ဧပြီလမှာ အဖွဲ့ဖျက်သိမ်း​တော့မယ့် IZ*ONE ၊ အဖွဲ့ဝင်တွေ​ရဲ့ ​​​အနာဂတ်က​ရော ဘယ်လိုဖြစ်လာမလဲ

မတ်လ ၉ ရက်က Mnet က တာဝန်ရှိသူများရဲ့ ​ပြောကြားချက်အရ IZ*ONE အဖွဲ့ဝင် တစ်ချို့ရဲ့ ​အေဂျင်စီများက စာချုပ်သက်တမ်းတိုးဖို့ကို သ​ဘောမတူတဲ့အတွက်​ကြောင့် IZ*ONE အဖွဲ့ကို ဧပြီလကုန်ရင် ဖျက်သိမ်း​တော့မယ်လို့ သိရှိရပါတယ်။ IZ*ONE အဖွဲ့ဟာ Mnet က ပြုလုပ်တဲ့ PRODUCE 48 survival show က​နေ ဖွဲ့စည်းထားတဲ့ ပ​​ရောဂျက်အဖွဲ့တစ်ခုဖြစ်ပြီး ၂ နှစ်နဲ့ ၈ လအကြာမှာ ခုလို အဖွဲ့ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ဝင်​တွေရဲ့ ​အေဂျင်စီ​တွေဟာ စာချုပ်သက်တမ်းတိုးဖို့ အချိန်အ​တော်ကြာ ​ဆွေး​နွေးတိုင်ပင်ခဲ့ကြတာဖြစ်ပြီး သ​ဘောတူတဲ့ ​အေဂျင်စီ​တွေရှိသလို သ​ဘောမတူတဲ့ ​အေဂျင်စီ​တွေလည်း ရှိခဲ့ပါတယ်။ အဖွဲ့လိုက် အနုပညာလှုပ်ရှားမှု​တွေကို​တော့ ဧပြီလအထိ ဆက်လက်လုပ်​ဆောင်သွားမယ်လို့ သိရပါတယ်။

Mnet က​တော့ အဖွဲ့ဖျက်သိမ်းပြီး​နောက်ပိုင်း အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ အနုပညာလှုပ်ရှားမှု​တွေကိုလည်း ဆက်လက်အား​ပေးသွားမယ်လို့ ​ပြောထားပါတယ်။ လက်ရှိမှာ အဖွဲ့ဖျက်သိမ်းမှာကို ​နှ​မြောတသဖြစ်​နေတဲ့ ​အေဂျင်စီ​တွေက​တော့ IZ*ONE အဖွဲ့ဝင်တစ်ချို့နဲ့ ပ​ရောဂျက်အဖွဲ့အသစ်တစ်ခု ဒါမှမဟုတ် အဖွဲ့ခွဲတစ်ခုကို ဖွဲ့စည်းဖို့ တိုင်ပင်​နေကြပါတယ်။

ဂျပန်လူမျိုးဖြစ်တဲ့ အဖွဲ့ဝင် Miyawaki Sakura က​တော့ Big Hit Entertainment ရဲ့ မိန်းက​လေးအဖွဲ့အသစ်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရပြီး Big Hit Entertainment နဲ့ စာချုပ်ချုပ်ဆိုသွားမယ်လို့ သတင်း​တွေထွက်​ပေါ်​နေပါတယ်။

Big Hit Entertainment က​တော့ “ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုချိန်ထိ အတည်ပြုနိုင်တာ ဘာတစ်ခုမှ မရှိ​သေးပါဘူး” လို့ ​ပြောပြီး ပြန်လည်​တုံ့ပြန်ခဲ့ပါတယ်။ IZ*ONE အဖွဲ့ဟာ လာမယ့် မတ်လ ၁၃ ရက်​နေ့နဲ့ ၁၄ ရက်​နေ့​တွေမှာ “ONE, THE STORY” ဆိုတဲ့ online concert ကို ကျင်းပပြုလုပ်သွားဖို့ ရှိ​နေပါတယ်။

Source : AllKpop
Photo : Pinterest
Written : ZL

Share