“Word of Honor” ထဲက မင်းသားနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ အပြန်အလှန် ထင်မြင်ချက်

BL ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတဲ့ တရုတ် Bromance ဇာတ်လမ်းတွဲ “Word of Honor” ကတော့ တကယ့်အမြင့်ဆုံးစံချိန်တွေကို ရရှိထားပါတော့တယ်။ မမျှော်လင့်ထားဘဲနဲ့ BL ဆန်တဲ့ဇာတ်ဝင်ခန်းတွေကို ဝတ္ထုထဲကအတိုင်း ထည့်သွင်းရိုက်ကူးထားတာမျိုးတွေပါဝင်နေတာကြောင့် ကြည့်ရှုသူတွေ အကြိုက်တွေ့နေပါတော့တယ်။

မင်းသားနှစ်ယောက်ဖြစ်တဲ့ Zhang Zhehan နဲ့ Gong Jun တို့ကလည်း အတွဲညီလွန်းနေတာကို ကြည့်မိသူတိုင်း အသိဆုံးပါပဲ။ ဒီမင်းသားနှစ်​ယောက်ရဲ့ဆွဲဆောင်နိုင်မှုကတော့ ကြည့်မိသူတိုင်း အပြုံးတွေဝေနေတော့တာပါ။ March လ ၂ရက်နေ့တုန်းက မင်းသားနှစ်ယောက်ဟာ Live Stream လုပ်တဲ့ပွဲတစ်ခုမှာ အတူတူတက်ရောက်ခဲ့ပြီး ပရိသတ်တွေကို အချိုတွေကျွေးခဲ့ပါသေးတယ်။

ပွဲအခမ်းအနားမှူးက “Word of Honor” မင်းသားနှစ်ယောက်ရဲ့ ဇာတ်လမ်းမရိုက်ကူးမီ တစ်ယောက်အပေါ်တစ်ယောက်ထားရှိတဲ့ ပထမဆုံးထင်မြင်ချက်ကိုမေးမြန်းခဲ့တာပါ။ Zhang Zhehan က “ဇာတ်လမ်းမရိုက်ခင်က ကမ္ဘာပေါ်မှာ ဒီလူသားတည်ရှိနေမှန်းတောင် မသိပါဘူး” ဆိုပြီး Gong Jun ကိုကြည့်ကာပြောရင်း စကားအစပျိုးလိုက်တာကြောင့် ပွဲမှာရှိသမျှလူတွေအားလုံး ပြုံးစိစိဖြစ်ကုန်ပါတော့တယ်။

ဒီမေးခွန်းရဲ့အဖြေကိုတော့ Zheng Zhehan က ဦးစွာဖြေပေးခဲ့ပါ​တယ်။ “Gong Jun က အနုပညာလောကထဲကို ဝင်လာတာသိပ်မကြာသေးဘူးလေ..ပြီးတော့ သူက ရှေးဟောင်းဇာတ်လမ်းတွဲတွေသိပ်မရိုက်ဘူး။ ကျွန်တော်ကကျတော့လည်း ဒီလိုသိုင်းကားတို့၊ ရှေးဟောင်းဇာတ်လမ်းတို့ အရိုက်များပြီး ကိုယ်သိတဲ့သူလောက်နဲ့​ပဲ လက်တွဲအလုပ်လုပ်ဖြစ်တယ်။

အမှန်တိုင်းပြောရရင်တော့ ဇာတ်လမ်းမရိုက်ခင်တုန်းက Gong Jun အကြောင်း သိပ်ပြီးမသိခဲ့ဘူး။ TV လည်း သိပ်ပြီးကြည့်လေ့မရှိတော့ သူနဲ့ပတ်သက်ပြီး သိတဲ့အကြောင်းများများစားစားမရှိတာပါ။ သူ့ကို ညစာစားပွဲမှာစသိတာပါပဲ။ မြင်မြင်ချင်းကိုပဲ…Wow ဒီကောင်လေးက အရပ်ကြီးကလည်းအရှည်ကြီး ချောကလည်းချောသေးတယ်.. ချောလားမချောလားတွေးစရာကိုမလိုခဲ့ဘူး..တစ်ခါတည်းမြင်ရုံနဲ့ လူချောလေးဆိုပြီး တန်းတွေးမိတာပါပဲ” လို့ဖြေပေးခဲ့ပါတော့တယ်။

အပြန်အလှန်အနေနဲ့ Gong Jun ကတော့ “ ကျွန်တော်ကတော့ “Word of Honor” ထဲမှာ အတူတူသရုပ်တွဲဖက်သရုပ်ဆောင်ရမဲ့သူက Zhang Zhehan မှန်းသိတော့ Online ကနေ ရှာဖွေစူးစမ်းတာတွေလုပ်ခဲ့တယ်။ သူ့ရဲ့ Weibo ကို သွားစပ်စုတော့ ဝင်ကြည့်ကြည့်ချင်း မေးခွန်းတစ်ခုကပေါ်လာရော။

ဒီလူက သူ့ရဲ့ Unsername ကို ဘာလို့ “Fengzi (lunatic)” လို့ ပေးထားတာလဲပေါ့? ဒါပေမဲ့လည်း သူ့ကို့တစ်ခါမှမမေးဖူးဘူး။ Zhang Zhehan က တစ်ခုခုလုပ်ရင် စူးစူးစိုက်စိုက်လုပ်တတ်တော့ ဒီနာမည်ကိုဘာလို့သုံးလဲဆိုတာ ခံစားမိပါတယ်လေ” ဆိုပြီး ပြောလာခဲ့ပါတယ်။

ပွဲအစီအစဥ်မှူးက နာမည်အကြောင်းမေးတော့ Zhang Zhehan က “Gong Jun က ကျွန်တော့်အကြောင်းကောင်းကောင်းကြီးသိတယ်။ ကျွန်တော်နဲ့ပတ်သက်သမျှကိုလည်း လေ့လာစူးစမ်းနေတော့တာပဲ။ ကျွန်တော်ကတစ်ခုခုလုပ်ရင် တစိုက်မတ်မတ်နဲ့လုပ်တတ်တယ်။

ဇွဲကြီးတယ်ပေါ့လေ.ကျွန်တော်လုပ်စရာရှိတာကိုလည်း အရူးအမူးနဲ့ စွဲစွဲလန်းလန်းလုပ်တတ်လို့ ဒီလိုနာမည်ပေးဖြစ်ခဲ့တာပါ” ဆိုပြီး ရှင်းပြခဲ့ပါတော့တယ်။ အဓိကမင်းသားနှစ်ယောက်ရဲ့ ရင်းနှီးကျွမ်းဝင်မှုကတော့ အပြင်မှာလည်း နွေးထွေးလှပါတယ်။ အားပေးကြည့်ရှုနေတဲ့သူတွေလည်း သူတို့ရဲ့အဖြေလေးတွေကို သဘောကျလိမ့်မယ်လို့ ထင်ပါတယ်။

Source: 38jiejie
Photos: Weibo
Written: Nay Chi

Share