IFPI ( International Federation of the Phonographic Industry) ကတော့ ကမ္ဘာတဝှမ်းမှာရှိတဲ့ Music recording industry ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော် ပါဝင်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ IFPI ဟာ တစ်နှစ်တာအတွက် ဂီတပိုင်းနဲ့ပတ်သတ်တဲ့ ထိပ်တန်းစာရင်းတွေကို ထုတ်ပေးလေ့ရှိပီး လူအများ စိတ်ဝင်တစား စောင့်ကြည့်ရတဲ့ မှတ်တမ်းပဲ ဖြစ်ပါတယ်။
ခုဆိုရင်တော့ IFPI ဟာ 2020 ခုနှစ်အတွက် အအောင်မြက်ဆုံး ထိပ်တန်း Digital သီချင်း (၁၀) ပုဒ်ကို ထုတ်ပြန်လိုက်ပါပီ။ ဒီသီချင်းတွေဟာတော့ ၂၀၂၀ အတွင်း နားထောင်မှုအများဆုံးနဲ့ ရောင်းအားအကောင်းဆုံး သီချင်းတွေ ဖြစ်ပါတယ်။ လူအများ စိတ်ဝင်တစား စောင့်ကြည့်ရတဲ့ စာရင်း ဖြစ်တာနဲ့အညီ နာမည်ကျော် “Forbes” မှလည်း ဒီစာရင်းကို ပြန်လည် ဖော်ပြခဲ့ပါတယ်။
၂၀၂၀ အတွက် ထိပ်တန်းသီချင်း ၁၀ ပုဒ်မှာတော့ ထူးခြားစွာပဲ တရုတ်နိုင်ငံမှ အနုပညာရှင်ဖြစ်တဲ့ Xiao Zhan နဲ့ တောင်ကိုရီးယားမှ အဆိုရှင်အဖွဲ့ ဖြစ်တဲ့ BTS တို့လည်း ပါဝင်လာခဲ့ပါတယ်။ သူတို့ကတော့ ဒီစာရင်းမှာ အာရှနိုင်ငံများမှ ပါဝင်လာနိုင်ခဲ့တဲ့ အနုပညာရှင်တွေပါ။
Xiao Zhan ရဲ့ “Made to Love ( Spotlight)” ကတော့ နံပါတ် (၇) နေရာမှ ရပ်တည်နိုင်ခဲ့ပီး၊ BTS ရဲ့ “Dynamite” ကတော့ နံပါတ် (၁၀) နေရာကို ရယူထားနိုင်ခဲ့ပါတယ်။ သူတို့ ရဲ့ သီချင်းတွေကိုတော့ IFPI မှ ဒီလိုပဲ ဖော်ပြခဲ့ပါတယ်။
7. Xiao Zhan “Made To Love (Spotlight)”
တရုတ် ထိပ်တန်း အနုပညာရှင် Xiao Zhan ကတော့ နံပါတ် ၇ နေရာမှာ ရပ်တည်နေနိုင်ခဲ့ပါတယ်။ “Made To Love” ဟာ အမိနိုင်ငံမှာ အောင်မြင်မှုတွေ ရရှိထားတဲ့အပြင် ရောင်းအားအကောင်းဆုံးစံချိန်များစွာ ချိုးထားနိုင်ခဲ့တဲ့ Digital သီချင်းတစ်ပုဒ်ပါ။
10. BTS “Dynmaite”
BTS ကတော့ သူတို့ရဲ့ သီချင်း “Dynamite” နဲ့ နံပါတ် ၁၀ နေရာကို ရရှိထားပါတယ်။ သူတို့ရဲ့ ၂၀၂၀ ခုနှစ် ဩဂုတ်လမှ ထွက်ရှိခဲ့တဲ့”Dynamite” ဟာ Youtube, Spotify စတဲ့ platform တို့မှာ Streaming အများဆုံးသီချင်းလည်း ဖြစ်ခဲ့ပါသေးတယ်။
BTS အနေနဲ့ကတော့ IFPI ရဲ့ “Global Digital Single Chart” မှာ ပထမဆုံး ပါဝင်လာခဲ့တာဖြစ်ပါတယ်။ Xiao Zhan အနေနဲ့ကတော့ နှစ်ပေါင်း ၈၈ နှစ်အတွင်း ဒီ စာရင်းထဲကို ဝင်လာနိုင်ခဲ့တဲ့ ပထမဆုံး တရုတ်နိုင်ငံမှ အနုပညာရှင်ပါ။ ဒါ့ကြောင့်လည်း တရုတ် သတင်းစာမျက်နှာများမှ ဂုဏ်ယူစွာ ဖော်ပြနေကြပါတယ်။ IFPI မှ ဖော်ပြခဲ့တဲ့ 2020အတွက် ကမ္ဘာထိပ်တန်းသီချင်းများ (၁၀) ပုဒ် အပြည့်အစုံကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
Congratulations!!
Source: IFPI & Forbes
Photo: IFPI
Written: Gyi Gyi