မတ်လ ၂၄ ရက်နေ့မှာ BTS ဟာ tvN ရုပ်သံလိုင်းရဲ့ ‘You Quiz On The Block’ အစီအစဉ်မှာ အထူးဧည့်သည်အနေနဲ့ ပါဝင်ခဲ့ပြီး သူတို့ရဲ့ သင်တန်းသား ဘဝတုန်းက အကြောင်းတွေနဲ့ သူတို့ရဲ့ ပရိသတ် ARMY တွေအပေါ်ထားတဲ့ သံယောဇဉ်အကြောင်းကို ပြောပြခဲ့ကြပါတယ်။ ထိုအစီအစဉ်မှာ BTS အဖွဲ့ရဲ့ ပရိသတ်တွေက BTS ကို အလွန်ထူးခြားတဲ့ လက်ဆောင်တစ်ခုပေးခဲ့ပါတယ်။
အဲ့ဒါကတော့ ထိုအစီအစဉ်မှာ ကြော်ငြာထည့်သွင်းမယ့် အချိန်တွေကို ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။ အစီအစဉ်ကို ရိုက်ကူးနေတဲ့ အချိန်အတွင်းမှာ ထုတ်လုပ်ရေးအဖွဲ့က BTS ရဲ့ fan club တစ်ခုကနေ ’You Quiz On The Block’ အစီအစဉ်မှာ ထည့်သွင်းမယ့် ကြော်ငြာချိန်တွေ အားလုံးကို ဝယ်ယူလိုက်တဲ့အကြောင်း MC တွေနဲ့ BTS အဖွဲ့ဝင်တွေကို ပြောပြခဲ့ပါတယ်။
ပုံမှန်အားဖြင့် ကြော်ငြာတွေကို ထုတ်လွှင့်ဖို့ အစီအစဉ်ကို ခေတ္တနားပြီးမှ ပြန်လည်ထုတ်လွှင့်ရပါတယ်။ ဒါပေမဲ့ BTS ရဲ့ ပရိသတ် ARMY တွေက ကြော်ငြာချိန်တွေကို ဝယ်ယူလိုက်တဲ့အတွက် အစီအစဉ်ကို ကြားမှာ ခေတ္တနားတာမျိုး မရှိတော့ပဲ ပရိသတ်တွေအနေနဲ့ အစီအစဉ်ကို ကြော်ငြာမပါပဲ ဆက်တိုက်ကြည့်ရှုလို့ ရသွားပါတော့တယ်။
အစီအစဉ်တင်ဆက်သူ Yoo Jae Suk က ဒီသတင်းကို ကြားကြားချင်းမှာပဲ အရမ်းအံ့အားသင့်သွားကာ ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး BTS ပရိသတ်တွေရဲ့ အထူးလက်ဆောင်အတွက် သူတို့ကို အရိုအသေပေးခဲ့ပါတယ်။ BTS အဖွဲ့ဝင်တွေတောင်မှ ဒီကိစ္စကို ကြားသိပြီး မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ BTS တင်မကပဲ သူတို့ ပရိသတ်တွေရဲ့ ပါဝါကလည်း သူမတူအောင် ကြီးမားကြောင်းကို ဒီဖြစ်ရပ်နဲ့ ထပ်ပြီး သက်သေပြလိုက်သလိုပါပဲ။
Source : AllKpop
Photo : Twitter
Written : ZL