ပရိသတ်တွေရဲ့အာရုံကို ဆွဲဆောင်ထားနိုင်နေတဲ့ Thai Channel 7 မှ နာမည်ကြီးလာတဲ့ကြယ်ပွင့် ၇ ဦး

အနုပညာရှင်ကြယ်ပွင့်​ပေါင်းများစွာကို မွေးထုတ်ပေးရာ Thai Channel 7 ကတော့ လက်ရှိမှာလည်း ပရိသတ်အာရုံကိုဖမ်းစားထားနိုင်နေတဲ့ နာမည်ကြီး ၇ ယောက်ကိုပျိုးထောင်နေပါတယ်။ ထို ၇ ယောက်ကတော့ ပရိသတ်အခိုင်အမာရရှိလာပြီး အနုပညာလောကထဲမှာ ထဲထဲဝင်ဝင်နေရာယူလာခဲ့ပါတယ်။

Kem Hussawee

ထိုင်း၊ တရုတ်နဲ့ နိုင်ငံပေါင်းများစွာမှာ နာမည်ကျော်လာခဲ့တဲ့မင်းသားတစ်လက်ကတော့ Kem Hussawee ပါပဲ။ “So Wayree” ဇာတ်လမ်းတွဲနဲ့ လူကြိုက်များကျော်ကြားလာခဲ့ပြီး အာရုံစိုက်မှုအများအပြားကိုပါ ရရှိထားပါတယ်။ လက်ရှိမှာတော့ “Phao Khon” နဲ့ “Koei Baan Rai Sapai Hi-So” ဆိုတဲ့ ဇာတ်လမ်းတွဲသစ်နှစ်ခုကို ရိုက်ကူးထားပါသေးတယ်။

Mookda Narinrak

မင်းသမီးချော Mookda Narinrak ရဲ့ အောင်မြင်ကျော်ကြားမှုကလည်း တဟုန်ထိုးပါပဲ။ သူမရဲ့ “Koo Kaen San Ruk” ဇာတ်လမ်းသစ်ကတော့ Thai channel 7 မှာ ထုတ်လွှင့်ပြသနေဆဲဖြစ်ပြီး ကြည့်ရှုသူများတဲ့ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။ Kem Hussawee နဲ့လည်း “Koei Baan Rai Sapai Hi-So” ဆိုတဲ့ဇာတ်လမ်းသစ်ကိုရိုက်ကူးထားသလို Ko Vasin နဲ့လည်း ဇာတ်လမ်းသစ်ရိုက်ကူးဖို့ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Pupe Kessarin

Thai Channel 7 ရဲ့ နာမည်ရလာတဲ့ မင်းသမီး Pupe Kessarin ကလည်း ဇာတ်လမ်းသစ် ၃ ခုကိုရိုက်ကူးထားပါတယ်။ သရုပ်ဆောင်ကောင်းတဲ့မင်းသားတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့အသစ်ထွက်လာမဲ့ “Katha Singh”, “Rarng Ruk Prang Jai” နဲ့ “Buang Wimala” ဇာတ်လမ်းသစ်ကို စောင့်ကြည့်အားပေးနိုင်မှာဖြစ်ပါတယ်။

Donut Phattharapon

“Fah Mee Tawan” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကိုဆွဲဆောင်သိမ်းပိုက်ခဲ့ပြီး နာမည်ကြီးကျော်ကြားလာတဲ့ Donut Phattharapon ကတော့ “Rarng Ruk Prang Jai” နဲ့ “Sao 5” ဆိုတဲ့ ဇာတ်လမ်းသစ်တွေကို လက်ခံရိုက်ကူးထားပါတယ်။ အပြုံးချိုချိုလေးနဲ့ ပရိသတ်တွေကိုဆွဲဆောင်နိုင်တဲ့ နာမည်ရမင်းသားတစ်လက်လည်းဖြစ်ပါတယ်။

Prapye Ramida

“Fah Mee Tawan” မှာ ခေါင်းဆောင်မင်းသမီးအဖြစ် လက်ခံရိုက်ကူးခဲ့တဲ့ မင်းသမီး Prapye Ramida ကလည်း ပရိသတ်မြောက်မြားစွာရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ မင်းသားကြီး Weir Sukollawat နဲ့အတူ “Krong Nampueng” နဲ့ ဇာတ်လမ်းသစ်ကိုတွဲဖက်ရိုက်ကူးနေပါတယ်။

Pinkploy Paparwadee

Thai Channel 7 ရဲ့ နောက်ထပ်နာမည်ရမင်းသမီးတစ်လက်ကတော့ Pinkploy Paparwadee ပါပဲ။ သရုပ်ဆောင်အရည်အချင်းပြည့်ဝသူဖြစ်တာကြောင့် အသစ်ရိုက်ကူးထားတဲ့ “Samee Chua Keun” နဲ့ “Prang Sanaeha” ဇာတ်လမ်းသစ်တွေဟာ နာမည်ကြီးလာဦးတော့မှာပါ။

Bank Artit

မင်းသား Bank Artit ကတော့ “Rahut Rissaya” မှာ ပါဝင်ရိုက်ကူးခဲ့ပြီး သူ့ရဲ့ကျွမ်းကျင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ကြည့်ရှုသူတွေဆီကနေ ချီးကျူးသံတွေညံညံဝေခဲ့ပါတယ်။ မင်းသားဟာ “Katha Singh” ဆိုတဲ့ဇာတ်လမ်းသစ်ကို မကြာခင်မှာရိုက်ကူးတော့မှာလည်းဖြစ်ပါတယ်။

Source: ThaiUpdate
Photos: Weibo
Written: Nay Chi

Share