မတ်လအတွက် ​တောင်ကိုရီးယားတွင် နာမည်အ​ကျော်ကြားဆုံး မိန်းက​လေးအဖွဲ့များ စာရင်းထုတ်ပြန်

တောင်ကိုရီးယားနိုင်ငံ စီးပွား​ရေး သု​တေသန အဖွဲ့အစည်းက မတ်လ ၁၄ ရက်​နေ့မှာ ယခုလအတွက် နာမည်အ​ကျော်ကြားဆုံး မိန်းက​လေးအဖွဲ့​တွေကို စာရင်းပြုစုပြီး အဆင့်အလိုက် ထုတ်ပြန်​ကြေငြာခဲ့ပါတယ်။ အဆင့်​တွေကို ​ဖေ​ဖော်ဝါရီလ ၁၄ ရက်​နေ့က​နေ မတ်လ ၄ ရက်​နေ့အထိ ​ကောက်ယူရရှိထားတဲ့ အချက်အလက်​တွေ​ပေါ်မှာ မူတည်ပြီး ပရိသတ်​တွေရဲ့ ပါဝင်မှု၊ မီဒီယာတွင် ​ဖော်ပြခံရမှု၊ အနုပညာလှုပ်ရှားမှုနဲ့ အနုပညာအသိုင်းအဝိုင်းရဲ့ ညွှန်းကိန်း​တွေ​ကို ပြန်လည်တွက်ချက်ကာ သတ်မှတ်ထားတာဖြစ်ပါတယ်။

BLACKPINK အဖွဲ့က​တော့ ညွှန်းကိန်း 3,672,760 နဲ့ ယခုလမှာလည်း ထိပ်ဆုံး​နေရာကို ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။ Brave Girls အဖွဲ့က​တော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Rollin” သီချင်းက မကြာမီကမှ ​တစ်ဖန်ပြန်လည် ​လူကြိုက်များ ​ရေပန်းစားလာခဲ့ပြီး သူတို့ရဲ့ နာမည်​ကျော်ကြားမှုကလည်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။

ထို့​ကြောင့် ညွှန်းကိန်း 3,556,213 နဲ့ မတ်လရဲ့ ​စာရင်းမှာ ဒုတိယ​နေရာကို ရရှိခဲ့ပါတယ်။ IZ*ONE အဖွဲ့က​တော့ ညွှန်းကိန်း 2,648,050 နဲ့ တတိယ​နေရာမှာ ရပ်တည်​ခဲ့ပါတယ်။ ဒီလအတွက် နာမည်အ​ကျော်ကြားဆုံး မိန်းက​​လေးအဖွဲ့ ၃၀ က​တော့ ​အောက်ပါအတိုင်းဖြစ်ပါတယ်။

  • 1. BLACKPINK
  • 2. Brave Girls
  • 3. IZ*ONE
  • 4. (G)I-DLE
  • 5. MAMAMOO

  • 6. TWICE
  • 7. Red Velvet
  • 8. Oh My Girl
  • 9. GFRIEND
  • 10. Girls’ Generation

  • 11. Dreamcatcher
  • 12. LOONA
  • 13. ITZY
  • 14. aespa
  • 15. Apink

  • 16. Lovelyz
  • 17. Weekly
  • 18. WJSN
  • 19. TRI.BE
  • 20. EXID

  • 21. MOMOLAND
  • 22. PIXY
  • 23. Rocket Punch
  • 24. LABOUM
  • 25. fromis_9

  • 26. STAYC
  • 27. APRIL
  • 28. Girl’s Day
  • 29. ELRIS
  • 30. Weki Meki

Source : Soompi
Photo : Pinterest
Written : ZL

Share