“A Tale of Thousand Stars” ထဲက မင်းသားချော Mix Sahaphap အကြောင်း တစေ့တစောင်း

လက်ရှိမှာနာမည်ကြီးလူကြိုက်များနေတဲ့ ထိုင်း BL ဇာတ်လမ်းတွဲတစ်ခုရှိနေပါတယ်။ “A Tale of Thousand Stars” ဇာတ်လမ်းတွဲကတော့ ကြည့်ရှုသူများပြားနေသလို အဓိကသရုပ်ဆောင်မင်းသားနှစ်ယောက်ရဲ့ ဆရာကျနေတဲ့သရုပ်ဆောင်ချက်တွေကြောင့် ကြည့်မိရင် နောင်တမရမိစေမဲ့ဇာတ်လမ်းတစ်ကားပါပဲ။

ဒီဇာတ်လမ်းထဲက မင်းသားချော Mix Sahaphap ကလည်း သူ့ရဲ့ချောမောပြေပြစ်တဲ့ရုပ်ရည်၊ ကျွမ်းကျင်တဲ့သရုပ်ဆောင်စွမ်းရည်တွေကြောင့် ကြည့်ရှုအားပေးသူတွေကသဘောကျနေသလို သူ့ရဲ့အကြောင်းကိုလည်း စိတ်ဝင်စားလျက်ရှိနေပါတယ်။ ဒါကြောင့်မို့လို့ Mix ရဲ့အကြောင်းလေးကို တစိတ်တစ်ပိုင်းဖော်ပြပေးလိုက်ပါတယ်။

အများက Mix လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့မင်းသားလေးရဲ့နာမည်အရင်းကတော့ Mix Sahaphap Wongratch ဖြစ်ပါတယ်။ GMMTV ရဲ့နာမည်ရမင်းသားတစ်လက်ဖြစ်သလို သီချင်းလည်းကောင်းမွန်စွာသီဆိုနိုင်တဲ့မင်းသားလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ တက္ကသိုလ်တက်နေဆဲဖြစ်ပြီး နာမည်ကြီး Chulalongkorn တက္ကသိုလ်မှာ Veterinary Medicine ဘာသာရပ်ကိုအထူးပြုလေ့လာနေတာမို့လို့ မကြာခင်မှာ တိမွေး/ကု ဆရာဝန်လေးဖြစ်လာတော့မှာပါ။ ၁၉၉၈ ခုနှစ် July လ ၂၂ ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာမွေးဖွားခဲ့ပြီး လက်ရှိမှာ အသက် ၂၂ နှစ်ပဲရှိပါသေးတယ်။

အရပ်ကတော့ ၅ပေ ၁၀ လက်မ (၁၇၈ စင်တီမီတာ) ရှိပြီး မိန်းကလေးတွေရဲ့ စိတ်ကူးယဉ်ပုံစံလေးပါပဲ။ mixxiw ကို ရိုက်နှိပ်ပြီး Instagram မှာ Following လုပ်လို့ရသလို wixxiws ကိုရိုက်နှိပ်ပြီး Twitter မှာပါ Following လုပ်ထားပြီး Mix ရဲ့ကို အားပေးနိုင်ပါသေးတယ်။

ငယ်စဉ်ကတည်းက တိရိစ္ဆာန်လေးတွေကို ချစ်ခင်ယုယတတ်တာကြောင့် တိမွေး/ကု ကို အထူးပြုလေ့လာဖို့ရွေးချယ်ခဲ့တယ်လို့ဆိုပါတယ်။ တောက်ပတဲ့အရောင်လေးတွေဖြစ်တဲ့ အနီရောင်နဲ့အဝါရောင်ကို ကြိုက်နှစ်သက်သူဖြစ်ပြီး စာအုပ်ဖတ်ရတာကိုလည်း အထူးနှစ်သက်ပါတယ်လို့ ပြောပြဖူးပါတယ်။

Mix ဟာ အဖွဲ့ဝင် ၁၆ ယောက်သာရှိတဲ့ Cute Chef Thailand အဖွဲ့ရဲ့ ရုပ်ချောချောအဖွဲ့ဝင်တစ်ယောက်လည်းဖြစ်နေပြန်ပါတယ်။ မင်းသားတစ်ယောက်ဖြစ်လာတော့ TV ဇာတ်လမ်းတွဲတွေအနေနဲ့ ၂၀၂၁ မှာပဲ Fish Upon The Sky ဆိုတဲ့ဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ပြီး လက်ရှိမှာတော့ A Tale of Thousand Stars ဇာတ်လမ်းတွဲနဲ့ ပရိသတ်များစွာတိုးနေတာဖြစ်ပါတော့တယ်။

Mix ကတော့ သိပ်မကြာသေးခင်ကမှ The Standard ရဲ့ Tweet တစ်ခုကို Retweet လုပ်ပေးကာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး အားပေးဖေးမမှုကိုပြသခဲ့ပါသေးတယ်။ ရုပ်ရည်ရူပကာအပြင် အရည်အချင်းနဲ့စိတ်ဓာတ်ပြည့်ဝသူဖြစ်တာကြောင့် ထိုင်းအနုပညာလောကထဲမှာ အောင်မြင်မှုအပေါင်းကိုရရှိဦးတော့မှာလည်းဖြစ်ပါတယ်။

Source: ThaiUpdate & Twitter
Photos: Twitter
Written: Nay Chi

Share