အလုပ်တူတူတွဲလုပ်ခဲ့ဖူးတဲ့ ဝန်ထမ်းတစ်ယောက်က ဖော်ထုတ်လိုက်တဲ့ BTS ရဲ့ နှိမ့်ချရိုင်းပင်းတတ်တဲ့ စိတ်ထား

BTS အဖွဲ့ရဲ့ ပရိတ်သတ်တွေကတော့ BTS အဖွဲ့ဝင်တွေရဲ့ နှိမ့်ချတတ်ပီး ရိုင်းပင်းကူညီတတ်တဲ့ စိတ်ထားလေးကို သိပြီးသားဖြစ်မှာပါ။ ခုဖော်ပြသွားမယ့် BTS နဲ့ အတူတူ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ဝန်ထမ်းတစ်ယောက်က ပြောပြထားတဲ့ ဒီဇာတ်လမ်းလေး ဖတ်ကြည့်တဲ့အခါ ပိုလို့တောင် BTS ရဲ့ အပြုအမူလေးတွေကို သဘောကျသွားပါလိမ့်မယ်။

ARMY တစ်ယောက်ဟာ Youtube မှ video ကြည့်နေစဉ် comment တစ်ခုကို တွေ့ရှိခဲ့တာပါ။ Comment ရေးသားခဲ့သူကတော့ BTS နဲ့ ရိုက်ကူးရေးတစ်ခုမှာ ဆုံတွေ့ခဲ့ဖူးတဲ့သူတစ်ယောက်ပါ။ “၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာတော့ ကျွန်တော်ဟာ Tokopedia ကြေညာရိုက်ကွင်းအတွက် ထုတ်လုပ်ရေးမှာ တစ်ရက်တာ အချိန်ပိုင်းအလုပ်လုပ်ခဲ့ပါတယ်။

BTS အဖွဲ့ဝင်တွေဟာ အရမ်းအလုပ်များတဲ့အတွက် ရိုက်ကူးရေးကို Set A နဲ့ Set B ဆိုပီး နှစ်ပိုင်းခွဲ ခဲ့ကြပါတယ်။ ကျွန်တော်ကတော့ Set B မှာ လုပ်ခဲ့တာပါ။ Set B ကတော့ တကယ့်ကြေညာမှာ တိုက်ရိုက်ပါမယ့်အပိုင်းတွေ ရိုက်ကူးတာမဟုတ်ပဲ၊ ရိုက်ကူးရေးအတွက် နောက်မှဖြည့်သွင်းဖို့ အပိုင်းဖြတ် တွေ ရိုက်ကူးတာပဲ ဖြစ်ပါတယ်။

BTS အဖွဲ့ဝင်တွေဟာ အရမ်း အလုပ်များတဲ့အတွက် ရိုက်ကူးချိန်ကို မြန်မြန်ပီးနိုင်ဖို့ ကျွန်တော်နဲ့ အခြား တစ်ယောက်က Set A မှာ ရိုက်ကူးနေတဲ့ BTS အဖွဲ့ဝင်တွေ ကိုယ်စား လူစားထိုးအနေနဲ့ High five လုပ်တာတွေ၊ ပုခုံး​ပေါ် လက်တင်တဲ့ နေရာတွေမှာ အစားထိုး လုပ်ခဲ့ရတာပါ။

ဒါရိုက်တာက BTS အဖွဲ့ဝင်တွေကို “ခု ဒီလူနဲ့ High five” လုပ်ပေးပါ။ ဒီပုခုံးပေါ် လက်တင်ပေးပါ။ ပီးမှ အခြား member အနေနဲ့ edit ပြန်လုပ်ပြီး ဆက်လိုက်မယ်” အစရှိသဖြင့် လမ်းညွှန်ပြတဲ့ အခါတိုင်း BTS အဖွဲ့ဝင်တွေဟာ ကျွန်တော့်ကို ဦးညွှတ်တာတွေ၊ ကျွန်တော်နဲ့ လက်ဆွဲနှုတ်ဆက်တာတွေ လုပ်ပီး “ကျေးဇူးတင်ပါတယ်” လို့ လေးလေးနက်နက် ပြောဆိုခဲ့ပါတယ်။

အထူးသဖြင့် V ဟာ ရိုက်ကူးရေးမစခင် ရိုက်ကွင်းက ဝန်ထမ်းတွေကို ဖော်ဖော်ရွေရွေ အမြဲနှုတ်ဆက်လေ့ရှိပြီး ဒါဟာ ကျွန်တော်တို့အတွက် တကယ်အမှတ်ရစရာပါပဲ။ ကျွန်တော်ဟာ လူစားထိုးအနေနဲ့ High five အကြိမ်ပေါင်းများစွာ လုပ်ခဲ့ရတဲ့အတွက် လက်အနည်းငယ်နာလာခဲ့တဲ့ အခါမှာတော့ BTS အဖွဲ့ဝင်တွေဟာ နွေးနွေး​ထွေးထွေးနဲ့ “လက်တွေနာနေပီမလား၊ အားနာလိုက်တာ၊ ခဏပဲ သည်းခံပေးပါနော်” လို့ ပြောခဲ့တာဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို မေ့မရပါပဲ။

ကျွန်တော်က သူတို့ရဲ့ နားနေခန်းကိုလည်း မှာထားတဲ့ ကြက်ကြော်သွားပို့ပေးခဲ့ရပါသေးတယ်။ ကြက်ကြော်သွားပို့ တဲ့ အခါမှာတော့ J-Hope က “Yo-Chicken လာပီပဲ၊ ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့တာဟာ အလုပ်ပင်ပန်းနေတဲ့ ကျွန်တော့်အတွက် အားတစ်ခုပါပဲ။

ရိုက်ကူးရေး အားလုံးပီးသွားတဲ့ အခါမှဋတော့ ကျွန်တော်ဟာ သိမ်းဆည်းတံမြက်စည်းလှည်းတာ လည်း လုပ်ခဲ့ရပါတယ်။ ကျွန်တော် သန့်စင်ခန်းမှာ ကြမ်းပြင်သုတ်နေတဲ့အချိန် Jungkook ဟာ သန့်စင်ခန်းထဲ ဝင်လာခဲ့ပါတယ်။ ကျွန်တော့်လို သာမာန်ဝန်ထမ်းတစ်ယောက်အနေနဲ့ Jungkook လို World star တစ်ယောက်ကို စကားပြောလို့ ကောင်းပါ့မလားလို့ တွေးနေခဲ့ပါတယ်။

ဒီအချိန်မှာပဲ Jungkook ကကျွန်တော့်ကို သေချာ ဦးညွှတ်ပီးတော့ “ဒီနေ့အရမ်းပင်ပန်းခဲ့မှာပဲ။ ကျေးဇူးတင်ပါတယ်။” လို့ ပြောခဲ့ပါတယ်။ ကျွန်တော်လည်း အရမ်းအံ့အားသင့်သွားပီး “Ah~ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ။ ကောင်းမွန်တဲ့ နေ့တစ်နေ့ ဖြစ်ပါစေ” လို့ ပြန်ပြောခဲ့ပါတယ်။ Jungkook က ကျွန်တော့်ကို ပြုံးပြပြီး “တနေ့တာတော့ ကောင်းကောင်းပြီးသွားခဲ့ပါပီ။ ကျေးဇူးတင်ပါတယ်။

ကောင်းမွန်တဲ့ နေ့လေးဖြစ်ပါစေ” လို့ ပြန်ပြောခဲ့ပြီး သန့်စင်ခန်းထဲကနေ နှုတ်ဆက် ထွက်သွားခဲ့ပါတယ်။ World star ဖြစ်တဲ့ BTS အဖွဲ့ဟာ ကျွန်တော့်လို အချိန်ပိုင်း အလုပ်သမားပေါ်မှာတောင် လေးလေးစားစား ဆက်ဆံခဲ့တာပါ။ တကယ့်ကို လေးစားစရာကောင်းပြီး အံ့ဩစရာကောင်းတဲ့တဲ့ လူတွေပါပဲ” လို့ BTS အဖွဲ့နဲ့ အလုပ်တူတူတွဲလုပ်ခဲ့တဲ့ ဝန်ထမ်းတစ်ယောက်က ထုတ်ဖော်ပြောသွားခဲ့တာပါ။

ကြီးကျယ်တဲ့အောင်မြင်မှုတွေ များစွာ ရထားတာတောင် ဒီလို နှိမ့်ချတတ်တဲ့ စိတ်ထားလေးတွေရှိတဲ့ BTS ကတော့ အချစ်တွေအားလုံးနဲ့ ထိုက်တန်တဲ့ လူသားလေးတွေပါပဲ။ ပိုပို အချစ်ခံ အောင်မြင်မှုတွေရနေမှာ အသေအချာပါပဲ။

Source: Koreaboo
Photo: BTS_Bighit
Written: Gyi Gyi

Share