ပွဲဦးမထွက်ခင်နေ့ရက်တွေက အကြောင်းအရာတွေ ထင်ဟပ်နေတဲ့ Rosé ရဲ့ “On The Ground” သီချင်း

BLACKPINK အဖွဲ့ရဲ့နတ်မိမယ်လေး Rosé ရဲ့ solo album -R- ဟာ March လ 12 ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။ Album မှာ သီချင်း နှစ်ပုဒ်ပါဝင်ပြီး Gone နဲ့ On The Ground ဖြစ်ပါတယ်။ On The Ground ကတော့ Title track ဖြစ်ပြီး Gone ကတော့ side track ဖြစ်ပါတယ်။ နှစ်ပုဒ်လုံးဟာ English လိုဘဲ ဆိုထားတာဖြစ်ပြီး Rosé က Korea စာသားမပါလို့ အနည်းငယ်စိုးရိမ်ခဲ့ပေမဲ့ သီချင်းနဲ့လိုက်ဖက်မဲ့ Language သာ ရွေးချယ်ခဲ့ပါတယ်လို့ ဆိုပါတယ်။

Gone သီချင်းကတော့ online concert “The Show” ကျင်းပတုန်းက Blink တွေအတွက် ဆိုပြီး Rosé က ဦးဦးဖျားဖျား ဆိုပြဖူးပါတယ်။ ယခုထွက်ရှိတဲ့ Title song “On The Ground” သီချင်းကတော့ Debut MV အဖြစ်ပါ ရိုက်ကူးထားပါတယ်။ BLACKPINK အဖွဲ့ရဲ့ Actor လေးလို့ ခေါ်ရတဲ့အထိ MV တွေမှာ အိုက်တင်အရမ်းကောင်းခဲ့တဲ့ Rosé ဟာ ခု MV မှာလည်း စိတ်ရောကိုယ်ပါနှစ်ပြီး ရိုက်ကူးထားတာကို တွေ့ရမှာပါ။

ဒီ”On The Ground” သီချင်းဟာ သူမအတွက် ဘယ်လို အဓိပ္ပါယ်တွေနဲ့ ပြည့်စုံနေသလည်းဆိုတာကို Press conference မှာ ခုလိုရှင်းပြခဲ့ပါတယ်။ “ကျွန်မတို့တတွေဟာ အမြင့်တစ်နေရာရောက်ဖို့ကို ကံကြမ္မာရဟတ်ဘီးမှာ အမြဲပြေးလွှားနေရတာလေ။ အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ အစစ်အမှန်က ဘာဆိုတာ သိဖို့ပါဘဲ”

ဒီသီချင်းထဲက သူမ စိတ်ထဲစွဲအထင်ဆုံး သီချင်းစာပိုဒ်ကတော့ “I worked my whole life, just to get high, just to realize, everything I need is on the ground.” ဖြစ်ပါတယ်တဲ့။ဆက်လက်ပြီး “On The Ground” သီချင်းဟာ သူမအကြိုက်နှစ်သက်ဆုံး သီချင်းဖြစ်ပြီး သူမဘဝအကြောင်းအရာနဲ့ ဘယ်လိုဆက်စပ်နေတယ် ဆိုတာခုလို ပြောပြခဲ့ပါတယ်။

“ဒီသီချင်းကို ကြိုက်တယ်ဆိုတာဟာ ကျွန်မဘဝဖြစ်အင်နဲ့ လိုက်ဖက်နေလို့ပါ။ Trainee စ ဆင်းတဲ့အချိန်ကစပြီး ကျွန်မရဲ့အိပ်မက်မျှော်လင့်ချက်တွေ ပြည့်ဖို့ တနေ့ထက် တနေ့ ပြေးလွှားရုန်းကန်ခဲ့ရတယ်။ ရံဖန်ရံခါမှာ ကျွန်မရဲ့ ရည်ရွယ်ချက်တွေနဲ့ ပက်သက်ပြီး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ခဲ့တာတွေရှိတယ်။

ဒီသီချင်းစာသားတွေဟာ တကယ်ကို ကျွန်မအကြောင်းအရာတွေ ကောင်းကောင်း ဖော်ပြထားတာပါ။ ဒီသီချင်းကနေပြီး တခုခု လေ့လာသင်ယူနိုင်မယ်လို့လည်း ထင်ပါတယ်” MV ထဲက ပါတဲ့ Scene တစ်ခုကတော့ အဓိပ္ပာယ်ပြည့်ဝလွန်းလို့ ပရိသတ်တွေ Heart ထိခဲ့တဲ့ အထိပါဘဲ။

သူမရဲ့ အိပ်မက်တွေ အမြင့်ဆုံးရောက်အောင် ကြိုးစားနေတဲ့ Trainee ကောင်မလေး ROSEANNE ဟာ Piano တီးနေပြီး အမြင့်တနေရာမှာ ခုအောင်မြင်နေတဲ့ Rosé က ကြိုးစားခဲ့သမျှ အရာထင်ခဲ့လို့ ပြုံးပြီးကြည့်နေတဲ့ scene ဖြစ်ပါတယ်။ MV လေးဟာ အနှစ်သာရ ပြည့်စုံသလို Rosé ရဲ့ visual ကိုလည်းတဝကြီး ကြည့်ရှုရတာမို့ Blink တွေ အရမ်းကျေနပ်နေမယ်လို့ ထင်ပါတယ်။

Source: Koreaboo
Written : Violet

Share