EXO အဖွဲ့ဝင် Baekhyun နဲ့ NCT အဖွဲ့ဝင် Doyoung တို့ တွဲဆိုထားတဲ့ သီချင်းထွက်ရှိလာ

March လ 12 ရက်နေ့မှာတော့ EXO အဖွဲ့က Baekhyun နဲ့ NCT အဖွဲ့က Doyoung တို့ duet တွဲဆိုထားတဲ့ သီချင်းလေးတစ်ပုဒ် ထွက်ရှိလာခဲ့ပါတယ်။ “Doll” ဆိုတဲ့ သီချင်းကို Remake သီဆိုထားတာ ဖြစ်ပြီး မူရင်းသီဆိုထားတဲ့သူတွေကတော့ Lee Ji Ah နဲ့ Shinhwa အဖွဲ့ရဲ့ Shin Hye Sung တို့ဘဲ ဖြစ်ပါတယ်။

Baekhyun နဲ့ Doyoung တို့ဟာ ဒီသီချင်းကို SM entertainment က main vocalist တွေပီပီ cameo မိမိ သီဆိုခဲ့ကြပြီး Behind the scene video မှာလည်း အရမ်းခင်မင်ရင်းနှီးနေကြတာ တွေ့ရမှာပါ။ ခုလို နှစ်ယောက်ပေါင်း သီဆိုပေးခဲ့တာဟာ Stone Music Stone Music Entertainment, KT နဲ့ Genie Music တို့ ပူးပေါင်းထားတဲ့ “Rewind : Blossom” project အတွက် ဖြစ်ပါတယ်။

ဒီ project ဟာ ခုလက်ရှိခေတ်ပေါ် Kpop အနုပညာရှင်တွေက 1990 ခုနှစ်ကနေ 2000 ဝန်းကျင်ထိ ခေတ်စားခဲ့တဲ့ သီချင်းတွေကို ပြန်ဆိုကြမဲ့အစီအစဉ် ဖြစ်ပါတယ်။ သီချင်းပေါင်း ၈ ပုဒ်ပါဝင်မှာ ဖြစ်ပြီး March လ 12 ရက်နေ့နဲ့ 26 ရက်နေ့မှာ ခွဲလွှင့်သွားမှာ ဖြစ်ပါတယ်။

Baekhyun နဲ့ Doyoung တို့အပြင် IZON*E အဖွဲ့၊ Urban Zakapa၊ B1A4 အဖွဲ့ဝင် Sandeul၊ Davichi အဖွဲ့ဝင် Kang Min Kyung၊ Ha Sung Woon, Wonstein, Park Moon Chi,Yu Seung Woo အစရှိတဲ့ အနုပညာရှင်တွေလည်း ဒီ အစီအစဉ်မှာ ပါဝင်သီဆိုထားကြပါတယ်။

Source: Soompi
Written: Violet

Share