GMM TV မှ အဆင်းနဲ့အချင်းပြည့်စုံပြီး ဇာတ်လမ်းတွဲသစ်တွေထွက်လာဖို့ရှိနေတဲ့ ထိုင်းမင်းသား ၁၀ ဦး

GMM TV ဆိုတာကတော့ ထိုင်းဇာတ်လမ်းတွဲတွေကြိုက်နှစ်သက်သူတွေအတွက် မစိမ်းလောက်ပါဘူး။ ပရိသတ်အကြိုက် နာမည်ကြီးအနုပညာရှင်များစွာရှိတဲ့အနက် ၁၀ဦးသော ထိုင်းမင်းသားချောတွေကတော့ နိုင်ငံတကာကအားပေးမှုတွေကိုပါ လက်ခံရရှိထားပြီး ဇာတ်လမ်းသစ်တွေထွက်လာဖို့လည်းရှိနေပါတယ်။ ထိုမင်းသားတွေကတော့…

Bright Vachirawit

Bright Vachirawit ကတော့ BL Series ဖြစ်တဲ့ “2Gether The Series” မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ပရိသတ်တွေအများအပြားရရှိခဲ့သလို ဇာတ်လမ်းတွဲကလည်း ရေပန်းစားလူကြိုက်များခဲ့ပါတယ်။ Bright ဟာ “F4 Thailand: Boys Over Flowers” Remake ဇာတ်လမ်းတွဲကို ရိုက်ကူးထားပြီး မကြာတော့တဲ့အနာဂတ်မှာ ကြည့်ရတော့မှာပါ။

Win Metawin

Bright Vachirawit နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Win Metawin ကလည်း GMM TV ရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်ပါတယ်။ “2Gether The Series” ဇာတ်လမ်းကို အတူတွဲဖက်ရိုက်ကူးထားသလိုပဲ “F4 Thailand: Boys Over Flowers” မှာလည်း သူတို့နှစ်ယောက်ကို အတူတူပြန်တွေ့ရဦးမှာဖြစ်ပါတယ်။

Off Jumpol

GMM TV ရဲ့ အထင်ကရမင်းသားတွေထဲမှာ Off Jumpol ကလည်း မပါမဖြစ်ပါပဲ။ Off ဟာ ၂၀၂၁ အတွင်း “46 Days” နဲ့ “Not Me” ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေကို သိမ်းပိုက်ဦးတော့မှာပါ။

Atthaphan Poonsawas

အသက်ငယ်ရွယ်သေးပေမဲ့ အရည်အချင်းရှိတဲ့ မင်းသား Atthaphan Poonsawas ကတော့ ဇာတ်လမ်းတွဲသစ်နှစ်ခု “The War of Flowers” နဲ့ “Not Me” ကိုရိုက်ကူးထားခဲ့ပြီး သူ့ရဲ့သရုပ်ဆောင်ချက်တွေကို အားပါးတရကြည့်နိုင်မှာပါ။

Tay Tawan

Tay Tawan ကလည်းပဲ GMM TV ရဲ့ နာမည်ကြီးတဲ့ကြယ်ပွင့်မင်းသားလေးပါပဲ။ ပရိသတ်တွေကို ဂရုစိုက်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ Tay ကတော့ “The Player” ဇာတ်လမ်းတွဲသစ်ကို ရိုက်ကူးထားပြီးပြီမို့လို့ ကြည့်ဖို့အတွက် အားခဲထားရပါဦးမယ်။

New Thitipoom

New Thitipoom နဲ့ Tay Tawan ကတော့ ပရိသတ်တွေရဲ့ Ship ပေးတာကို အများကြီးရရှိထားတဲ့အတွဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေအတူတူရိုက်ကူးထားသလို လက်ရှိမှာလည်း TayNew Meal Date နဲ့ ပရိသတ်တွေရဲ့အားပေးခြင်းကို ရရှိနေတာပါ။

Krist Perawat

GMM TV ရဲ့နောက်ထပ်နာမည်ကြီးမင်းသားလေးကတော့ Krist Perawat ပါပဲ။ ၂၀၂၁ အတွင်းမှာတော့ Krist ရဲ့ “An Eye of an Eye” နဲ့ “The War of Flowers” ဇာတ်လမ်းတွဲသစ် ၂ ခုကို ကြည့်ရဖို့ ရှိနေပါတယ်။

Singto Prachaya

မင်းသား Singto Prachaya ကတော့ “Sotus The Series” ဇာတ်လမ်းတွဲပြီးတဲ့နောက် တဟုန်ထိုးနာမည်ကြီးလာခဲ့တဲ့ မင်သားလေးပါပဲ။ Singto အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းသစ် “Baker Boys” ကတော့ ပရိသတ်ကြီးတို့ရဲ့အကြိုက်နဲ့ ထပ်တူကျနေဦးမှာပါ။

Lee Thanat

အားပေးသူအများအပြားရှိတဲ့ Lee Thanat ကတော့ ဇာတ်လမ်း ၃ ခုတောင်ရိုက်ကူးခဲ့ပြီး သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ “Baker Boys”, “Irresistable” နဲ့ “Mama Gogo” တို့ကတော့ ပရိသတ်ကြားမှာ နာမည်ကြီးလာဦးတော့မှာပါ။

Joss Way-ar

Joss Way-ar ကတော့ အဆင်းရော၊အချင်းပါ ပြီးပြည့်စုံနေတဲ့ မင်းသားဖြစ်ပါတယ်။ Joss ကိုတော့ “The Player”, “Step Darling” နဲ့ “Drag, I Love You” ဇာတ်လမ်းတွဲ ၃ ခုမှာ တဝကြီးအားပေးလို့ရတော့မှာဖြစ်ပါတယ်။

Source: ThaiUpdate
Photos: Twitter
Written: Nay Chi

Share