မတ်လ ၂၂ ရက်နေ့မှာ အဆိုတော် Park Bom ရဲ့ အေဂျင်စီဖြစ်တဲ့ D-Nation Entertainment က အတွင်းလူတစ်ဦးရဲ့ ပြောကြားချက်အရ Park Bom ဟာ သူမရဲ့ single album အသစ်ဖြစ်တဲ့ ‘DoReMiFaSol’ ကို မတ်လ ၃၁ ရက်နေ့မှာ ထုတ်ဝေဖြန့်ချီသွားမယ်လို့ သိရှိရပါတယ်။
‘DoReMiFaSol’ ဟာ ၂၀၁၉ ခုနှစ် မေလတုန်းက ထွက်ရှိခဲ့တဲ့ ‘re: BLUE ROSE’ album ထွက်ရှိပြီးနောက် ၂ နှစ်ခန့်ကြာမှ တရားဝင် ထပ်မံထွက်ရှိမယ့် album အသစ် ဖြစ်ပါတယ်။ Park Bom ဟာ သူမရဲ့ သီချင်းအသစ်ကို အသံသွင်းနေပုံကို tvN ရုပ်သံလိုင်းရဲ့ ‘On and Off’ အစီအစဉ်မှာ အနည်းငယ် ဖော်ထုတ်ပြသခဲ့ပါသေးတယ်။
2NE1 အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Park Bom ဟာ ၂၀၁၉ ခုနှစ်မှာ solo artist အနေနဲ့ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် Sandara Park ပါဝင်သီဆိုပေးထားတဲ့ ‘Spring’ နဲ့ MAMAMOO အဖွဲ့ဝင် Wheein ပါဝင်သီဆိုထားတဲ့ ‘4:44’ တို့လို သီချင်းတွေနဲ့ ကမ္ဘာတစ်လွှားက music chart တွေနဲ့ iTunes chart တွေရဲ့ ထိပ်ပိုင်းနေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
သူမရဲ့ အေဂျင်စီက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ပရိသတ်တွေက အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတာကြောင့် Park Bom ဟာ ကောင်းမွန်တဲ့ဂီတကို ပရိသတ်တွေကို မျှဝေနိုင်ဖို့ အင်အားအများကြီး စိုက်ထုတ်ထားပါတယ်။
‘DoReMiFaSol’ ကို အများကြီး စိတ်ဝင်စားပြီး ချစ်ပေးကြပါလို့” ပြောထားပါတယ်။ Park Bom ရဲ့ သီချင်းအသစ် ‘DoReMiFaSol’ ကို မတ်လ ၃၁ ရက်နေ့ ကိုရီးယား စံတော်ချိန် ညနေ ၆ နာရီမှာ မတူညီတဲ့ သီချင်း streaming sites ပေါင်းစုံကနေ တစ်ပြိုင်နက် ဖြန့်ချီသွားမှာဖြစ်ပါတယ်။
Source : Soompi
Photo : Twitter
Written : ZL