Idol တွေရဲ့ Idol ဖြစ်တဲ့ BTS အဖွဲ့ဝင် V ဟာ လူအများရဲ့ စိတ်အာရုံကိုဖမ်းစားနိုင်တာ ဆန်းကြယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Idol တွေတောင်မှ V ရဲ့ fancam တွေကို ကြည့်ပြီး သူ့ရဲ့ ကိုယ်နေဟန်ထား မျက်နှာအမူအရာတွေကို သင်ယူနေကြရတာကို မြင်တွေ့နေကြရလို့ပဲ ဖြစ်ပါတယ်။
V ဟာ သမိုင်းတစ်လျှောက် လူကြည့်အများဆုံး fancam တွေကို ပိုင်ဆိုင်ထားပြီး စံချိန်ချိုးထားတဲ့သူတစ်ဦးဖြစ်ပါတယ်။ V ရဲ့ fancam တွေဟာ 2017 ခုနှစ် 2019 ခုနှစ်နဲ့ 2020 ခုနှစ်တို့ရဲ့ လူကြည့်အများဆုံး fancam တွေအဖြစ် မှတ်တမ်းတင်ခြင်းခံထားရပါတယ်။
‘Black Swan’ သီချင်းနဲ့ V ရဲ့ fancam ဟာ YouTube မှာ ကြည့်ရှုသူပေါင်း ၁၀ သန်းကျော်သွားပြီးနောက်မှာတော့ သူဟာ YouTube ပေါ်မှာ ကြည့်ရှုသူ ၁၀ သန်းကျော်တဲ့ fancam ၇ ခုရှိတဲ့ ပထမဆုံး ယောကျ်ားလေး idol ဖြစ်လာပါတော့တယ်။
V ဟာ K-Pop ယောကျ်ားလေး idol တွေထဲ Facebook ပေါ်မှာ ကြည့်ရှုသူအများဆုံး တရားဝင်နဲ့ တရားမဝင် fancam တွေ အများဆုံး ပိုင်ဆိုင်ထားတဲ့ idol အဖြစ်လည်း စံချိန်တင်ထားပါသေးတယ်။ V ရဲ့ စင်မြင့်ထက်မှာ ထင်ပေါ်မှုကြောင့် fancam တွေရဲ့ ဘုရင်အဖြစ် သူ့ရဲ့ နေရာကို ဆက်လက် ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။
Source : Allkpop
Photo : Pinterest
Written : ZL