CUBE Entertainment နဲ့ စာချုပ်ချုပ်ဆိုလိုက်ပီ ဖြစ်တဲ့ BTS J-Hope ရဲ့ အစ်မ

မကြာသေးမီက ပရိသတ်တွေဟာ BTS J-Hope ရဲ့ အစ်မကို CUBE Entertainment ရဲ့ website မှာ ဖော်ပြထားတာကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် J-Hope ရဲ့ အစ်မ Jung Jiwoo ဟာ CUBE Entertainment နဲ့ လက်တွဲလိုက်ပီလားဆိုတဲ့ မေးခွန်းများ ထွက်ပေါ်လာခဲ့ပါတယ်။

ယခုဆိုရင်တော့ CUBE Entertainment မှ လည်း ဒီသတင်းကို အတည်ပြုပေးခဲ့ပါတယ်။ CUBE Entertainment ကတော့ J-Hope ရဲ့ အစ်မလို့လည်း လူသိများတဲ့ Influencer တစ်ယောက်အနေနဲ့လည်း လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ Jung Jiwoo နဲ့ တရားဝင် စာချုပ် ချုပ်ဆိုလိုက်ပီလို့ အတည်ပြုပေးခဲ့တာပါ။

Jung Jiwoo ကတော့ Influencer နဲ့ Youtuber တစ်ယောက်ပါ။ ဒါတင်သာမက စီးပွါးရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ “FUN THE MENTAL” လို့အမည်ရတဲ့ မျက်မှန် brand, “MEJIWOO” internet shopping mall နဲ့ “AJLOOK” လို့အမည်ရတဲ့ ဖက်ရှင် ကုမ္ပဏီတို့ရဲ့ CEO တစ်ယောက်လည်း ဖြစ်ပါတယ်။

CUBE Entertainment ကတော့ Jung Jiwoo နဲ့လက်တွဲမှုကို ဒီလိုပဲ ပြောသွားခဲ့ပါတယ်။ “မင်္ဂလာပါ။ CUBE Entertainment ဖြစ်ပါတယ်။ အခုဆိုရင်တော့ Influencer Jung Jiwoo နဲ့ တရားဝင် လက်တွဲစာချုပ်ချုပ်ဆိုထားပီး ဖြစ်ပြီး၊ Jung Jiwoo ဟာ CUBE Entertainment ရဲ့ မိသားစုဝင် တစ်ယောက် ဖြစ်လာပါပီ။

Jung Jiwoo ကတော့ ဖက်ရှင် ကုမ္ပဏီ “AJLOOK”, “MEJIWOO” internet shopping mall နဲ့ “FUN THE MENTAL” မျက်မှန် တံဆိပ် တို့ရဲ့ CEO တစ်ယောက်ဖြစ်တဲ့အပြင် Influencer နဲ့ Youtuber တစ်ယောက်ပါ။

CUBE Entertainment နဲ့ Jung Jiwoo တို့ ဘယ်လိုတွေ ပူးပေါင်းလုပ်​ပေါင်းလုပ်ဆောင်သွားမလဲ ဆိုတာနဲ့၊ Jung Jiwoo ရဲ့ စိန်ခေါ်မှုအသစ်တွေကို ဘယ်လိုပုံဖော်သွားမလဲဆိုတာ စိတ်ဝင်တစားနဲ့ အားပေးပေးကြဖို့ မျှော်လင့်ပါတယ်” လို့ CUBE Entertainment မှ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Source: Koreaboo
Photo: Naver
Written: Gyi Gyi

Share