်းသား Kim Min Jae ရဲ့ ​အေဂျင်စီက​​တော့ Kim Min Jae ဟာ ‘Dal Li and Gamja-tang’ drama မှာ ​ခေါင်း​ဆောင်မင်းသားအဖြစ် ပါဝင်ဖို့ အတည်ပြုပြီးပြီလို့ ​ပြောပါတယ်။ “Dal Li and Gamja-tang” drama ဟာ တူညီမှု လုံးဝမရှိကြတဲ့ ​ယောကျ်ား​လေးတစ်​ယောက်နဲ့ မိန်းက​လေးတစ်​ယောက်ကြားက အချစ်ဇာတ်လမ်း​ပေါ် အ​ခြေခံထားတာ ဖြစ်ပါတယ်။

မင်းသား Kim Min Jae ဟာ gamja-tang (ဝက်​​ကျောရိုးစွတ်ပြုတ်အစပ်) ​ဆိုင်​သေး​သေး​လေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ မိသားစုက ဆင်းသက်လာပြီး DonDon F&B စာ​းသောက်ကုန်လုပ်ငန်းစုကြီးရဲ့ ဒါရိုက်တာဖြစ်တဲ့ Jin Mu Hak ​နေရာက ပါဝင်သရုပ်​ဆောင်မှာ ဖြစ်ပါတယ်။

Jin Mu Hak ဟာ ကုမ္ပဏီကြီးတစ်ခုရဲ့ ဒါရိုက်တာတစ်​ယောက်ဖြစ်​ပေမဲ့လည်း ဉာဏ်က​တော့ မ​ကောင်းပဲ ငယ်စဉ်က အတန်းထဲမှာ ဘိတ်ချီးရ​နေကြသူတစ်​ယောက် ဖြစ်ပါတယ်။ သူဟာ Kim Dal Li လို့​ခေါ်တဲ့ မိန်းက​လေးတစ်​ယောက် ပိုင်ဆိုင်တဲ့ အနုပညာပြခန်းကို လက်လွှဲယူဖို့ ကြိုးစားရင်းနဲ့ ထိုမိန်းက​လေးကို ချစ်မိသွားပါ​တော့တယ်။

မင်းသမီး Park Gyu Young က​တော့ Kim Dal Li ​နေရာမှာ ပါဝင်သရုပ်​ဆောင်ဖို့ ကမ်းလှမ်းခံထားရတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက သတင်းထွက်​ပေါ်ခဲ့ပြီး အခုချိန်ထိ​တော့ ပါဝင်ဖို့ကို စဉ်းစားသုံးသပ်​နေဆဲဖြစ်ပါတယ်။ “Dal Li and Gamja-tang” drama ကို “Witch’s Love” ဇာတ်လမ်းရဲ့ ဇာတ်ညွှန်း​ရေးဆရာမ Son Eun Hye နဲ့ Park Se Eun တို့က ဇာတ်ညွှန်း​ရေးသားထားပြီး ဒါရိုက်တာ Lee Jung Sub က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

Source : Soompi
Photo : Pinterest
Written : ZL

Share