MV ထွက်ရှိပြီး 24 နာရီ အတွင်း 1st Kpop Solo Artist ဆိုတဲ့ စံချိန်တွေချည်းဘဲ ချိုးခဲ့တဲ့ Rosé

March လ 12 ရက်နေ့ 2pm KST time မှာတော့ Rosé ဟာ သူမရဲ့ ပထမဆုံး single Album ဖြစ်တဲ့ -R- album နဲ့ Solo Artist အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။ Title song ဖြစ်တဲ့ On The Ground သီချင်းဟာ ထွက်ရှိပြီးပြီးချင်း အချိန်တိုလေး အတွင်းမှာ Korean Charts တွေရဲ့ ထိပ်တွေမှာ ရောက်နေရုံသာမက တကမ္ဘာလုံး အတိုင်းအတာရဲ့ iTune Charts မှာပါ No.1 ချိတ်နိုင်ခဲ့ပါတယ်။

March လ 13ရက်နေ့ 10:41 am (KST)မှာတော့ United States, Canada, Brazil, Mexico, Chile, Spain, France, Greece, Portugal, Turkey, Hong Kong, Macau, Singapore, Thailand, Vietnam အစရှိတဲ့ နိုင်ငံပေါင်း 51 နိုင်ငံရဲ့ iTunes Charts တွေမှာ Top 1 ရနေပါတယ်။

MV ထွက်ရှိပြီး 24 နာရီ ပြည့်တဲ့အခါမှာလည်း YouTube viewers 39 million နဲ့ 4.3 like ရရှိခဲ့ပါတယ်။ ဒီ စံချိန်ဟာ 8 နှစ်တာတိုင်အောင်တည်မြဲနေတဲ့ PSY ရဲ့ “Gangnam style” သီချင်းစံချိန်ကိုပါ ကျော်တက်သွားခဲ့တာပါ။ ခုတော့ Rosé ဟာ ပထမဆုံး 24နာရီအတွင်းမှာ YouTube viewer အများဆုံး “First K pop Soloist in History” ဖြစ်လာခဲ့ပါပြီ။

Physical Sale အပိုင်းမှာဆိုလည်း Pre-order album sale အများဆုံး ပထမဆုံး Korean အနုပညာရှင်အမျိုးသမီး ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ပါတယ်။ March လ 14 မှာတော့ SBS “Inkigayo.” အစီအစဉ်မှာ Rosé ဟာ “On The Ground” သီချင်းနဲ့ သွားရောက် ဖျော်ဖြေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် March လ 16 ရက်နေ့မှာ U.S. television ဖြစ်တဲ့ NBC ကနေ လွှင့်မဲ့ “The Tonight Show Starring Jimmy Fallon” မှာ ပထမဆုံး ဖိတ်ကြားခံရတဲ့ Korean Soloist လည်း ဖြစ်ပါတယ်။Vocal Queen ဖြစ်တဲ့ Rosé တစ်ယောက် ခုလိုစံချိန်တွေ အများကြီးချိုးထားတဲ့အပြင် ဆက်လက်ပြီး ဘယ်လို ဆုတွေ သိမ်းပိုက်မလည်း ဆိုတာ ရင်ခုန်နေပါပြီ။

Source: Koreaboo
Written : Violet

Share