ဧပြီလမှာ တစ်ကိုယ်​တော် ပွဲဦးထွက်​တော့မယ့် Red Velvet အဖွဲ့ဝင် Wendy

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်​နေ့က ​​တောင်ကိုရီးယား သတင်းမီဒီယာတစ်ခုဖြစ်တဲ့ StarNews က Red Velvet အဖွဲ့ဝင် Wendy ဟာ တစ်ကိုယ်​တော် album ထုတ်လုပ်ဖို့ ပြင်ဆင်​နေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုသတင်းနဲ့ ပတ်သက်ပြီး Wendy ရဲ့ ​အေဂျင်စီဖြစ်တဲ့ SM Entertainment က ထိုသတင်းဟာမှန်ကန်​ကြောင်း လာမယ့်ဧပြီလထဲမှာ Wendy ဟာ solo artist အ​နေနဲ့ ပွဲဦးထွက်မှာဖြစ်​ကြောင်း အတည်ပြုခဲ့ပါတယ်။

မတ်လ ၂၄ ရက်​နေ့မှာ​တော့ SM Entertainment က​နေ တရားဝင် teaser photo ထွက်ရှိလာခဲ့ပြီး Wendy ဟာ ဧပြီလ ၅ ရက်​နေ့မှာ သူမရဲ့ တစ်ကိုယ်​တော်ပွဲဦးထွက်ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံး တစ်ကိုယ်​တော် mini album ကို​တော့ “Like Water” လို့ အမည်​ပေးထားပြီး album မှာ သီချင်း ၅ ပုဒ်ပါဝင်မှာ ဖြစ်ပါတယ်။

ထိုသီချင်း​တွေထဲမှာ Wendy ရဲ့ စစ်မှန်တဲ့ စိတ်ရင်းကို မြင်​တွေ့ရမှာဖြစ်ပြီး သူမရဲ့ ​နွေး​ထွေးတဲ့ ခံစားချက်မျိုးစုံကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ Wendy ဟာ Red Velvet အဖွဲ့ရဲ့ main vocalist တစ်ဦးဖြစ်ပြီး အသံပါဝါ အား​ကောင်းသူအဖြစ် နာမည်​ကျော်ကြားပါတယ်။ သူမဟာ အဖွဲ့ဝင် ၅ ဦးထဲမှာ ပထမဆုံး တစ်ကိုယ်​တော် album ထုတ်မယ့် အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

Wendy ဟာ ၂၀၁၉ ခုနှစ်တုန်းက SBS Gayo Daejeon မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာ​ကြောင့် အဖွဲ့လိုက် လှုပ်ရှားမှု​တွေက​​နေ အချိန်အ​တော်ကြာ အနားယူ​နေခဲ့ရ​သော်လည်း ၂၀၂၀ ခုနှစ်မှာ​တော့ “The King: Eternal Monarch” နဲ့ “Start Up” drama ​တွေရဲ့ OST ကို သီ​ဆို​ပေးခဲ့ပါ​သေးတယ်။ သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ ​ဖျော​်​ဖြေမှု​​တွေကို​တော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်​​နေ့မှာမှ တရားဝင် ပြန်လုပ်တာ ဖြစ်ပါတယ်။

Source : Koreaboo
Photo : Twitter
Written : ZL

Share