က​လေးများနဲ့ လူငယ်​များကို လှူဒါန်းဖို့ ရည်ရွယ်ပြီး album အသစ်တစ်ခုကို ထုတ်​ဝေသွားမယ့် B.I

Xportnews သတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ iKON အဖွဲ့ဝင်​​ဟောင်း B.I ဟာ ‘Midnight Blue’ album ကို မတ်လ ၁၉ ရက်​နေ့မှာ ထုတ်​ဝေဖြန့်ချီသွားမယ်လို့ သိရှိရပါတယ်။ ဒီ album ဟာ သာမန် album မဟုတ်ပဲ ရန်ပုံ​ငွေရှာတဲ့ album တစ်ခုဖြစ်ပြီး album က ရရှိလာမယ့် ​ရောင်းချ​ငွေ၊ အမြတ်နဲ့ မူပိုင်ခွင့် အဖိုးအခ​တွေ အားလုံးကိုက​လေးသူငယ်​တွေနဲ့ လူငယ်လူရွယ်​တွေအတွက် လိုအပ်​နေတဲ့ ​နေရာ​တွေမှာ ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။

ထို album မှာ B.I ရဲ့ Soundcloud က သီချင်း​တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ထို့အပြင် မတ်လ ၁၅ ရက်​နေ့က B.I ရဲ့ လက်ရှိ ​အေဂျင်စီဖြစ်တဲ့ 131 Label ရဲ့ Youtube Channel က​နေ ‘Midnight Blue’ ရဲ့ Teaser ကို ပရိသတ်​တွေထံ မျှ​ဝေခဲ့​ပါတယ်။ ထို Teaser ကလည်း တခြား Music Video ​တွေရဲ့ Teaser နဲ့ မတူပဲ အရမ်းကို ထူးခြားလို့​နေပါတယ်။

ဘာလို့လဲဆို​တော့ ဗီဒီယိုထဲမှာ animation ဇာတ်​ကောင်ကိုသာ အသုံးပြုထားပြီး B.I ကို ကိုယ်စားပြုတယ်လို့ ထင်ရတဲ့ ကောင်​လေးတစ်​ယောက်က ​ခြေဟန်လက်ဟန်နဲ့ တစ်စုံတစ်ခုကို ​ပြောပြ​နေခဲ့ပါတယ်။ ထို​သို့ ခြေဟန်လက်ဟန်နဲ့ ​ပြောတဲ့ စကားကို ဘာသာပြန်ကြည့်လိုက်တဲ့အခါမှာ​​တော့ “Midnight Blue သီချင်းဟာ ဆိတ်ငြိမ်တဲ့ စန္ဒယားသံစဉ်နဲ့ ​နွေး​ထွေးတဲ့ vocal tone တို့ ​ပေါင်းစပ်ထားပြီး နားဆင်သူ​တွေကို ​နွေး​ထွေးတဲ့ ​ထွေး​ပွေ့မှု ​ပေးစွမ်းနိုင်မယ့် သီချင်းဖြစ်ပါတယ်။

​’မှောင်မိုက်တဲ့ညမှာ မင်းရဲ့ နှလုံးသားကို ​စောင်ခြုံထား​ပေးမယ်’ ဆိုတဲ့ စာသားလိုပဲ တစ်​ယောက်တည်း စိတ်ဒဏ်ရာ​တွေကို ကြိတ်ခံစား​နေရတဲ့သူ​တွေအတွက် ဒီသီချင်း​လေးဟာ နှစ်သိမ့်မှုဖြစ်​စေလိမ့်မယ်လို့ ​မျှော်လသ့်ပါတယ်” လို့ အဓိပ္ပါယ်ရပါတယ်။

B.I ဟာ အကြားအာရုံ ချို့တဲ့​နေတဲ့ ပုဂ္ဂိုလ်တွေအတွက်ပါ ထည့်သွင်းစဉ်းစားပြီး ခုလို ထူးခြားဆန်းသစ်တဲ့ Teaser တစ်ပုဒ်ကို ဖန်တီးခဲ့ပုံရပါတယ်။ မတ်လ ၁၉ ရက်​နေ့မှာ ထွက်ရှိလာမယ့် Music Video ကိုလည်း ဘယ်လို စိတ်ကူးစိတ်သန်း​တွေနဲ့ ဖန်တီးထားပြီး ‘Midnight Blue’ album နဲ့ ပရိသတ်​တွေကို ​​ဘယ်လို နွေး​ထွေးတဲ့ နှစ်သိမ့်မှု​တွေ ​ပေးဦးမလဲဆိုတာကို​တော့ ဆက်လက်​စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Source : Soompi
Photo : Pinterest
Written : ZL

Share