EXO’s Kai တစ်ယောက် BLACKYAK brand နဲ့လက်တွဲပြီး ဘယ်လိုအမိုက်စားပုံတွေ ရိုက်ကူးခဲ့သလည်းဆိုတော့

Global outdoor brand ဖြစ်တဲ့ “BLACKYAK”ဟာ BCC collection အတွက် EXO အဖွဲ့ဝင် Kai နဲ့ ရိုက်ကူးခဲ့တဲ့ ပုံပေါင်းမြောက်များစွာကို မကြာသေးမှီက ထုတ်ပေးခဲ့ပါတယ်။ BCC collection မှာဆိုရင် ခေတ်မှီပြီး ပေါ့ပေါ့ပါးပါးဖြစ်တဲ့ တောင်တက်ဝတ်စုံတွေ မိတ်ဆက်ထားပါတယ်။

ဒီ BCC or BLACKYAK Climbing Crew အတွက် Kai ကို model အဖြစ် ရွေးချယ်ခဲ့တာဟာ ဒီအဝတ်အစားတွေနဲ့သာဆို ရဲရင့်တည်ကြည်ပြီး အလန်းစား style ဖြစ်လာမယ်ဆိုတာမျိုး ချပြချင်လို့ဖြစ်ပါတယ်ဟုလည်း အင်တာဗျူးမှာ ဆိုထားခဲ့ပါတယ်။

Kai ကို ခေါင်းစွပ်ပါ မိုးကာလေကာ အနွေးအပေါ်အင်္ကျီ ၊ အမိုက်စားဘောင်းဘီတို့ကို ဆင်ယင်ပေးထားပြီး Kai ကိုယ်တိုင်ကလည်း Charisma အပြည့်နဲ့ pose ပေးထားတော့ သူတို့လိုချင်တဲ့ပုံစံဖြစ်တဲ့ စွန့်စားခန်း ရှာဖွေထွက်ရှိတော့မဲ့ Climber ပုံစံနဲ့ ကွက်တိပါဘဲ။

Kai ရဲ့ အရပ်ဟာ ရှည်လျားလှတဲ့အပြင် Body structure ကပါ မိုက်ပြီး ယောကျာ်းပီသတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် ခုရိုက်ကူးထားတဲ့ ပုံတိုင်းလိုလိုဟာ အမိုက်စား ဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ငယ်ရွယ်တက်ကြွတဲ့ မျိုးဆက်လူငယ် တောင်တက်သမားတွေအတွက် Kai ရဲ့ ဒီ ဓာတ်ပုံ collection ဟာ Fashion style Guide ဖြစ်နေမှာပါ။

Source: Allkpop
Written: Violet
Photo Credit: BLACKYAK

Share