ဗီဒီယိုထဲမှာ ၄ စက္ကန့်မျှ ပါဝင်ရုံနဲ့ $537 တန် ရှပ်အင်္ကျီကို ​​ရောင်းကုန်​အောင် လုပ်နိုင်ခဲ့တဲ့ Jimin

BTS အဖွဲ့ဝင် Jimin ဟာ မတ်လ ၂၂ ရက်​နေ့က Hyundai ရဲ့ ‘ကမ္ဘာ့​ရေအထိမ်းအမှတ်​နေ့’ ဗီဒီယိုမှာ ပါဝင်ခဲ့ပါတယ်။ ထိုဗီဒီယိုထဲမှာ BTS အဖွဲ့ဝင်အားလုံး ပါဝင်ခဲ့ပြီး Jimin က​တော့ “သင့်အတွက်​ ရေဟာ ဘယ်လိုအဓိပ္ပါယ်လဲ?” လို့ ပရိသတ်​တွေကို ​မေးပြီး ဗီဒီယိုကို အဆုံးသတ်ထားပါတယ်။

သူဟာ ဗီဒီယိုထဲမှာ ၄ စက္ကန့်မျှသာ ပါဝင်ခဲ့​​သော်လည်း ပရိသတ်​တွေဟာ Jimin ရဲ့ ဖက်ရှင်ကို ချက်ချင်းပဲ သတိထားမိပြီး မျက်စိကျခဲ့ပါတယ်။ Jimin ဟာ ဗီဒီယိုထဲမှာ အဖြူ​ရောင်တီရှပ်​ပေါ်က အနီ​ရောင်အကွက်နဲ့ ရှပ်အင်္ကျီလက်ရှည်ကို ထပ်ဝတ်ထားပြီး သူ့ရဲ့ ခန့်ညား​ကျော့ရှင်းမှုဟာ ရိုးရှင်းတဲ့ ဝတ်စားဆင်ယင်မှုနဲ့ ​ပေါင်းစပ်လိုက်တဲ့အခါ ပိုပြီး ​ပေါ်လွင်နေခဲ့ပါတယ်။

ထို့​​ကြောင့် ပရိသတ်အချို့က ရှာ​ဖွေမှု​တွေကို ပြုလုပ်ပြီး​နောက် ထိုရှပ်အင်္ကျီဟာ ​လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်​တွေနဲ့ နာမည်ကြီးတဲ့ R13 ဆိုတဲ့ တန်ဖိုးမြင့် brand ကဖြစ်တယ်ဆိုတာကို သိရှိခဲ့ကြရပါတယ်။ ထိုအနီအကွက်နဲ့ ရှပ်အင်္ကျီဟာ ကိုရီးယားဝမ် ၆၀၃,၅၀၀ (အ​မေရိကန်​ဒေါ်လာ ၅၃၇) တန်ဖိုးရှိပြီး ငယ်ရွယ်​သေးတဲ့ ပရိသတ်အများစုအတွက်​တော့ ​စျေးကြီးလွန်းလှပါတယ်။

သို့​​သော်လည်း Jimin ရဲ့အဝတ်ဗီဒိုထဲမှာရှိတဲ့ အင်္ကျီနဲ့ ဆင်တူအင်္ကျီကို ပိုင်ဆိုင်ရဖို့အတွက်​တော့ ပမာဏမြင့်တဲ့ ​စျေးနှုန်းက ARMY ကို မတားဆီးနိုင်ခဲ့ပါဘူး။ အခုချိန်မှာဆိုရင်​တော့ R13 website မှာရှိသမျှ ပုံစံတူအင်္ကျီ​တွေအားလုံးဟာ ​ရောင်းကုန်သွားပြီဖြစ်ပါတယ်။ ယခင်ကလည်း Jimin ဟာ တန်ဖိုးကြီး Louis Vuitton ထုတ်ကုန်​တွေကို ဝတ်ဆင်သုံးစွဲပြပြီး​နောက် ထိုပစ္စည်း​တွေကို ​​ပစ္စည်းပြတ်တဲ့အထိ ရောင်းကုန်​အောင် လုပ်နိုင်ခဲ့ပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL

Share