ဟတ်ကာ အုပ်စုတစ်စုရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့ BTS အဖွဲ့ရဲ့ TikTok account

BTS အဖွဲ့ရဲ့ လူသိရှင်ကြား တရားဝင် TikTok account ဟာ မတ်လ ၁၀ ရက်​နေ့ မနက်အ​စောပိုင်းက ဟတ်ခံခဲ့ရပြီး ထို account မှာ ထူးဆန်းတဲ့ ​ပြောင်းလဲမှု​တွေ ဖြစ်​ပေါ်​နေတာကို ARMY ​တွေက သတိထားမိခဲ့ပါတယ်။

ထို account မှာ “မကြာမီ” လို့ ​ခေါင်းစဉ်တပ်ထားတဲ့ video တစ်ခုကို ​​တင်ခဲ့ပြီး ထို video ထဲမှာ လူတစ်​ယောက်က သံရိုက်တူတစ်လက်ကို ​အော်ဂင်​ပေါ်မှာ​​ ​ဇောက်ထိုးပုံစံထောင်လိုက်ပြီး သည်းထိတ်ရင်ဖို ဇာတ်ကားထဲက ​နောက်ခံတီးလုံးနဲ့ ဆင်တူတဲ့ သံစဉ်တစ်ခုကို တီးခတ်​နေတာကို မြင်​တွေ့ရမှာပါ။ အခု​တော့ အဲ့ဒီ video ကို ပြန်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

ထို့အပြင် ထို တရားဝင် TikTok account က​နေ BTS နဲ့ မသက်ဆိုင်တဲ့ video တစ်ခုကိုလည်း like လုပ်ခဲ့ပါတယ်။ ယခင်က ထို account ဟာ BTS နဲ့ သက်ဆိုင်​သောအရာများ (ဥပမာ – TikTok အသုံးပြုသူ​တွေက “Dynamite” သီချင်းနဲ့ cover dance ကတာမျိုး) ကိုသာ like လုပ်​လေ့ရှိတာပါ။

ARMY ​တွေဟာ BTS ရဲ့ TikTok account ကိုဟတ်တဲ့သူ​တွေက သူတို့ရဲ့ ကိုယ်ပိုင် TikTok account (သို့) သူတို့နဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်ရတဲ့ TikTok account ၂ခုကိုလည်း follow လုပ်ထားတာကို ​​တွေ့ခဲ့ရပါတယ်။ အခု​တော့ ထို account ၂ ခုကို unfollow ပြန်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

ဒါတင်မက​သေးပဲ ARMY ​တွေဟာ သူတို့ကို သူတို့ “Team Alpha” လို့ အမည်​ပေးထားတဲ့ အဖွဲ့တစ်ခုက BTS ရဲ့ TikTok account ကို ဟတ် ခဲ့တဲ့ ဖြစ်နိုင်​ခြေရှိတာကိုလည်း ​ရှာ​တွေ့ခဲ့ပါတယ်။ ဘာ​ကြောင့်လဲဆို​တော့ သူတို့​​တွေရဲ့ username နဲ့ social media ​တွေမှာ post ​တင်တဲ့ အချိန်​တွေဟာ တူညီ​နေလို့ပဲ ဖြစ်ပါတယ်။

ထို Team Alpha ရဲ့ Instagram account က BTS ရဲ့ TikTok account ဟာ သူတို့ရဲ့ ပစ်မှတ်ဖြစ်​ကြောင်းကို ပြသခဲ့ပါတယ်။ ထို့​နောက် သူတို့ရဲ့ အကြံအစည်​အောင်မြင်ပြီး BTS account ရဲ့​description ကို ​ပြောင်းလဲနိုင်လိုက်​ကြောင်း တင်ခဲ့ပါတယ်။ ​နောက်ဆုံးအ​နေနဲ့ သူတို့ဟာ အ​ပျော်သ​ဘောနဲ့ လုပ်ခဲ့တာဖြစ်​ကြောင်းလည်း ​ပြောထားပါ​သေးတယ်။

ထို့​နောက် သဘာဝကျစွာပဲ ARMY ​တွေဟာ account ရဲ့ လုံခြုံမှုကို ​သေချာထိန်းသိမ်း​ပေးဖို့နဲ့ Big Hit Entertainment ရဲ့ ထိန်းချုပ်မှု​အောက်ကို ပြန်လည်​ပေးအပ်ဖို့ Tik Tok ကို တောင်းဆိုခဲ့ပါတယ်။ BTS အဖွဲ့ရဲ့ TikTok account မှာ ဖြစ်​ပေါ်ခဲ့တဲ့ အ​ပြောင်းအလဲ​တွေကို ယခုအခါမှာ နဂိုအတိုင်း ပြန်လည်ပြန်ဆင်လိုက်ပြီ ဖြစ်ပါတယ်။

Source : Koreaboo
Photo : Twitter
Written : ZL

Share